ဆာမာရာမြို့
ကူ(အီ)ဘီးရှပ်ဗ်မြို့ဟု ၁၉၃၅ - ၁၉၉၁ ခုနှစ်လောက်ဆီက ခေါ်ဆိုခဲ့ကြသော ဆာမာရာမြို့(ရုရှား: Сама́ра, IPA: [sɐˈmarə])သည် ရုရှားနိုင်ငံရှိ ဆဌမမြောက်အကြီးဆုံးမြို့ဖြစ်ပြီး ဆာမာရာ အော့ဗလတ်၏ အုပ်ချုပ်မှုဗဟိုဖြစ်သည်။ ဥရောပရုရှားအပိုင်း၏ အရှေ့တောင်ဘက်အခြမ်းတွင် တည်ရှိပြီး ဗော်လ်ဂါမြစ်နှင့် ဆာမာရာမြစ်တို့ဆုံရာ ဗော်လ်ဂါမြစ် အရှေ့ဘက်ကမ်းနဗူးတွင် မြို့ကို တည်ဆောက်ထားခြင်းဖြစ်သည်။ ဗော်လ်ဂါမြစ်သည် မြို့၏ အနောက်ဘက် နယ်ခြားမျဉ်းသဖွယ်ဖြစ်နေပြီး ထိုမြစ်သည် ရှီဂူးလီတောင်တန်းများအကြား ဖြစ်၍ စီးဆင်းသွားသည်။ ထိုအရာတို့ကြောင့် ဒေသထွက်ဘီယာအမည်ကို ရှီဂူလျှိုစကားရဲဟု ခေါဆိုခဲ့ခြင်းဖြစ်ပေသည်။ မြောက်ဘက်ခြမ်းတွင် ဆိုကိုလိုင်းတောင်ကုန်းမြင့်များဖြင့် ကာရံထားပြီး တောင်ဘက်နှင့် အရှေ့ဘက်တွင် ကျယ်ပြန့်သော မြက်ခင်းလွင်ပြင်များ ရှိသည်။ မြို့၏ အနားသတ်မျဉ်းများအတွင်း လွှမ်းခြုံထားသော ကုန်းမြေ၏ နယ်နိမိတ်မှာ ၄၆,၅၉၇ ဟက်တာ (၁၁၅,၁၄၀ ဧက) ကျယ်ဝန်းသည်။ ကိုးကား
|
Portal di Ensiklopedia Dunia