ဆာဂါမာသာ အမျိုးသားဥယျာဉ် |
---|
|
 ဆာဂါမာသာ အမျိုးသားဥယျာဉ် |
တည်နေရာ | နီပေါနိုင်ငံ |
---|
ဧရိယာ | ၁,၁၄၈ km2 (၄၄၃ sq mi) |
---|
ဖွဲ့စည်း | ဇူလိုင် ၁၉၊ ၁၉၇၆ (၁၉၇၆-၀၇-၁၉) |
---|
ဆာဂါမာသာ အမျိုးသားဥယျာဉ် သည် နီပေါနိုင်ငံ အရှေ့ပိုင်း ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိသော ထိန်းသိမ်းထားသောနယ်မြေတစ်ခု ဖြစ်ပြီး ထင်ရှားသော ဧဝရက်တောင် တည်ရှိရာ နေရာဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၄၄၃ စတုရန်းမိုင် (၁,၁၄၈ စတုရန်းကီလိုမီတာ) ရှိပြီး ဆိုလူခမ်ဘူးခရိုင် အတွင်း တည်ရှိကာ အမြင့်ပေ ၂,၈၄၅ မီတာ မှ ဧဝရက်တောင်ထိပ် အထိ အမြင့်ပေ ၈,၈၄၈ မီတာ (၉,၉၃၄ ပေ မှ ၂၉,၀၂၉ပေ) အထိ တည်ရှိကာ တောင်ဘက်တွင် ဒတ်ကိုဆီ မြစ် အထိ တည်ရှိသည်။ အရှေ့ဘက်ကပ်လျှက်တွင် မာကာလူဘာရွန်း အမျိုးသားဥယျာဉ် တည်ရှိသည်။[၁]
ဆာဂါမာသာ ဆိုသည်မှာ နေပါလီ ဘာသာစကားမှ ဆင်းသက်လာပြီး ဆာဂါမှာ ကောင်းကင်ဟု အဓိပ္ပာယ်ရကာ မာသာ မှာ ဦးခေါင်း ဟု အဓိပ္ပာယ်ရသည်။ [၂]
ထိုသို့ ထိန်းသိမ်းထားသော နယ်မြေအား ငှက်များ အတွက် အရေးကြီးသော ဒေသအဖြစ် အပြည်ပြည်ဆိုင်ရာ ငှက်ရှင်သန်ရေးအဖွဲ့မှ သတ်မှတ်ထားပြီး ကြီးမြတ်သော ဟိမဝန္တာမြင်ကွင်း အဖြစ် သတ်မှတ်ထားသော နေရာတွင် ပါဝင်သည်။[၃]
ကိုးကား
- ↑ Bhuju, U. R., Shakya, P. R., Basnet, T. B., Shrestha, S. (2007). Nepal Biodiversity Resource Book. Protected Areas, Ramsar Sites, and World Heritage Sites 26 July 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. International Centre for Integrated Mountain Development, Ministry of Environment, Science and Technology, in cooperation with United Nations Environment Programme, Regional Office for Asia and the Pacific. Kathmandu, Nepal. ISBN 978-92-9115-033-5
- ↑ Turner, R. L. (1931). सगर् sagar 13 September 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . and माथा matha 13 September 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . in: A comparative and etymological dictionary of the Nepali language. K. Paul, Trench, Trubner, London.
- ↑ Sacred Himalayan Landscape။ Government of Nepal – Department of National Parks and Wildlife Conservation။ 12 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2013 တွင် ပြန်စစ်ပြီး။