ဆဗန်တီ ပါဘို
ဆဗန်တီ ပါဘို (ဧပြီလ ၂၀ ရက် ၁၉၅၅ တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ မွေးဖွား) သည် ဆင့်ကဲဖြစ်စဉ် မျိုရိုးဗီဇနယ်ပယ်တွင် အထူးပြုလေ့လာသည့် ဆွီဒင်လူမျိုး မျိုးရိုးဗီဇပညာရှင်ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတစ်ဆင့်မျိုးရိုးဗီဇကိုလေ့လာသည့်ပညာ (Paleogenetics) ကို တည်ထောင်သူ တစ်ဦးအဖြစ်ထင်ရှားသည်။ ၁၉၉၇ ခုနှစ်တွင် သူသည် ဂျာမနီနိုင်ငံ၊ လိ(ပ်)ဇစ်ရှိ ဆင့်ကဲဖြစ်စဉ် မနုဿဗေဒအတွက် မက်ဇ်ပလင့်အဖွဲ့၊ မျိုးရိုးဗီဇဌာန၏ ဒါရိုက်တာဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ်ကတည်းက လိ(ပ်)ဇစ်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးဖြစ်ခဲ့သည်။ လက်ရှိတွင် သူသည် တက္ကသိုလ်တွင် မော်လီကျူးဆင့်ကဲဖြစ်စဉ် ဇီဝဗေဒကို သင်ကြားပေးနေသည်။ သူသည် ဂျပန်နိုင်ငံ၊ အိုကီနာဝါသိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ တွဲဖက်ပါမောက္ခလည်းဖြစ်သည်။ "မျိုးသုဉ်းသွားသော ဟိုမီနင်(hominins) မျိုးရိုးဗီဇများနှင့် လူသားတို့၏ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်သော တွေ့ရှိမှု" များကြောင့် ၂၀၂၂ ခုနှစ်တွင် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခြင်း ခံရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia