ဆန် အန်တိုနီယိုဆန် အန်တိုနီယို (အင်္ဂလိပ်: San Antonio) သည် အမေရိကန်၏ (၇) ခုမြောက် လူဦးရေအထူထပ်ဆုံးမြို့ ဖြစ်ပြီး အမေရိကန်တောင်ပိုင်း၏ ဒုတိယအကြီးဆုံးမြို့လည်း ဖြစ်သည်။ [၁] ၂၀၂၀ ခုစာရင်းအရ လူဦးရေ ၁,၄၃၄,၆၂၅ ယောက် နေထိုင်ပြီး တက္ကဆပ်တွင် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ ဖြစ်၏။ [၂] စပိန်တို့က သာသနာပြုအဖွဲ့အတွက်၎င်း၊ ကိုလိုနီစခန်းအဖြစ်၎င်း ၁၇၁၈ ခုတွင် မြို့တည်သည်။ ကိုယ်ပိုင်ပဋိညာဉ်ခံမြို့ ဖြစ်လာသည်မှာ ၁၇၃၁ ခုက ဖြစ်သည်။ ယခင်က စပိန်အင်ပါယာလက်အောက်တွင် ရှိခဲ့ပြီး နောက် မက္ကဆီကိုသမ္မတနိုင်ငံလက်အောက်ခံ ဖြစ်၏။ နိုင်ငံ၏ ရှေးအကျဆုံး မြူနီစပယ် (မြို့အုပ်ချုပ်ရေးအဖွဲ့) လည်း ရှိသည်။ မြို့တည် နှစ် (၃၀၀) ပြည့်ကို ၂၀၁၈ ခု၊ မေလ ၁ ရက်တွင် ကျင်းပခဲ့သည်။ [၃][၄][၅] ဆန် အန်တိုနီယို ဟူသောအမည်မှာ ၁၆၉၁ ခု စပိန် နယ်မြေစူးစမ်းရေးအဖွဲ့တွင် ပါဝင်ခဲ့သော ပါဒူအာမှ ဘုန်းတော်ကြီး စိန့် အန်တိုနီ (Saint Antony of Padua) ကို ဂုဏ်ပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။ [၆][၇] ၁၈ ရာစုတွင် စပိန်တို့စေလွှတ်သော ပြည်ပသာသနာပြုအဖွဲ့ ၅ ဖွဲ့တွင် ဤမြို့လည်း ပါ၏။ သာသနာပြုအဖွဲ့နေခဲ့သော အယ်လာမို (The Alamo) ခေါ် ခံတပ်ငယ်နှင့် သမိုင်းဝင်အမျိုးသားဥယျာဉ်တို့ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၅ ခုက သွင်း၏။ [၈] ကိုးကား
|
Portal di Ensiklopedia Dunia