ဆည်မြောင်းဖောက်လုပ်ခြင်း

စပိန်နိုင်ငံရှိ စိုက်ခင်းတခု၊ ဘယ်ဘက်တွင် ဆည်မြောင်းကို မြင်နိုင်သည်

ဆည်မြောင်းဖောက်လုပ်ခြင်းသည် သစ်ပင်များ၊ ယာခင်းများနှင့် ကောက်ပဲသီးနှံများ ကြီးထွားလာစေရန် ကုန်းမြေပြင်အား ရေပမာဏ လိုသလိုထိန်းချုပ်မျှဝေခြင်းဟု ခေါ်ဆိုနိုင်သည်။ ဆည်မြောင်းဖောက်လုပ်ခြင်းသည် စိုက်ပျိုးမွေးမြူရေးအတွက် အဓိကကျသောလုပ်ငန်းတခုဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ လူ့အဖွဲ့အစည်းများစွာက နှစ်ပေါင်း ၅၀၀၀ ထက်မက အသုံးပြုခဲ့ကြသည်။ ဆည်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းသည် ကောက်ပဲသီးနှံများကို ကြီးထွားစေခြင်း၊ မြေမျက်နှာပြင်အား ထိန်းသိမ်းခြင်း၊ သာမန်မိုးရေချိန်ထက် လျော့နည်းသည့် ခြောက်သွေ့သောနေရာများရှိ မြေဆီလွာပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။ ယင်းအပြင် ဆည်မြောင်းဖောက်လုပ်ခြင်းကို နှင်းခဲရိုက်ခတ်မှုကိုလည်း ကာကွယ်ရာတွင်လည်းကောင်း၊[] စိုက်ခင်းများရှိ ပေါင်းပင်းများအား ထိန်းချုပ်ရာတွင်လည်းကောင်း၊ မြေဆီလွှာ ပျက်စီးမှုကို ကာကွယ်ရာတွင်လည်းကောင်း အသုံးပြုသေးသည်။ ယင်းသည် မွေးမြူရေးခြံများကို အအေးပေးရာတွင် အသုံးပြုခြင်းနှင့် ဖုန်မှုန်များ လျော့ပါးအောင် ပြုလုပ်ရာ၌လည်း အသုံးချကြသည်။

ဆည်မြောင်းဖောက်လုပ်ခြင်းနည်းလမ်းများစွာ ရှိပြီး အပင်များကို မည်ကဲ့သို့ ရေပေးဝေသည်ဖြင့် အမျိုးမျိုးကွဲပြားကြသည်။ မျက်နှာပြင် ဆည်မြောင်းဖောက်လုပ်ခြင်း (Surface irrigation) သည် အဟောင်းဆုံးနည်းလမ်းတခုဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ အသုံးပြုခဲ့သည်။ ရေပန်းဖြင့် ရေပေးဝေသည့်စနစ်တွင် ပိုက်ဖြင့် အလယ်ဗဟိုမှ ရေဖြန်းခြင်းနည်းလမ်းဖြစ်သည်။

ကိုးကား

  1. Snyder၊ R. L.; Melo-Abreu၊ J. P. (2005)။ Frost protection: fundamentals, practice, and economics1။ Food and Agriculture Organization of the United Nations။ ISBN 978-92-5-105328-7ISSN 1684-8241
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya