ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင်
စပါးကြီး ကို ရှာဖွေကြည့်ရှုပါ။
စပါးကြီးမြွေ
|
|
|
|
မျိုးရိုးခွဲခြားခြင်း
|
လောက:
|
Animalia
|
မျိုးပေါင်းစု:
|
Chordata
|
မျိုးပေါင်း:
|
Reptilia
|
မျိုးစဉ်:
|
Squamata
|
မျိုးစဉ်သေး:
|
Serpentes
|
မျိုးရင်း:
|
Pythonidae
|
မျိုးစု:
|
Malayopython
|
မျိုးစိတ်:
|
M. reticulatus
|
ဒွိနာမ
|
Malayopython reticulatus
|
Synonyms
|
List
- Boa reticulata
Schneider, 1801
- Boa rhombeata
Schneider, 1801
- Boa phrygia
Shaw, 1802
- Coluber javanicus
Shaw, 1802
- Python schneideri
Merrem, 1820
- Python reticulatus
— Gray, 1842
- Python reticulatus
— Boulenger, 1893
- Morelia reticulatus
— Welch, 1988
- Python reticulatus
— Kluge, 1993[၂]
- Broghammerus reticulatus
— Hoser, 2004[၃]
- Malayopython reticulatus
— Reynolds et al., 2014[၄]
|
စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၌ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ်ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင်လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိပ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာဗွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။
စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။[၅]
ကိုးကား
- ↑ Stuart, B. (2018). "Python reticulatus". IUCN Red List of Threatened Species 2018. IUCN.
- ↑ ၂.၀ ၂.၁ McDiarmid, R. W.; Campbell, J. A.; Touré, T. A. (1999)။ Snake Species of the World: A Taxonomic and Geographic Reference။ 1။ Washington: Herpetologists' League။ ISBN 9781893777002။
- ↑ http://www.smuggled.com/issue-16-19-26.pdf
- ↑ တွားသွားသတ္တဝါ ဒေတာဘေ့စ်ရှိ Malayopython reticulatus မျိုးစိတ်ဆိုင်ရာ အချက်အလက်များ www.reptile-database.org.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
|
---|
Malayopython reticulatus | |
---|
Boa reticulata | |
---|