စိတ်ပညာ
စိတ်ပညာ (ခေါ်) စိတ်ခင်းသရုပ်ပိုင်း (အင်္ဂလိပ်: Psychology) သည် လူတို့၏ စိတ် ဖြစ်စဉ်နှင့် အပြုအမူများကို စိုင်းယန့်စ်နည်းကျကျ (သိပ္ပံကျကျ) လေ့လာသည့် ပညာတစ်ရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ လူတို့၏ အပြုအမူများကိုနားလည်ရန်၊ ဖော်ပြရန်၊ ပြုပြင်မွမ်းမံရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန်ဖြစ်သည်။ စိတ်ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူများကို သဘောပေါက်နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အပြုအမူများ နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်များဖြစ်သည့် စဉ်းစားခြင်း၊ မှတ်ဉာဏ်၊ အာရုံခံခြင်း၊ အာရုံသိခြင်း၊ စိတ်လှုပ်ရှားခြင်းစသည့်အကြောင်းအရာများကိုလည်း လေ့လာကြသည်။ စိတ်ပညာသည်အတွေးအခေါ်ပညာရပ်မှ ခွဲထွက်လာသော အပြုအမူဆိုင်ရာသိပ္ပံပညာရပ်တစ်ခုဖြစ်သည်။ ခြုံငုံဖော်ပြချက်စိတ်ပညာသည် လူ၏ အတုံ့အမူ(behavior) တို့ကိုလည်းကောင်း ၊ သိခြင်း သဘောသဘာတို့ကိုလည်းကောင်း လေ့လာသော သိပ္ပံပညာရပ် တစ်ခုဖြစ်သည်။ စိတ်ပညာက လေ့လာသော ကိုယ်ကာယအတုံ့အမူသည် လူ၏သိခြင်းနှင့် ဆက်စပ်သော အတုံ့အမူမျိုး ဖြစ်သည်။ ထို့ကြောင့် လူ၏သိ ခြင်းကို လေ့လာရာ၌ အတုံ့အမူကိုလေ့လာရသည်။ အတုံ့အမူကို လက်တွေ့စမ်းသပ်ခြင်းအားဖြင့်လည်းကောင်း၊ တိုင်းတာခြင်းအားဖြင့်လည်းကောင်း၊ လေ့လာရသဖြင့် သိပ္ပံနည်းကို အသုံးပြုရလေသည်။ ဤသို့ စနစ်တကျလေ့လာခြင်းအားဖြင့်၊ လူ၏ သဘောအတုံ့အမူကို သိနားလည်၍၊ လူတို့၏ အတုံ့အမူကို ထိန်းအုပ်ပြုပြင်နိုင်ရန် ရည်ရွယ်သည်။ စိတ်ပညာရှင်များသည် မိမိတို့ စိတ်ပါဝင်စား သော အကြောင်းအချက်များကို အထူးလေ့လာကြရာ၌ စိတ် ပညာအမျိုးအစားအများကို ခွဲခြားထားလေသည်။ ထိုအမျိုး အစားအချို့မှာ-
စိတ်လှုပ်ရှားမှုနှင့် နောက်ဆက်တွဲ ကိုယ်တွင်းဇီဝဖြစ်စဉ်များစိတ်လှုပ်ရှားမှုဆိုသည်မှာ ကြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ကို ဆိုလိုသည်။ မွေးဖွားစကလေးများ၌ စိတ်လှုပ်ရှားမှုတစ်ခု၊ နှစ်ခုမျှသာရှိ
သည်။ အသက်နှစ်နှစ် အတွင်းတွင် များစွာသော စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ အစကနဦးတွင် စိတ်လှုပ်ရှားစေသော အကြောင်းအနည်းငယ်သာရှိသည်။ တစ်စထက်တစ်စ စိတ်လှုပ်ရှားစေသော အကြောင်းအရာများသည် များပြားလာရာ၊ အသက်အရွယ်ကြီးပြင်းလာသောအခါအစ၌ စိတ်လှုပ်ရှားမှုမဖြစ်စေသော အရာများပင် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာစေနိုင်သည်။ ပမာအားဖြင့် အစ၌ကလေးသည် မြွေတိရစ္ဆာန်ကို