ငလျင် ပမာဏ စကေးများ![]() ငလျင်ပမာဏ စကေးများ(seismic magnitude scales)ကို ငလျင်တစ်ခု၏ အင်အားစုစုပေါင်း သို့မဟုတ် အရွယ်အစား ကို ဖော်ပြရန်အတွက် အသုံးပြုကြသည်။ ၎င်းတို့သည် ငလျင် ပြင်းအား စကေးများ (seismic intensity scales)ဟုခေါ်သည့် သတ်မှတ်နေရာတစ်ခုတွင် ငလျင်ကြောင့် ဖြစ်ပေါ်လာသော မြေကြီးတုန်လှုပ်ခြင်း၏ ပြင်းထန်မှုကို အမျိုးအစားခွဲသည့် စကေးများနှင့် မတူညီပါ။ ငလျင်တစ်ခု၏ ပမာဏကို ငလျင်တိုင်းဂရပ် (seismogram) တွင် မှတ်တမ်းတင်ထားသည့် ငလျင်လှိုင်းများ၏ အတိုင်းအဆကို အခြေခံ၍ ဆုံးဖြတ်သည်။ ၎င်းငလျင်ပမာဏစကေးများသည် ငလျင်လှိုင်းများ၏ မည်သည့်ရှုထောင့်ကို အသုံးပြုသည် ဟူသောအချက်ကိုသော်လည်းကောင်း၊ မည်သို့တိုင်းတာသည် ဟူသောအချက်ကိုသော်လည်းကောင်း မူတည်ပြီး စကေးတစ်ခုနှင့် တစ်ခု ကွဲပြားခြားနားကြသည်။ ပမာဏစကေးများရစ်ခ်တာ စကေးချားလ်စ် ရစ်ခ်တာ (Charles F. Richter) မှ ၁၉၃၅ ခုနှစ်တွင် တီထွင်ခဲ့ပြီး "ရစ်ခ်တာစကေး" ဟုလူသိများသော ငလျင်ပြင်းအားတိုင်းတာခြင်းအတွက် ပထမဆုံးစကေးသည် အမှန်တကယ်တွင် ဒေသတွင်းပြင်းအားပမာဏစကေးတစ်ခုဖြစ်ပြီး၊ ML သို့မဟုတ် ML ဟုလည်းဖေါ်ပြကြသည်။[၁] ကယ်လီဖိုးနီးယားတောင်ပိုင်းနှင့် နီဗားဒါး၏ ဘူမိဗေဒအခြေအနေအပေါ်တွင် အခြေခံပြီး တီထွင်ထားသော မူရင်း "ရစ်ခ်တာစကေး"သည် ကုန်းမြေမျက်နှာပြင်လက္ခဏာ (continental crust) မတူကွဲပြားမှုကြောင့် နောက်ပိုင်းတွင် မြောက်အမေရိကတိုက်ကြီး၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (ရော့ကီတောင်တန်းများ၏ အရှေ့ဘက်နေရာတိုင်း) ၏ ငလျင်များအတွက် မတိကျကြောင်း တွေ့ရှိခဲ့သည်။[၂] ထိုကြောင့် အခြားစကေးများ တီထွင်ရန် တွန်းအားဖြစ်လာစေခဲ့သည်။ အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ (USGS)ကဲ့သို့သော ငလျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အုပ်စု အများစုက ငလျင်ပြင်းအား ၄.၀ ထက်ကျော်လျှင် ရစ်ခ်တာစကေးအစား လည်ကိန်းပမာဏစကေးကို အသုံးပြုလေ့ရှိကြသည်။[၃](သို့သော်လည်း သတင်းအဖွဲ့အစည်းအချို့က ၎င်းကို ရစ်ခ်တာစကေးအဖြစ် မှားယွင်းဖေါ်ပြတတ်သေးသည်။) မျက်နှာပြင်-လှိုင်းပမာဏ စကေးလည်ကိန်းပမာဏနှင့် စွမ်းအင်ပမာဏ စကေးသောမတ်စ် ဟင့်ခ်စ် (Thomas C. Hanks) and ဟိရိုအို ကနမိုရိ (Hiroo Kanamori)တို့မှ တီထွင်ခဲ့ပြီး၊ Mw သို့မဟုတ် Mw ဟုလည်းဖေါ်ပြကြသည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia