စိန်လုံကဘား

စိန်လုံကဘား

ကချင်ပြည်နယ် အတွင်းရှိမြို့တစ်မြို့ဖြစ်သည်။ ဗန်းမော်မြို့ အရှေ့စူးစူး ၂၆ မိုင်ခန့်အရပ် တွင် တည်ရှိသည်။ ပေ ၆ဝဝဝ ကျော်မြင့်သော တောင်တန်းကြီးပေါ်တွင်နေ၍ ရာသီဥတုမှာ ချမ်းအေးလှသည်။ ကချင်တောင်တန်းများရှိ စော်ဘွားများအား ကြီးကြပ်အုပ်ချုပ်ရသော တောင်တန်းဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဗန်းမော်မြို့သို့ နွားဝန်တင် လားဝန်တင်များနှင့်သာ ကူးသန်းသွားလာကြသည်။ အင်္ဂလိပ်အစိုးရလက်ထက်ကမ မကြာမကြာပုန်ကန်ထကြွတတ်သော ကချင်လူမျိုးများအား စောင့်ကြပ်ရန် စစ်ပုလိပ်တပ်ခွဲတစ်ခုကို ချထားခဲ့ဖူးသည်။ယခုအခါမူ ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်း၌ ပါဝင် နေသဖြင့် အေးချမ်းစွာရှိပေသည်။ စိန်လုံကဘားမြို့တွင် အစိုးရ မူလတန်း လွန်ကျောင်း တစ်ကျောင်းရှိသည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya