စောဝေ၊ ကဗျာဆရာ

ကဗျာဆရာ စောဝေသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးကြီးဟု ဝေဖန် ရေးသား မှုကြောင့် နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာတစ်ယောက် ဖြစ်သည်။

ကဗျာဆရာ စောဝေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ရွယ်ပြီး “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု သွယ်ဝိုက် ဖွဲ့ဆိုရေးသားထားသော ချစ်သူများနေ့ (Valentines Day) အထိမ်းအမှတ် “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ စာကြောင်း ၈ ကြောင်းပါ အချစ်ကဗျာတပုဒ် ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် “အချစ်” ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ကဗျာသည် ၂၁-၁-၂၀၀၈ နေ့ထုတ်ဂျာနယ်တွင်ပါရှိသော်လည်း ကဗျာရေးသည့်ရက်စွဲကို ၁-၁၀-၂၀၀၈ ဟု တွေ့ရသည်။

ကိုစောဝေသည် ပဲခူးတိုင်း ဖြူးမြို့နယ်၊ ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေးအတွက် စီစဉ်ခဲ့သူ တဦး ဖြစ်သည်။ ဖြူးမြို့ရှိ ဆက်သွယ်ရေးရုံးစာရေး ကိုစောဝေသည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ဖြူးမြို့တွင် စားသောက်ဆိုင်ဖွင့်သည်။ ၎င်းနောက်ပိုင်းတွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။

ကိုစောဝေ၏ကဗျာများသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဖော်ပြခြင်းခံရသည့်အပြင် “ရွက်ပုံးသီး မြို့ပြ” နှင့် “ပန်းဆိုးတန်းစို မှာစိုး” အမည်များဖြင့် ကဗျာစာအုပ်များ ထွက်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးငယ်များ ရန်ပုံငွေရှာဖွေသည့် အနုပညာရှင်များဖြင့် စုစည်းထားသော အဖြူရောင်သက်တံအဖွဲ့မှ အဖြူရောင်သက်တံကဗျာ ရွတ်ဆိုပွဲများကိုလည်း ရန်ကုန်၊ မန္တလေးမြို့များတွင် အာဏာပိုင်တို့က တားဆီးပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။


၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Mammett Award ဆု ချီးမြှင့်ခဲ့သည်။ ဖိနှိပ် ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားသောကြောင့် ဆုပေးခြင်း ဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။ []

ကိုစောဝေ ၂၆.၅.၂၀၁ဝ ရက်နေ့တွင် ရမည်းသင်းထောင် မှ ပြန်လည် လွတ်မြောက်လာသည်။ ထောင်အတွင်းမှာ မျက်စေ့ တိမ်စွဲသည့် ရောဂါ ခံစားခဲ့ရတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ခွဲစိတ်ကုသဖို့ ရှိသည်။ အဖမ်းခံရသည့်နေ့မှ ထောင်ထဲတွင် စုစုပေါင်း ၂ နှစ် ၄ လနဲ့ ၅ ရက် နေခဲ့ရသည်။ []

ကိုးကား

  1. saw wai
  2. ဗွီအိုအေသတင်းဌာန။ 1 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2010 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya