ငှက်သူခိုး

Blue rock thrush
Male M. s. solitarius
Female M. s. solitarius
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Muscicapidae
မျိုးစု: Monticola
မျိုးစိတ်:
M. solitarius
ဒွိနာမ
Monticola solitarius
Range of M. solitarius     Breeding      Resident      Passage      Non-breeding      Vagrant (seasonality uncertain)
Synonyms

Turdus solitarius Linnaeus, 1758

Monticola solitarius solitarius

ငှက်သူခိုး (ဗိုလ်တဲငှက် ဟုလည်းခေါ်) သည် မြေလူးငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည်မှာ မွန်တီကိုလာ ဆိုလီတာရီယပ် ဖြစ်သည်။ ဗိုလ်တဲ၊ မင်းတဲ အစရှိသော အဆောက်အအုံများ၏ ခေါင်မိုးပေါ်တွင် နားနေတတ်သဖြင့် ထိုငှက်ကို ဗိုလ်တဲငှက်ဟူ၍လည်း ခေါ်ကြသည်။

ငှက်သူခိုးသည် အလျား ၉ လက်မရှိသည်။ ငှက်မသည် ငှက်ဖိုထက်ပို၍ အရောင်အဆင်းညိုပြီးလျှင် မွဲခြောက်သည်။ ကိုယ်ကို တည့်မတ်စွာထား၍ အမြီးကို မှန်မှန်မြှောက်ချည်ချချည် လုပ်တတ်သည်။ ငှက်သူခိုး၏အသံသည် ဖားအော်သံနှင့် တူသော်လည်း အလွန်တိမ်၍ ညင်သာသည်။ သစ်သီး၊ သစ်ဖု၊ ပိုးကောင်၊ မွှားကောင်၊ ဖား၊ ခရုတို့မှာ ငှက်သူခိုး၏အစာ ဖြစ်သည်။

ငှက်သူခိုးသည် ကက်စပျန်ပင်လယ်မှ တိဗက်ပြည်နှင့် ဟိမဝန္တာတောင်တန်းများကို ဖြတ်၍ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့အထိ အနှံ့အပြားနေသည်။ ဆောင်းရာသီ၌သာ မြန်မာနိုင်ငံသို့ လာရောက်တတ်ရာ မြန်မာနိုင်ငံတွင် သားပေါက်ကြောင်း ခိုင်လုံစွာ မသိရချေ။[] ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[]


ကိုးကား

  1. BirdLife International (2012). "Monticola solitarius". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  3. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀ 18 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya