ဆည်သည် (တောင်)ရွာ၊ စဉ့်ကူးမြို့နယ်

ဆည်သည် (တောင်)
ရွာ
ဆည်သည် (တောင်)ရွာ
ဆည်သည် (တောင်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆည်သည် (တောင်)
ဆည်သည် (တောင်)
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°28′29″N 96°00′20″E / 22.474821491°N 96.0055861499°E / 22.474821491; 96.0055861499ကိုဩဒိနိတ်: 22°28′29″N 96°00′20″E / 22.474821491°N 96.0055861499°E / 22.474821491; 96.0055861499
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်ပြင်ဦးလွင်ခရိုင်
မြို့နယ်စဉ့်ကူးမြို့နယ်
ကျေးရွာအုပ်စုဆည်သည်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆည်သည် (တောင်)ရွာ (အင်္ဂလိပ်: Sethei(South))သည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်စဉ့်ကူးမြို့နယ်ဆည်သည်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၁၆၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆည်သည်ကျေးရွာအုပ်စုတွင် ကျား ၁၀၇၀ ဦး၊ မ ၁၃၅၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၂၈ ဦးနေထိုင်သည်။ []ဧရာဝတီမြစ်၏ မြစ်ရေဝင်ဒေသဖြစ်ပြီး မြစ်ရေပို့ချသော မြေနုနုံးမြေအမျိုးအစားဖြစ်သောဒေသဖြစ်သောကြောင့် မြေပဲကိုအထူးစိုက်ပျိုးသောဒေသဖြစ်သည်။ ဤရွာ၌ ရှေးယခင်ကတည်းက နွားတကောင်တပ်၍ အသုံးပြုသော ဆီဆုံအများအပြားတည်ရှိခဲ့သည်။ ရှေးယခင်ကတည်းက မြေပဲဆီ ထွက်သောရွာဖြစ်သောကြောင့် ဆီသည် (ဆီသယ်)ရွာဟုခေါ်တွင်လာဟန်ရှိသည်။ ကာလရွေ့လျော၍ “ဆီ”အစား “ဆည်” ဟုပြောင်းလဲသုံးကြသည်ဟုမှတ်ယူရပြီး ဤရွာ မြစ်ကမ်းပါးပြိုသောကြောင့်နောက်ဆုံးပြောင်းရွှေ့ခဲ့သောရွာ၌ရှိသော ဘုန်းတော်ကြီးကျောင်း၊ ဘုရားစသည်တို့၌ အလှူရှင် ကမ္ဗည်းထိုးထားသောမှတ်တမ်းများတွင်ဆီသည်ရွာဟုအသုံးအနှုံးများရှိခဲ့ဖူးသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများဖြစ်သော ဝိပဿနာကျောင်းတိုက်၊ နတ်ကုန်းကျောင်းတိုက်၊ ကျောင်းသစ်ကြီးကျောင်းတိုက်နှင့် အေးစေကြီးကျောင်းတိုက် (မြောက်တောရကျောင်းတိုက်တိုက်) ဟူ၍ကျောင်းတိုက်(၄) တိုက်ရှိသည်။ အေးစေကြီးကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒသည် ယင်းနယ်၌ လူသိများသောဆရာတော်တပါးဖြစ်သည်။



ကိုးကား

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya