စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းခမ်းလှိုင် (၁၀ ဧပြီ ၁၉၇၉ မွေးဖွား) သည် မြန်မာနိုင်ငံသား အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာနှင့် ထုတ်ဝေသူတစ်ဦး ဖြစ်သည်။၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ‘ပိတောက်ကတဲ့ ဂီတ’ ဇာတ်ကားဖြင့် ရရှိထားသည်။[၂] ငယ်ဘဝစိုင်းစိုင်းခမ်းလှိုင် ကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် အဖ စိုင်းခမ်းလှိုင်၊ အမိ စဝ်ဝေဠုသိင်္ဂီ တို့မှ ၁၉၇၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမငယ် ၂ ယောက်နှင့် ညီတစ်ယောက်ရှိသည်။ အဖိုး (မိခင်၏ အဖေ) သည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်သည်။ ၁၉၈၄ မှ ၁၉၉၆ အထိ တောင်ကြီးမြို့ အ.ထ.က (၁) တွင် တက်ရောက်ခဲ့သည်။ ၁၉၉၆ ခုတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ အသက် ၁၀ နှစ်တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ အယ်လ်ဘမ်ကို စတင်နားထောင်ပြီး ဝါသနာပါရာ ဂီတကို စတင်တွေ့ရှိခဲ့တယ်ဟု ဆိုသည်။ ၄ တန်းအရောက်တွင် မိဘနှစ်ပါး ကွာရှင်းသည်။ မိခင်မှာ ဩစတေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒဂုံတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) များတွင် ပညာဆည်းပူးသည်။ ၂၀၀၆ ခုနှစ်တွင် ဖခင် တိမ်းပါးသည်။ မော်ဒယ်အနုပညာခရီးလမ်းကို ၁၉၉၆ ခုတွင် မော်ဒယ်အနေဖြင့် စတင်သည်။ ဂျွန်လွင်မော်ဒယ်အေဂျင်စီ ၏ မော်ဒယ်အဖြစ် အသက်မွေးသည်။ အဆိုတော်၂၀၀ဝ ပြည့်၊ မတ်လတွင် ပထမဦးဆုံးတေးစီးရီး ချောကလက်ရောင် ရေခဲအိပ်မက် ထွက်ရှိသည်။ ထိုစီးရီးသည် ပေါက်ခွေ မဟုတ်ခဲ့။ နောက် ၅ လ အကြာတွင် ဟစ်ဟော့အဖွဲ့သစ် ACID သည် မြန်မာနိုင်ငံအနှံ့ အောင်မြင်သွားသည်။ ACID ခွေထဲတွင် စိုင်းစိုင်းခမ်းလှိုင်က ဘဝသီချင်းကို တွဲဖက်သီဆိုခဲ့ရာ အတန်ငယ် လူသိလာသည်။ ထို့နောက် ကောင်းမြတ်လေး (Lil' Kaung Myat) နှင့် တွေ့ဆုံမိသည်။ ကနဦးဆွေးနွေးကြပြီးနောက် စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်နှင့် ငယ်ငယ် သုံးယောက်တွဲပြီး သီချင်းဆိုဖို့ ဆုံးဖြတ်ကြသည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဘလေဇွန် ကုန်တိုက် (Blazon Shopping Centre) တွင် ပြုလုပ်သည့် စီးရီးသစ် သူငယ်ချင်းများစွာ အတွက် စတင်ရောင်းချခြင်းနှင့် ဖျော်ဖြေပွဲသို့ ပရိသတ် ၃၅၀ ခန့် လာရောက်အားပေးခဲ့ကြသည်။ ဗွီစီဒီကို ၂၀၀၂ ခု၊ နိုဝင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်၌ပင် တက္ကသိုလ်ရိပ်သာလမ်းသစ်နေအိမ်သို့ ပြောင်းနေသည်။ သူ၏ နာမည်အကျော်ဆုံး သီချင်းဖြစ်လာမည့် ဝမ်းနည်းမှတ်တမ်း ကို ထိုနှစ်တွင်ပင်ရေးသည်။ ရန်ကုန်သို့ ဘောလုံးကန်ရန် ရောက်လာသည့် တောင်ကြီးမှ သူငယ်ချင်း နန္ဒစိုင်းနှင့် ချိတ်ဆက်မိသည်။ နန္ဒစိုင်းကို တောင်ကြီးမပြန်စေတော့ဘဲ ရန်ကုန်တွင် အနုပညာလုပ်ငန်းများ အတူလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ စိုင်းစိုင်းဘတ်ဒေး အခွေတွင်လည်း ချစ်ကောင်းနှင့် တွဲဖက်သီဆိုခဲ့သည်မှာ အောင်မြင်မှုရရှိခဲ့သည်။ အဲဗားဂေါ်လီ အခွေထွက်သည်။ ထို့နောက် ဒိတ်ဒိတ်ကြဲ ကို ထုတ်ဝေသည်။ ၂၀၁၄ ခု၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဒိတ်ဒိတ်ကြဲဒီစီဒီ ဖြန့်ချိသည့်ပွဲကို ရန်ကုန်မြို့ Junction Square ၌ ကျင်းပခဲ့သည်။ ယခုနောက်ဆုံးထွက်ခဲ့သည့် အခွေမှာ Sai Sai Is Sai Sai အမည်ရှိ တေးစီးရီးဖြစ်သည်။ ပြင်ပဘဝ၂၀၀၉ ခုနှစ် မေလတွင် People Magazine နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူသည် ပြိုကွဲနေသော မိသားစုမှ လာသည်ဖြစ်၍ မင်္ဂလာဆောင်နှင့် ပတ်သက်၍ မသေချာသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ [၃] ထွက်ရှိထားသော သီချင်းခွေများတစ်ကိုယ်တော် ခွေများ
အတွဲခွေများ
စာရေးဆရာဝတ္ထုရေးသားခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ၎င်း၏ ပထမဆုံးစာအုပ် စက္ကူငှက်ကို ၂၀၀၆ ခုနှစ်တွင် ကြောင်နှစ်ကောင် စာပေမှ ထုတ်ဝေခဲ့သည်။ ဤဝတ္ထုကို မီးပွားက ရုပ်ရှင်ရိုက်ဖူးသည်။ ၂၀၀၈ ခု၊ စက်တင်ဘာလတွင် ဒုတိယစာအုပ် ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ ကို ကြောင်နှစ်ကောင် စာပေမှပင် ဖြန့်ချိသည်။ ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia