စွမ်းအင် တည်မြဲမှု နိယာမစွမ်းအင်တည်မြဲမှု နိယာမ (Law of Conservation of Energy) အရ စွမ်းအင်ဆိုသည်မှာ ဖန်တီး၍မရ။ ဖျက်စီး၍မရ။ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့သာ ကူးပြောင်း၍ ရနိုင်သည်ဟု ဆိုသည်။ ပြင်ပစွမ်းအင်၏အထောက်အပံ့မပါဘဲ ဘေးပတ်ဝန်းကျင်သို့ စွမ်းအင်များ မထုတ်ပေးနိုင်ပေ။[၁] ဥပမာမော်တော်ကား တစ်စင်းကို မောင်းနှင်ရာတွင် ဓာတ်ဆီ ဒီဇယ်ဆီ ကဲ့သို့သော လောင်စာဆီများကို အသုံးပြု၍ မောင်းနှင်ရသည်။ ထိုသို့သော လောင်စာဆီများမှ ရရှိသော စွမ်းအင်မှာ ဓာတု စွမ်းအင် (Chemical Energy) ဖြစ်သည်။ မော်တော်ကား ရွေ့လျားသည့် အခါတွင် လောင်စာဆီမှ ဓာတုစွမ်းအင်များသည် အရွေ့စွမ်းအင် (kinetic energy) အဖြစ် ပြောင်းလဲ ပေးရသည်။ သို့သော်လည်း ဓာတု စွမ်းအင်များ အားလုံးမှာ အရွေ့စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ လောင်စာဆီဖြင့် မော်တော်ကားကို ရွေ့လျားစေရာတွင် အချို့သော ဘေးထွက် စွမ်းအင်များဖြစ်သည့် အပူစွမ်းအင်၊ အသံစွမ်းအင် စသည်တို့လည်း ထွက်ရှိ လေ့ ရှိသည်။ ထို့အတွက်ကြောင့် လောင်စာဆီများမှ စွမ်းအင်များသည် ပျက်စီးသွားခြင်း မဟုတ်ဘဲ အခြားစွမ်းအင် တစ်မျိုးသို့ ပြောင်းလဲသွားခြင်းသာလျှင် ဖြစ်ကြောင်း တွေ့နိုင်သည်။ ကျမ်းကိုး
|
Portal di Ensiklopedia Dunia