မကြောက် သော်လည်း၊ အသက်အရွယ် ကြီးထွားလာသောအခါ၌ ကြောက်စိတ်ဖြစ်တတ်သည်။ လူကြီးတို့ အတွက် ကြောက်စရာများစွာ ရှိလာသည်မှာ၊ သင်ယူခြင်းကြောင့်ပင် ဖြစ်သည်။် စိတ်လှုပ်ရှားမှု အတုံ့အမူများသည် ယဉ်ကျေးမှုကိုလည်းလိုက်၍ ဖြစ်တတ်သည်။ လူမျိုးစုတစ်ခုတွင် ပါဝင်သူအများသည် ဒေါသစိတ်ဖြစ်လျှင် အတုံ့အမူတစ်မျိုး တစ်စားတည်းကိုသာ ပြုမူတတ်သည်။ ယင်းမှာ မိမိအပေါင်း
အစု ပတ်ဝန်းကျင်မှ သင်ယူခြင်းကြောင့်ဖြစ်သည်။ အတုံ့အမူ အားဖြင့် စိတ်လှုပ်ရှားမှုတစ်မျိုးနှင့်တစ်မျိုး ခွဲခြားသိသာနိုင်ရန် ခဲယဉ်းသည်။ လူများ၏ မျက်နှာအမူအရာ ကိုယ်ဟန်နှင့် အသံကို ထောက်၍ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်း စသည်တို့ကို တစ်မျိုးနှင့်တစ်မျိုး တစ်ထစ်ချခွဲခြား၍ မသိနိုင်ပေ။ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသောအခါ ကိုယ်ခန္ဓာအတွင်း ၌လည်း ပြောင်းလဲလှုပ်ရှားမှုများဖြစ်လာသည်။ ထို့ကြောင့် အသက်ရှူရှိုက်ခြင်း၊ သွေးအားတိုးခြင်း၊ သွေးခုန်ခြင်း၊ လက်ခြေလုံးပတ်ကြီးထွားခြင်း၊ နှလုံးကြွက်သားလှုပ်ရှားခြင်း၊ အရေပြား သည် လျှပ်စစ်ဓာတ်ကို တွန်းလှန်ခြင်းများ ဖြစ်လာသဖြင့်၊ ယင်းလှုပ်ရှားမှုတို့ကို တိုင်းတာခြင်းအားဖြင့် သိသာနိုင်သည်။ သာမန်အားဖြင့်ကား လူတစ်ဦးတစ်ယောက်၏ ပြင်ပလက္ခဏာ များဖြင့် စိတ်လှုပ်ရှားမှုကို တိုင်းထွာသော ကရိယာကို 'မုသား စုံထောက်'ဟု ခေါ်သည်။ သင်ယူခြင်း (အချက်သစ် သိယူခြင်း)စိတ်ပညာတွင် သင်ယူခြင်း (အချက်သစ် သိယူခြင်း) သည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ အရွယ်ရောက်သော သူ၏အတုံ့အမူသည် သင်ယူခြင်းဖြင့် ဖြစ်လာသော အတုံ့အမူချည်းနှင်နှင်ဖြစ်သည်။ အရွယ်ရောက်သူ၏ စိတ်စေ့ဆော်တိုက်တွန်းမှု၊ စိတ်လှုပ်ရှားမှု၊ ကျွမ်းကျင်မှု၊ ဆင်ခြင်မှုတို့သည် သင်ယူခြင်းအပေါ်တွင် တည်
နေသည်။ မှတ်မိခြင်းနှင့် မမှတ်မိခြင်းသင်ယူခြင်း၌ မှတ်မိခြင်းပါဝင်၏။ မှတ်မိခြင်း၌ အပိုင်း ၄ ပိုင်းရှိသည်။ မှတ်မိရန်အစ၌ (၁) သင်ယူရ၏။ သင်ယူ သောအရာကို မပျောက်ပျက်စေရန်၊ (၂) လက်ခံထားရ၏။ လက်ခံထားသည်ကို (၃) သတိရ၍၊ (၄) မှတ်မိရသည်။ သတိ ရခြင်းနှင့် မှတ်မိခြင်း ခွဲခြားရန်ရှိသည်။ တစ်ခါတစ်ရံ သတိရ သော်လည်း၊ မှတ်မိခြင်းမရှိတတ်ချေ။ လင်္ကာပုဒ်ကို သတိရ၍ ရွတ်ဆိုနိုင်သော်လည်း၊ မည်သည့်လင်္ကာ၊ မည်သူရေးသည်တို့ကို မမှတ်မိတတ်ချေ။ မှတ်မိခြင်းသည် သတိရခြင်းထက်လွယ်ကူ ပေသည်။ လူတစ်ယောက်ကို မှတ်မိငြားလည်း၊ ထိုသူ၏နာမည် ကို သတိမရတတ်ချေ။ မမှတ်မိခြင်းသည် ပဓာနအကြောင်း ၂ ခုကြောင့်ဖြစ် သည်။ (၁) အချိန်ကြာရှည်၍ မမှတ်မိခြင်းနှင့် (၂) တားဆီး ခြင်း တစ်ခုခုကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။ လေ့ကျင့်မှု များနှင့် တွေ့ဆုံကြုံခဲ့ခြင်းများကို သာမန်အားဖြင့် သတိမရနိုင် သော်လည်း၊ စိတ်ညှို့ခြင်းဖြင့် ပြန်လည်သတိရနိုင်သည်။ ( စိတ်ညှို့ပညာ။) လေ့ကျင့်ခြင်းတစ်ခုခုကို ပြုပြီးနောက် အခြား တစ်ခုကိုဆက်၍ လေ့ကျင့်လျှင်၊ ပထမလေ့ကျင့်ခြင်းကို ပိုမို မမှတ်မိနိုင်တော့ချေ။ လေ့ကျင့်ခြင်းကိုပြုပြီးနောက် နားနေလျှင်၊ ပိုမို သတိရတတ်သည်။ စိတ်ပညာရှင် ဖရွိုက်က မမှတ်မိခြင်း သည် မမှတ်မိချင်သော စိတ်ကြောင့်ဟုဆို၏။ လူတစ်ဦးတစ် ယောက်၏နာမည်ကို မမှတ်မိခြင်းသည် ထိုသူကို မလိုလား သောစိတ်က သိစိတ်မှပယ်ခြင်းကြောင့်ဟုဆို၏။ အချို့မမှတ်မိ ခြင်းများမှာ ဤနည်းအတိုင်းဖြစ်သည်ကို မငြင်းဆိုနိုင်ပေ။ တစ်ခါတစ်ရံ ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မငြိမ်သက်ခြင်း စသည့် စိတ်လှုပ်ရှားမှုတို့ကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။
စဉ်းစားခြင်းထွေရာစိတ်ကူးခြင်း၊ စိတ်ကွန့်မြူးခြင်း၊ ဆင်ခြင်ခြင်းတို့မှာ စဉ်းစားခြင်းအမျိုးမျိုးဖြစ်သည်။ တိရစ္ဆာန်များသည် ဆင်ခြင်နိုင်သော သတ္တဝါများဖြစ်လေသလောဟု စစ်ဆေးကြည့်ကြပါစို့။ စိတ်ပညာစုံစမ်းချက်အရ မျောက်ဝံများသည် ဆက်သွယ်ခြင်းကို သိမြင်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းတတ်ကြောင်း ဖော်ပြခဲ့ပြီ။ အချို့တိရစ္ဆာန်တို့သည် အမှတ်အသားကို စဉ်းစားနိုင်ကြ သည်။ ဤအချက်နှစ်ရပ်ကို ထောက်ရှုခြင်းဖြင့်၊ တိရစ္ဆာန်တို့၏ ဆင်ခြင်မှုသည် လူတို့၏ ဆင်ခြင်ပုံနှင့်ထပ်တူ ထပ်မျှဖြစ်၏ဟု ဆိုရန်ခဲယဉ်း သော်လည်း၊ သူတို့၏ သဘာဝနှင့် လျော်စွာဆင်ခြင်တတ်သော သဘောရှိသည်ဟု ဆိုနိုင်ပေသည်။ ဆင်ခြင်ခြင်းသည် အခက်အခဲတစ်ခုကို ဖြေရှင်းရန်ရည် ရွယ်ချက်ရှိသော စဉ်းစားခြင်းဖြစ်သည်။ ဤသို့ ဖြေရှင်းရန် စဉ်းစားခြင်း၌ အစီအစဉ်ရှိခြင်း၊ ပြဿနာနှင့် သက်ဆိုင်သော ပညတ်များ ရွေးချယ်ခြင်းတို့ ပါဝင်သည်။ စိတ်ပညာရှင်ဒျူးဝီး က ဆင်ခြင်ခြင်း၌ အဆင့် ၅ ဆင့်ရှိသည်ဟု ဖော်ပြထားသည်။
လူ တစ်ဦးနှင့်တစ်ဦး ခြားနားခြင်းအထက်တွင် လူတိုင်းဖြစ်တတ်သော အခြင်းအရာများကို ဖော်ပြခဲ့ပြီ။ လူတစ်ဦးနှင့်တစ်ဦး အတုံ့အမူနှင့် သိခြင်းဟူသော အကြောင်းများရှိသော်လည်း၊ ခြားနားခြင်းလည်းရှိသည်။ အသိ ဉာာဏ်သည်လည်းကောင်း၊ စွမ်းရည်သည်လည်းကောင်း၊ ကိုယ်ရည် ကိုယ်သွေးသည် လည်းကောင်း၊ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ စိတ်ပညာဆရာတို့
