ဂျွန်လော့ခ်![]() ဂျွန်လော့ (အင်္ဂလိပ်: John Locke; FRS (/lɒk/; ၂၉ ဩဂုတ် ၁၆၃၂ – ၂၈ အောက်တိုဘာ ၁၇၀၄) သည် ခေတ်သစ် ဒိဋ္ဌအာရုံယူသိမြင်မှု အမှန်ဝါဒ (Empiricism) နှင့် လစ်ဘရယ်ဝါဒ တို့ကို အခြေခံအုတ်မြစ်ချရာတွင် ရှေ့ဆောင်ပါဝင်ခဲ့သည့် အင်္ဂလိပ်ဒဿန ဆရာတစ်ဦးဖြစ်သည်။ အချို့ ကမူ ဂျွန်လော့ကို ယနေ့ခေတ် လစ်ဘရယ် နိုင်ငံရေးဝါဒ၏ ဖခင်ဟုလည်း ဆိုကြသည်။[၁] သူ၏ နိုင်ငံရေး အတွေးအခေါ်များသည် ဗောလတဲယား၊ ဂျင်းဂျက် ရုဆိုး၊ စကော့ ဉာဏ်အလင်းခေတ် ဒဿနဆရာများနှင့် အမေရိကန်တော်လှန်ရေး အပေါ်တွင် များစွာလွှမ်းမိုးခဲ့ကြောင်း သုံးသပ်ကြသည်။ သူသည် ဖရန့်စစ်ဘေကွန် စခဲ့သော လက်တွေ့ အာရုံယူသိမြင်မှုဝါဒကို တွင်ကျယ်အောင် ရှေ့ဆောင်ခဲ့သူဖြစ်သကဲ့သို့ လူမှုပဋိဉာဉ် အယူအဆပေါ်တွင်လည်း များစွာ လွှမ်းမိုးခဲ့ကြောင်း ဆိုကြသည်။ ဂျွန်လော့၏ စိတ္တဗေဒသီအိုရီကို ယနေ့ခေတ်သစ်ပညာရပ် အယူအဆများဖြစ်သော တစ်ဦးချင်းစီ၏ တကိုယ်ရည်ကွဲပြားထူးခြားမှုအယူအဆနှင့် ကိုယ်ရည်ကိုယ်သွေးအယူအဆများ၏ အစ ဟုလည်းဆိုကြသည်။ ဂျွန်လော့၏ အယူအဆအရ တစ်ဦးချင်းစီ၏ ပုဂ္ဂလိက ထူးခြားမှုဆိုသည်မှာ စိတ်အစဉ်၏ အဆက်မပြတ်ဖြစ်ပေါ်မှုသာ ဟု ဆို၏။ သူ့ အယူအဆအရ စိတ်သည် မွေးဖွားစ ကာလက ဗလာကျင်းသော အခြေနေတစ်ခု သာ ဖြစ်၍ အသိပညာ ဗဟုသုတမှန်သမျှသည် တိုက်ရိုက်အာရုံယူမှတ်သားမှုမှ တဆင့်သာဖြစ်ပေါ်ရ၏ ဟု ဆိုပေသည်။ ယနေ့ခေတ်တွင် ဤကဲ့သို့ အယူဝါဒမျိုးကို ဒိဋ္ဌ အာရုံယူသိမြင်မှု အမှန်ဝါဒ (Empiricism) ဟုခေါ်ကြသည်။[၂] စာပေလက်ရာများအောက်ပါတို့မှာ ဂျွန်လော့၏ ထင်ရှားသော ကျမ်းစာအုပ်အချို့ ဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia