စတမ်းဖို့ ရက်ဖဲ

ဆာသောမတ်စ် စတန်းဖို့ ရက်ဖဲ

ဆာတောမတ် စတမ်းဖို့ ရက်ဖဲသည် ဗြိတိသျှ အင်ပိုင်ယာ အတွက် အလွန်အရေးပါ အရာရောက်သော မလေးကျွန်းဆွယ် တောင်ဘက်စွန်းရှိ စင်ကာပူမြို့ကို တည်ခဲ့သူ ဖြစ်သည်။ ၁၇၈၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဂျမေးကားကျွန်းအနီး ကုန် သင်္ဘောတစ်စင်းပေါ်၌ ဖွားမြင်သည်။ ရက်ဖဲသည် ဦးစွာ၌ အရှေ့အိန္ဒိယကုမ္ပဏီတွင် စာရေးအဖြစ် အမှုထမ်း၏။ ၁၈ဝ၅ ခုနှစ်တွင် ပီနန်အတွက် ပထမဦးဆုံး ဘုရင်ခံထံ၌ အမှုထမ်းခဲ့ သည်။ ထိုနောက် ဂျားမားကျွန်းတွင် ဒုတိယဘုရင်ခံအဖြစ် ခန့် အပ်ခြင်း ခံရသည်။

ထိုစဉ်အခါက စင်ကာပူမှာ တံငါရွာကလေးမျှသာ ဖြစ် သည်။ ရက်ဖဲသည် ဗြိတိသျှတို့၏ ကုန်စည် ကူးသန်းရေး အတွက် ၁၈၁၉ ခုနှစ် ဇန္နဝါရီလတွင် စင်ကာပူမြို့ကို အခြေစိုက် တည်ခဲ့သည်။ သို့ဖြင့် စင်ကာပူမြို့သည် ဗြိတိသျှအင်ပိုင်ယာ အတွက် အရှေ့ပိုင်း ဂျီဘရော်လ်တာ ရေကြောင်းခံတပ်မြို့ ဖြစ် လာလေသည်။

ယခုအခါ စင်ကာပူနိုင်ငံတွင် ရက်ဖဲအမည်ဖြင့် ကောလိပ် ကျောင်းပြတိုက်နှင့် သုတေသန ပိဋကတ်တိုက်များ ရှိသည်။ ဆာတောမတ်ရက်ဖဲသည် လန်ဒန်မြို့တွင် ပါဏဗေဒအသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၈၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တွင် ကွယ်လွန်လေသည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya