ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ
ဆရီဘာနား သဘာဝထိန်းသိမ်းရေးနယ်မြေ သည် ဘူဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း (ဒိုးဘရူးဂျာ တောင်ပိုင်းဒေသ) တွင် ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေ တစ်ခု ဖြစ်ပြီး အမည်တူ ကျေးရွာတစ်ခု ၏ အနီးတွင် တည်ရှိကာ ဆီလီစထရာမြို့၏ အနောက်ဘက် ၁၈ ကီလိုမီတာ နှင့် ဒန်ညုမြစ် ၏ တောင်ဘက် ၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုနယ်မြေတွင် ဆရီဘာနားရေကန် နှင့် ပတ်ဝန်းကျင်ဒေသများ ပါဝင်ပြီး ရောမခေတ်က ဖောက်လုပ်ခဲ့သော ဗီယာ ပွန်တီကာ လမ်းပေါ်တွင် တည်ရှိကာ ဥရောပမှ အာဖရိကသို့ ငှက်များ ရွှေ့ပြောင်းသွားလာသော လမ်းကြောင်းပေါ်တွင်လည်း ရှိသည်။ ထိန်းသိမ်းရေးနယ်မြေတွင် ၆ စတုရန်းကီလိုမီတာမျှ ရှိသော ကာကွယ်စောင့်ရှောက်ထားသော ဒေသနှင့် ကြားခံဒေသ ၅.၄ စတုရန်းကီလိုမီတာရှိသည်။ ကန်၏ အနက်မှ ၁ မီတာမှ ၃ မီတာ အထိ ရှိသည်။ ဆောက်လုပ်ဆဲ ပြတိုက်တစ်ခုရှိပြီး ထိန်းသိမ်းရေးနယ်မြေတွင် တွေ့ရသော မျိုးစိတ်များကို ရုပ်လုံးသွင်း စုဆောင်းပြသရန် စီစဉ်လျက် ရှိသည်။
ကိုးကား |
Portal di Ensiklopedia Dunia