စိုင်းဝင်းမြင့်

စိုင်းဝင်းမြင့်
မွေးဖွား၁၉၇၈ (အသက် ၄၆–၄၇)
ရန်ကုန်မြို့
အလုပ်အကိုင်ကဗျာဆရာ
အိမ်ထောင်ဖက်ဇင်မာမြင့်
မိဘဦးသောင်းမြင့်၊ ဒေါ်ခင်စန်း

စိုင်းဝင်းမြင့် သည် မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦး ဖြစ်သည်။ စိုင်းဝင်းမြင့်ကို ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖ ဦးသောင်းမြင့်၊ အမိ ဒေါ်ခင်စန်းတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၈၂ ခုနှစ်၊ အမက (၄) အလုံတွင် မူလတန်း ပညာကိုလည်းကောင်း၊ အထက (၂) အလုံတွင် အလယ်တန်းနှင့် အထက်တန်း ပညာကိုလည်းကောင်း၊ သင်ကြားခဲ့သည်။

၁၉၉၆ ခုနှစ်ထုတ် ရွက်နုဝေ မဂ္ဂဇင်းတွင် 'သူစိမ်း' ကဗျာဖြင့် စာပေလောကသို့ ရောက်ရှိလာပြီး၊ ကဗျာများ ဆက်လက်ရေးသားနေဆဲ ဖြစ်သည်။

ဇနီး မဇင်မာမြင့်နှင့် သမီး (၂) ယောက်တို့နှင့် နေထိုင်ရင်း စာအုပ်ထုတ်၊ ကဗျာရေးသားဆဲ ဖြစ်သည်။[]

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း

စဉ် စာအုပ်အမည်
သူစိမ်း
တစ်ယောက်တည်းစကား
နားနားပြီးပြော
တိုက်ခိုက်နေတဲ့လေထဲ
ခေတ်ပေါ်ကဗျာအဖွင့်
ကြယ်ကမ္ဘာရောင်းဝယ်ရေး
များများမြန်မြန်
ကဗျာပေါင်းချုပ်
ဘယ်သူပြောပြော ကိုယ်ပြောတယ်
၁၀ ပျော်ရွှင်ဖွယ်ရာ ကမ္ဘာ
၁၁ ကမ္ဘာမြေသို့ ပန်းပို့သူများ

ကိုးကား

  1. ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် (၉)၊ စက်တင်ဘာ ၂၀၀၉ ထုတ်မှ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya