စည်သွတ်ခြင်းစည်သွတ်ခြင်းအစားအသောက်များကို ကြာရှည်ခံအောင် ပြုလုပ်နည်း တစ်နည်းမှာ စည်သွတ်၍ထား နည်းပင် ဖြစ်သည်။ ထိုနည်းမှာ အအေးဓာတ်ပေး၍ ကြာရှည်ခံအောင်ထားနည်းထက် ရှေးကျ လေသည်။ အစားအသောက်များကို စည်သွတ်ထားပြီးသောအခါ နောက်ထပ် အထူး ဂရုစိုက်ပြုပြင်ပေးရန် မလိုတော့ချေ။ စည်သွတ်ထား ခြင်းဖြင့် ရက်အကန့်အသတ်မရှိ ကြည်ရှည်စွာထား၍ သုံးနိုင် သည့်ပြင် သယ်ယူရာ၌လည်း လွယ်ကူလှပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ပြင်သစ်လူမျိုး စား တော်ချက်တစ်ဦးဖြစ်သူ နစ်ကလတ် အက်ပတ် ဆိုသူသည် အစားအသောက်များကို ပူအောင်ချက်ပြီးလျှင် ပုလင်းတွင် ထည့်၍ လေလုံအောင်ပိတ်ထားပါက အချိန်ကြာမြင့်စွာခံ ကြောင်းကို မကြံဆဘဲနှင့် ကံအားလျော်စွာ တွေ့ရှိခဲ့လေသည်။ ထိုအခါမှစ၍ စားစရာများ ကို စည်သွတ်ခြင်းနည်း ပေါ်ပေါက် လာသည်ဟု ယူဆရပေမည်။ သို့ရာတွင် နစ်ကလတ် အက်ပတ်မှာ မည်သို့သော အကြောင်းတရားကြောင့် ဤသို့သော အကျိုးတရား ဖြစ်လာ ကြောင်း သိပ္ပံနည်းကျကျ မသိရှာချေ။ သိပ္ပံပါရဂူကြီးပါးစတား ၏ လက်ထက်ကျမှသာ အစားအသောက်များကို ပုပ်သိုးစေ သော ဗက်တီးရီးယားများ ပျက်စီးကုန်ကြပြီးလျှင် ထိုအပူဓာတ် ပေးပြီးသားကို လေလုံအောင်ပိတ်ထားလိုက်သောအခါ ဗက်တီး ရီးယားများ နောက်ထပ်မဝင်နိုင်တော့ဘဲ၊ အစားအသောက်များ ကြာရှည်စွာခံသည်ကို တွေ့ရှိလာလေသည်။
စားစရာများထည့်ပြီးသောအခါ ဗူးထဲမှ လေများထွက်ကုန် အောင် မိနစ်အနည်းငယ်မျှ အပူဓာတ်ပေးရသည်။ ထို့နောက် အဖုံးများဖြင့် ပိတ်လိုက်ပြီးလျှင် အစားအစာများထဲမှ ဗက်တီးရီး ယားများ ပျက်စီးကုန်အောင် အပူရှိန်ခပ်ပြင်းပြင်းပေးသည့် ဌာန သို့ ပို့ရပြန်သည်။ ထိုဌာနတွင် အစားအစာ၏ အမျိုးအစား အလိုက် အပူဓာတ်ပေးရသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဖြစ်လျှင် မိနစ်အနည်းငယ်မျှသာ အပူရှိန်ပြင်းပြင်းပေး၍၊ သား ငါးဖြစ်လျှင် နာရီပိုင်းမျှကြာအောင် အပူဓာတ်ပေးကာ ချက်ရ လေသည်။ ချက်ပြီးသောအခါတွင်လည်း အစားအစာများ အရောင်အဆင်းမပျက်စေရန် ရေဖြင့်လျင်မြန်စွာ အေးအောင်ပြု လုပ်ရလေသည်။ နောက်တွင် ဗူးများကို ခြောက်သွေ့စေ၍ တံဆိပ်ကပ်ပြီးလျှင် ရောင်းချရန် အသင့်ပြုလုပ်ပြီး ဖြစ်လေ သည်။ စည်သွတ်စားစရာများကို အစပထမတွင် ဈေးကြီးပေး၍ ဝယ်ယူစားသောက်ရလေသည်။ သို့ရာတွင် ယခုအခါ ကြီးကျယ် သော စက်မှုလုပ်ငန်းတစ်ခုဖြစ်လာ၍ အများအပြားလုပ်ကိုင်လာ သောကြောင့် ဈေးပေါပေါ နှင့် ဝယ်ယူစားသောက်နိုင်ကြသည် သာမက အချိန်အခါရာသီမရွေးစားလိုသော သား၊ ငါး၊ အသီး၊ အရွက်၊ သစ်သီးများကို စားသောက်နိုင်ကြပေသည်။ အထူး သဖြင့် စည်သွတ်စားစရာများ ပေါ်ပေါက်လာသည့်အတွက် စစ် တပ်များအဖို့ အလွန်အသုံးဝင်သော ရိက္ခာများဖြစ်လာလေသည်။ ထို့ကြောင့်ပင် စစ်ဖြစ်ပွားသည့်အခါတိုင်း စည်သွတ်စားစရာ လုပ်ငန်းမှာ တိုးတက်ဖွံ့ဖြိုးလာလေသည်။ အချို့က စည်သွတ်စားစရာများသည် ဩဇာဓာတ်များ ပျက်စီးနေ၍ ခွန်အားဖြစ်စေသော ဗိတာမင်များ မပါရှိတော့ဟု ယူဆကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia