ဂျွန် လင်နွန်
ဂျွန် ဝစ်စတန် အိုနို လင်နွန် (အင်္ဂလိပ်ဘာသာဖြင့် - John Winston Ono Lennon) (၉ အောက်တိုဘာ ၁၉၄၀ - ၈ ဒီဇင်ဘာ ၁၉၈၀) သည် အင်္ဂလိပ်လူမျိုး တေးရေးနှင့်အဆိုတော်တစ်ဦးဖြစ်သည်။ အင်္ဂလိပ် ရော့ခ်တီးဝိုင်း သည် ဘိတယ်လ်စ် (The Beatles) တွင် ဂီတာတီးခတ်ရင်း သီချင်းလည်းသီဆိုကာ အောင်မြင်ကျော်ကြားလာခဲ့သည်။ သည်ဘီတယ်လ်စ် တီဝိုင်း အနားယူခဲ့သည် ၁၉၇၀ နောက်ပိုင်းတွင် သူ နှင့် ဇနီးသည် ယိုကို အိုနို တို့လည်း အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ သူသေဆုံးသည့် ၁၉၈၀ ခုနှစ်တိုင်အောင် ဂီတလောကတွင် ဆက်လက်ကျင်လည်ခဲ့သည်။ ဂျွန်လင်နွန်အား လီပါပူးလ်မြို့ရှိ လီပါပူးလ်အမျိုးသမီးဆေးရုံတွင် မွေးဖွာခဲ့သည်။ ဖခင် အယ်ဖတ် လင်နွန်နှင့် မိခင် ဂျူနီယာလင်နွန်တို့၏ သားဖြစ်သည်။ ဂျော့ဟယ်ရီဆန်၊ ပေါ်လ် မက်ကာဒ်နီတို့နှင့်အတူ သည် ဘီတယ်လ်စ်တီးဝိုင်းအား လီပါပူးလ်မြို့တွင် တည်ထောင်ခဲ့သည်။ ၎င်းတို့ အဖွဲ့သို့ ရင်ဂို စတားရ် ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းတွင် တဟုန်ထိုးအောင်မြင်ခဲ့ကြသည်။ ၎င်းတို့၏ အလွန်စိတ်ကျေနှပ်စရာကောင်းသည့် တေးဂီတနှင့် သီဆိုဖျော်ဖြေမှုသည် ပရိသတ်အား စိတ်လှုပ်ရှားစေသည်။ မန်နေရာ ဘရိုင်ယန် အပ်စတိန်းနှင့် တေးသံသွင်း ဂျော့မာတင်တို့ကလည်း သည်ဘီတယ်လ်တီးဝိုင်း ဖျော်ဖြေပွဲများတွင် အထူးအောင်မြင်လာစေရန်အတွက် ကူညီပေးခဲ့ကြသည်။
|
Portal di Ensiklopedia Dunia