စောညိန်း၊ ကို (ဂီတနက်သန်)![]() ဂီတနက်သန် ကိုစောညိန်း (၁၉၂၅-၁၉၅၂) သည် မြန်မာလူမျိုး ဂီတပညာရှင် ဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေး၁၉၂၅ ခု၊ မတ်လ ၃၁ ရက်တွင် မြင်းခြံနယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ၌ ဦးမောင်ကြီး၊ ဒေါ်တင့်တို့မှ မွေးသည်။ မိဘများ ရန်ကုန်ပြောင်းလာရာ ၂၁ လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်သည်။ (၇) တန်းအောင်ပြီးနောက် သရက်တောကျောင်း ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင် (၁၀) တန်းအထိ တက်သည်။ အနုပညာခရီးသီချင်းစရေးသည်။ ဝဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည်တို့မှာ ဆန်းသစ်စတွင် အသံလွှင့်ဖြစ်သော သီချင်းများဖြစ်သည်။[ဂီတကိုကဗျာမှုပြုသူ ဂီတနက်သန်ကိုစောညိန်း (ောနိုင်ဦး စုဆောင်းတင်ပြသည်) ၁] ဒုတိယကမ္ဘာစစ်အတွင်း ခရမ်းသို့ စစ်ရှောင်စဉ် ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်းရေးခြင်းကို သင်ယူသည်။ ၁၉၄၈ ခုတွင် ရန်ကုန်ပြန်လာ၍ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒယား ဆရာမြိုင်၊ စောင်း ဦးဘသောင်း၊ ဂီတာ ဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံသည်။ ၁၉၅၀ ပြည့်တွင် စန္ဒယား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်းတူရိယာအဖွဲ့၌ ထို့နောက် ဂီတနက်သန် ကို ဖွဲ့စည်းကာ ကိုလှထွန်း၊ (စာရေးဆရာ) သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသူတို့ဖြင့် အသံလွှင့်သည်။ အေဝမ်းရုပ်ရှင် သက်ဝေ၊ ဗြိတိသျှဘားမားရုပ်ရှင် သည်ဆောင်းဟေမန် တို့အတွက် ဇာတ်ဝင်တေး ရေးပေးခဲ့သည်။ ရေးသားသော သီချင်းများ
ရေးသားသော စာအုပ်ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။ ဘဝနိဂုံး၁၉၅၂ ခု၊ အောက်တိုဘာလ ၃၁ ရက်တွင် လူမှား ရန်ပြုခံရ၍ ကွယ်လွန်သည်။
|
Portal di Ensiklopedia Dunia