ဆီမာရန်းမြို့ မြင်ကွင်း
ဆီမာရန်းမြို့ သည် အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျားဗားပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဒတ်ချ်ကိုလိုနီခေတ်က အဓိက ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် အရေးပါသော ဒေသတွင်း ဗဟိုဌာနနှင့် ဆိပ်ကမ်းမြို့ ဖြစ်နေသေးသည်။ အာဆီယံ သန့်ရှင်းသော ကမ္ဘာလှည့်ခရီးသွားမြို့စံနှုန်း အဖွဲ့က အရှေ့တောင်အာရှရှိ အသန့်ရှင်းဆုံး ကမ္ဘာလှည့်ခရီးသွားမြို့အဖြစ် ၂၀၂၀ မှ ၂၀၂၂ အထိ သတ်မှတ် ကြေညာခဲ့သည်။[ ၁]
ဧရိယာအကျယ်အဝန်း ၃၇၃.၇၈ စတုရန်း ကီလိုမီတာ (၁၄၄.၃၂ စတုရန်းမိုင်) မျှ ရှိပြီး မြို့တော်၏ လူဦးရေမှာ ခန့်မှန်းခြေ အားဖြင့် ၁.၈ သန်း ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သတ္တမမြောက် လူဦးရေအများဆုံး မြို့ ဖြစ်ကာ[ ၂] ဂျကာတာမြို့ ၊ဆူရာဘာယားမြို့ ၊ ဘန်ဒေါင်းမြို့ ၊ဘီကာစီမြို့၊မယ်ဒန်မြို့ နှင့် တန်ဂီရန်းမြို့ တို့ နောက်မှ လိုက်သည်။ ၂၀၁၀ ခုနှစ် လူဦးရေစာရင်းအရ မြို့ပြဒေသတွင် နေထိုင်သူ ၃,၁၈၃,၅၁၆ ဦး ရှိပြီး မြို့နှစ်မြို့ နှင့် ခရိုင် ၂၆ ခု ပါဝင်သည်။[ ၃] ဆီမာရန်း မက်ထရိုပိုလစ်တန်ဒေသ တွင် လူဦးရေ ၆ သန်းခန့် ရှိသည်။ မြို့တော်၏ လူဦးရေမှာ ဂျားဗားလူမျိုးများ အများစု ဖြစ်ပြီး များပြားလှစွာသော တရုတ်လူမျိုးများလည်း ရှိသည်။
ကိုးကား