ဆိပ်ခွန်ရွာ၊ ရွှေဘိုမြို့နယ်

ဆိပ်ခွန်
ရွာ
ဆိပ်ခွန်ရွာ
ဆိပ်ခွန် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆိပ်ခွန်
ဆိပ်ခွန်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°33′05″N 95°35′30″E / 22.5514297485352°N 95.5916519165039°E / 22.5514297485352; 95.5916519165039ကိုဩဒိနိတ်: 22°33′05″N 95°35′30″E / 22.5514297485352°N 95.5916519165039°E / 22.5514297485352; 95.5916519165039
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ရွှေဘိုမြို့နယ်
ကျေးရွာအုပ်စုဆိပ်ခွန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆိပ်ခွန်ရွာ (အင်္ဂလိပ်: Seikkhun)သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။[] ရွာနေရာကုတ်မှာ ၁၇၁၄၃၉ ဖြစ်သည်။[] မဟာစည်ဆရာတော်၏ မွေးရပ်ဇာတိရွာ ဖြစ်သည်။ ဆိပ်ခွန်၊ ဗိုလ်တည်းကုန်း၊ နံ့သာ၊ ဆိပ်သာ ရွာ(၄)ရွာ အုပ်စုဖြစ်သည်။ အိမ်ထောင်စု ၁၉၉၁ စု၊ အိမ် ၁၇၅၁ လုံး၊ လူဦးရေ ၁၀၅၆၇ ဦးရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၃၄.၃၄ ဧက ဖြစ်သည်။[]

တည်နေရာ

ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့မှ အနောက်ဘက် ၇ မိုင်အကွာ၊ မုံရွာမြို့မှ ၆၄ မိုင်ခန့် အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။[]

စီးပွားရေး

ဆိပ်ခွန်ရွာတွင် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများ တည်ရှိပြီး ဆိပ်ခွန်လုံချည်သည် ထင်ရှားသော ထွက်ကုန်တစ်ခု ဖြစ်သည်။[] သဖန်းဆိပ်ဆည်ရေသောက်၍ မိုးစပါးဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်စပါးလည်း စိုက်ပျိုးထွက်ရှိသည်။

ထင်ရှားသော နေရာများ

အင်ကြင်းတောစေတီ

အင်ကြင်းတောစေတီကို သာသနာတော်နှစ် ၂၂၃၊ ခရစ်နှစ် ၂၄၇ က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဟု ရာဇဝင်သမိုင်းကြောင်းက ဆိုသည်။ "အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း" ဆိုသော သမိုင်းကြောင်းရှိသည့် အင်ကြင်းတောစေတီတော်မြတ်ကြီးသည် စေတီရံ ၁၅၈ ဆူနှင့်အတူ ဒေသတွင်း တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။ နှစ်စဉ် တန်ခူးလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်သည်။


ကိုးကား

  1. ရွှေဘိုမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့။ မတ် ၂၀၁၈။ ၂၅ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  2. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  3. ၃.၀ ၃.၁ ၃.၂ ထိန်လင်း (မန်းတက္ကသိုလ်) (၁၄ စက်တင်ဘာ ၂၀၁၈)။ ဆိပ်ခွန်ရွာ သာပါစမေးမြန်မာတိုင်း(မ်)။ 29 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya