ဆင်ပချပ်ရွာ၊ မင်းလှမြို့နယ်
ဆင်ပချပ်ရွာ (အင်္ဂလိပ်: Sinpachat)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၂၈၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သရက်တပင်ကျေးရွာအုပ်စုတွင် ကျား ၁၃၅၂ ဦး၊ မ ၁၃၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၇၅ ဦးနေထိုင်သည်။ ဆင်ပချပ်ရွာသည် ရန်ကုန်<>ပြည်ကားလမ်းနဲ့ဆိုလျှင် ၁မိုင်ခန့်သာဝေးပြီး ပဲခူးရိုးမတောင်ခြေနဲ့ သိပ်မဝေးလှတဲ့နေရာမှာ တည်ရှိပါသည်။ အိမ်ခြေ၁၅၀ကျော်ရှိပြီး အများစုမှာလယ်ယာလုပ်ငန်းကိုလုပ်ကိုင်ပြီး အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပါတယ်။ မိုးရာသီတွင်စပါးကိုစိုက်ပျိုးပြီး နွေရာသီတွင် မတ်ပဲကိုအများဆုံးစိုက်ပျိုးကြပါတယ်။ လျှပ်စစ်မီးလဲရရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ကောင်းပါတယ်။ ဆက်သွယ်ရေးအနေဖြင့် MPT။ အော်ရီဒူး။ တယ်လီနောလိုင်းများလည်းကောင်းမွန်စွာမိပါတယ်။ ရွာ၏တည်နေပုံကတော့ အရှေ့အနောက်ရှည်မျှောမျှာပုံစံတည်ရှိပြီး မြို့ချောင်း<>စိန်ကန့်လန့်-မင်းလှကားလမ်းနဲ့ မလှမ်းမကမ်းမှာတည်ရှိပြီး ကားလမ်းမှ ရွာထဲသို့ဝင်နိုင်သည့် ဂဝံကျောက်ခင်းထားသောလမ်းမှ လာရောက်နိုင်သည်။ ဘာသာတရားအလွန်ကိုင်းရှိုင်ပြီး ရွာဦးရွာထိပ်တွင် ဘုန်းကြီးကျောင်းတည်ရှိပြီး ကားလမ်းမှလှမ်းကြည့်လျှင် ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပါယ်စွာတည်ရှိသောစေတီတော်ကိုဖူးမြော်နိုင်သည်။ [၁]
ကိုးကား
|
Portal di Ensiklopedia Dunia