စစ်ရေယာဉ် ရန်ငြိမ်းအောင်
စစ်ရေယာဉ် ရန်ငြိမ်းအောင် (ပရောဂျက် ပီဂျီဂျီ ၀၆၃)သည် ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး စစ်ရေယာဉ်ဖြစ်ပြီး ၆၃ မီတာ ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး ကိုယ်ပျောက်စစ်ရေယာဉ် ဟူ၍လည်း လူသိများသည်။ ၎င်းသည် တပ်မတော် (ရေ)၏ ပြည်တွင်း၌ ပထမဆုံးတည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောလိုက်လံချေမှုန်ရေး စစ်ရေယာဉ်အမျိုးအစားဖြစ်သည်။ စစ်ရေယာဉ် ရန်ငြိမ်းအောင်သည် ၎င်း၏ စစ်ရေယာဉ်အတန်းအစားတွင် ပွဲဦးထွက် စစ်ရေယာဉ်ဖြစ်ပြီး စစ်ရေယာဉ် ရန်ရဲအောင် (446) နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၌ တပ်တော်ဝင်၍ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ ဤအတန်းအစားသည် ဟိုင်နန်-အတန်းအစား ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး စစ်ရေယာဉ် (၁၀)စင်း နေရာသို့ အစားထိုးရန်အတွက် ရည်ရွယ်လေသည်။[၁] သမိုင်းကြောင်းပရောဂျက် ပီဂျီဂျီ ၀၆၃ မှာ တပ်မတော် (ရေ)၏ (၃၁)ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။ တည်ဆောက်မှု ပွဲဦးထွက်ဖြစ်သည့် စစ်ရေယာဉ် ရန်ငြိမ်းအောင်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မတ်လတွင် စတင်အသုံးပြုခဲ့သည်။ စစ်ရေယာဉ် ရန်ငြိမ်းအောင် (441)သည် စစ်ရေယာဉ် ရန်ရဲအောင် (446) နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်။[၁][၂] ဒီဇိုင်းစစ်ရေယာဉ်များ၏ ကိုယ်ထည်များအား သံမဏိနှင့် နေရာရွှေ့ပြောင်းမှုကိုလျှော့ချနိုင်ရန် အထူးဖွဲ့စည်းပုံရှိ အလူမီနီယမ်များဖြင့် တည်ဆောက်ထားသည်။ ဤအတန်းအစား၏ ထူးခြားချက်မှာ စစ်ရေယာဉ်များတွင် ရေငုပ်သင်္ဘောများအား လျှို့ဝှက်စွာ ခြေရာခံတိုက်ခိုက်ရန်နှင့် အင်ဂျင်များနှင့် ပန်ကာများမှ ထွက်ပေါ်လာသော ဆူညံသံများကို လျှော့ချ၍ မောင်းနှင်နိုင်စေရန် ရေပန်းထုတ်တွန်းကန်ခြင်းစနစ်သုံး ဒီဇယ်အင်ဂျင် (၃)လုံးတပ်ဆင်ထားခြင်းဖြစ်သည်။ တပ်ဆင်ထားသည့် လက်နက်များဤအတန်းအစားသင်္ဘောများတွင် Type-66 အမျိုးအစား ၅၇-မမ ဆီမီး-အော်တို ပြောင်းနှစ်ခုပါ သေနတ်တစ်လက်၊ 2M-3M အမျိုးအစား ၂၅-မမ ပြောင်းနှစ်ခုပါ သေနတ်နှစ်လက်နှင့် ပြည်တွင်းဖြစ် QJG-02G အမျိုးအစား ၁၄.၅-မမ ဝေဟင်ပစ် သေနတ်နှစ်လက် စသည်တို့ တပ်ဆင်ထားသည်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လက်နက်တပ်ဆင်ထားမှု အားနည်းသော်လည်း ဤစစ်ရေယာဉ်အမျိုးအစားသည် ရေငုပ်သင်္ဘောအား ခြေရာခံတိုက်ခိုက်နိုင်ရန် အသားပေးထားခြင်းကြောင့် များစွာလိုအပ်မည်မဟုတ်ပေ။ သင်္ဘောများတွင် Shyena အမျိုးအစား တော်ပီဒိုများပစ်ခတ်နိုင်သည့် သုံးလုံးတွဲ တော်ပီဒိုပစ် လောင်ချာနှစ်လက်၊ RBU-1200 အမျိုးအစား ရေငုပ်သင်္ဘော တန်ပြန်ချေမှုန်းရေး ဒုံးပစ်လောင်ချာ နှစ်လက်နှင့် ရေနက်ပိုင်း ဖောက်ခွဲရေး(LDC-large depth charge)နှင့် ရေငုပ်သင်္ဘောချေမှုန်းရေး လက်နက်အနေဖြင့် ရေတပ်သုံး မိုင်းများ တပ်ဆင်ထားသည်။[၂] အတန်းအစားဝင် စစ်ရေယာဉ်များ
ကိုးကား
|
Portal di Ensiklopedia Dunia