သည် ဉာာဏ်စွမ်းရည်စစ်ဆေးလွှာများ ဖန်တီး၍ များစွာအသုံးပြုလျက် ရှိလေသည်။ စစ်ဆေးလွှာများကို အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်၏ ဉာာဏ်ဖျတ်လတ်မှုနှင့် သင်ယူစွမ်းရည်ကို ပြသနိုင်ပေသည်။ စွမ်းရည်ထူးများကို စစ်ဆေးရာ၌ အတော်အတန်တိကျစွာ တိုင်းတာနိုင်ပေသည်။ လူငယ်တစ်ယောက်အား
သင့်လျော်သောလုပ်ငန်းသို့ လမ်းညွှန်ခြင်း၊ အလုပ်သမားတစ် ယောက်အား သက်ဆိုင်ရာအလုပ်နှင့် သင့်လျော်သည်ကိုဖော် ပြခြင်း၊ တာဝန်ဝတ္တရားများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သူ ကို ရွေးချယ်ခြင်း၊ စက်မှုလက်မှုနှင့် လက်နက်ကိုင်တပ်များ အတွက် သင့်လျော်သူတို့အား ရွေးချယ်ခြင်းများ၌ စစ်ဆေးလွှာ တို့ကို အသုံးချကြ၏။ ကိုယ်ရည်သွေးကိုလည်း စိတ်ပညာဆရာများက စုံစမ်းကြ သည်။ ကိုယ်ရည်ကိုယ်သွေး မေးခွန်းလွှာများဖြင့် ကိုယ်ရည် ကိုယ်သွေးအခြေအနေကို အသင့်အတင့် ဖော်ထုတ်စေနိုင်၏။ စိတ်အခြေအနေကို ပြင်ပအမူအရာ ဖြင့် စုံစမ်းနည်းများလည်း အသုံးပြုကြသည်။ အများသိကျွမ်းသော နည်းတစ်ခုမှာ ရိုရှပ်ဆိုသူ တည်ထွင်သော မင်စက်စစ်ဆေးနည်းဖြစ်သည်။ လူ တစ်ဦး တစ်ယောက်ကို အကဲဖြတ်ရာတွင် အသိဉာာဏ်စစ်ဆေး လွှာ၊ စွမ်းရည်စစ်ဆေးလွှာ၊ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စာရိတ္တများကို အကဲဖြတ်ချက်တို့ကို ပေါင်းစပ်ကာ လေ့လာရ ပေသည်။ လူ၏ ဆက်ဆံရေး အတုံ့အမူကျွန်ုပ်တို့၏ အတုံ့အမူသည် လူများနှင့် ဆက်ဆံပြုမူခြင်း ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က အစုအဝေးတွင်ပါဝင်သော အနေဖြင့် ပြုမူခြင်းသည် တစ်ဦးတည်းပြုမူခြင်းနှင့် ကွာခြား သည်။ အစုအဝေး၏ ညွှန်ခြင်းသည် လူ၏အတုံ့အမူကို ပြောင်း လဲစေသည်။ လူအုပ်တွင်ပါဝင်သော လူတစ်ယောက်သည် လူ အုပ်အလိုက်ပြုမူတတ်သဖြင့် ဆင်ခြင်ကင်းမဲ့သောအတုံ့အမူမျိုးကို ပြုလုပ်တတ်သည်။ တစ်ဦးကို တစ်ဦး အတုခိုးတတ်သည်။ ကျွန်ုပ်တို့သည် အများအားဖြင့် ကျွန်ုပ်တို့နှင့်ဆိုင်ရာ လူစု၏ အနေအထိုင်အတိုင်း တူညီအောင် နေတတ်ကြလေသည်။ လူတစ်မျိုးနှင့် တစ်မျိုး စိတ်အခြေအနေ ခြားနားခြင်းရှိ သလော၊ ရှိခဲ့လျှင် ဇာတိအတိုင်း ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ယဉ်ကျေးမှုထုံစံများကြောင့်ပင်လော။ ယင်းအချက်တို့ကို စဉ်းစားလိုက်သော်၊ ပတ်ဝန်းကျင် ခြားနားခြင်းကြောင့် လူတစ်မျိုး နှင့်တစ်မျိုး ခြားနားကြသည်ဟု စိတ်ပညာရှင်တို့က သဘောရကြ၏။ လူမျိုးချင်း ခြားနားသည်ထက် လူမျိုးတစ်စု ထဲတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုခြားနားတတ်သည်။ စိတ်ပညာ ဘာသာရပ်ဆိုင်ရာ မြန်မာ ပညာရှင်များ
ကိုးကား
|
Portal di Ensiklopedia Dunia