ဆူဒန်နိုင်ငံကိုဩဒိနိတ်: 15°N 032°E / 15°N 32°E
ဆူဒန်နိုင်ငံသည် ပထဝီဝင်အရဆိုသော် အာဖရိကတိုက် မြောက်ပိုင်းအလယ်၌ ဆဟားရားနှင့် လစ်ဗျန် သဲကန္တာရတို့၏ တောင်ဘက်တွင် တည်ရှိ၍ အာဖရိကတိုက်အနောက်ဘက် ကမ်းခြေမှ အီသီအိုးပီးယား တောင်တန်းများအထိ မိုင် ၄ဝဝဝ ခန့်ဖြတ်သန်းလျက်ရှိသည်။ အနံအားဖြင့် မိုင် ၁ဝဝဝ နီးပါး ခန့်အထိ ရှိသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင် ၂ သန်း ခန့်ရှိ၍ လူဦးရေမှာ ၄ ကုဋေခန့်ရှိ၏။ ဤနယ်အတွင်း ပြင်သစ်ပိုင် အနောက်အာဖရိကနယ်ပယ်များ၊ ဗြိတိသျှပိုင် အနောက်အာဖရိကနယ်သစ်များနှင့် ယခင်က အင်္ဂလိုအီဂျစ်ရှင် ဆူဒန်ဟုခေါ်ခဲ့သော ဆူဒန်သမ္မတနိုင်ငံတို့ ပါဝင်၏။ ထို့ပြင် ဆင်နီဂေါမြစ်ဝှမ်း၊ နိုင်းဂျားမြစ် အလယ်ပိုင်း၊ နိုင်းမြစ်ဝှမ်းနှင့် ချက်အိုင်ကြီးတို့ တည်ရှိရာဒေသများသည် ဤနယ်အတွင်းကျ ရောက်လေသည်၊ ကျယ်ပြန့်သောကြောင့်လည်း သဲကန္တာရ၊ စတက်လွင်ပြင်နှင့် လွင်ပြင်ကြီးများစသည်ဖြင့် ဒေသအမျိုးမျိုး ရှိလေသည်။ လူမျိုးရေးအရဆိုသော် ဆူဒန်နယ်သည် မွတ်စလင် တို့ဩဇာလွှမ်းမိုးခြင်းခံရသော နီးဂရိုးလူမျိုးတို့ နေထိုင်ရာဒေသ ဖြစ်၏။ ဗောနူး၊ ဆွန်းဟိုင်း၊ ဖူးလာအစရှိသော အလယ်ခေတ် က နီးဂရိုးနိုင်ငံကြီးများ ထွန်းကားခဲ့သည့်နေလည်းဖြစ်လေ သည်၊ ပြင်သစ်ပိုင် ဆူဒန်နယ်မှာ ဆူဒန်နယ်နှင့် ဆဟားရား သဲကန္တာရတို့၏ နောက်ဖက်ပိုင်းဒေသများပါဝင်၍၊ စတုရန်းမိုင် ၅၉ဝ၉၆၆ ကျယ်ဝန်းပြီးလျှင် ၁၉၄၆ ခုနှစ် သန်းကောင်စာရင်း အရ လူဦးရေ ၃၈၁၂ဝဝဝ ယောက်ခန့်ရှိ၏။ မြို့တော်မှာ ဗမကိုးမြို့ဖြစ်သည်။ အများအားဖြင့် သဲကန္တာရဒေသများသာ ဖြစ်၍ အရှေ့ဘက် နှင့်တောင်ဘက်တွင် ကုန်းမြေမြင့်များရှိ၏။ ကေးမြို့ကိုဖြတ်၍ ဒါးကားမြို့နှင့် မီးရထားလမ်းအဆက်အသွယ် ရှိ လေသည်၊ မိုရော့ကိုနှင့်လည်း မော်တော်ကားလမ်းအဆက် အသွယ်ရှိ၏။ မြို့ကြီးများမှာ ဗမကိုး၊ ကေး၊ ဆီကားဆိုး၊ ဆေးဂူး၊ ဝါးအီဂူးယာ၊ ဂါးအိုး၊ တင်ဗတ်တူးမြို့များဖြစ်၏။ ထွက်ကုန်များမှာ မြေပဲ၊ သားရေ၊ ကြက်ပေါင်စေး၊ ဝါဂွမ်း၊ သိုးမွေး၊ ဖယောင်းစသည်တို့ဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ဗြိတိန်နှင့်သဘောတူချုပ်ဆိုသော စာချုပ်အရ၊ အရှေ့ဆူဒန်နယ်သည် ပြင်သစ်ပိုင် ဖြစ်လာလေ သည်။ ထိုစဉ်က အင်္ဂလိုအီဂျစ်ရှင်ဆူဒန်ဟု တွင်ခဲ့သောနယ်နှင့် ၁၉၂၄ ခုနှစ်တွင် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ခဲ့၏။ ၁၉၄၆ ခုနှစ်၌ ပြင်သစ်ပြည်ထောင်စုတွင် အပါအဝင်နယ်ပယ်အဖြစ် ပြန်လည် စည်းရုံးခဲ့သည့် အချိန်အထိ ကိုလိုနီ အဆင့်အတန်း၌ ရှိနေခဲ့လေသည်။ အဖရိကတိုက် အရှေ့မြောက်ပိုင်းဖြစ်သော အီဂျစ်ပြည်နှင့် အာဖရိတိုက်၏ အလယ်ပိုင်းတွင်ရှိသော ယူဂန်းဒါးနယ်အကြား ဒေသကို အင်္ဂလိပ်နှင့် အီဂျစ်အစိုးရတို့ ပူးတွဲအုပ်ချုပ်ခဲ့သဖြင့် အင်္ဂလိုအီဂျစ်ရှင် ဆူဒန်ဟု နှစ်ပေါင်းများစွာ ခေါ်ခဲ့လေသည်။ စတုရန်းမိုင် ၉၅ဝ၉၅ဝ ကျယ်ဝန်း၍ လူဦးရေ ၈၉၇၁၇၂ဝ ယောက်ရှိ၏။ ခါတွမ်းမြို့မှာ မြို့တော်ဖြစ်သည်။ ယင်းနယ်မှာ မြောက်ဘက်မှ တောင်ဘက်သို့ မိုင် ၁၆၅ဝရှိ၏။ မြောက်ဘက် တွင် အီဂျစ်နိုင်ငံ၊ အရှေ့ဘက်တွင် ပင်လယ်နီ၊ အီရစ်တရီးယား ပြည်နှင့် အီသီအိုးပီးယား နိုင်င်ငံ၊ တောင်ဘက်တွင် ကင်းန ယား၊ ယူဂန်းဒါးနှင့် ဗဲလဂျီယန်ကွန်ဂိုနယ်၊ အနောက်ဘက်တွင် ပြင်သစ်ပိုင် အီကွေတာပိုင်း အာဖရိကနှင့် လစ်ဗျားနိုင်ငံဟူ၍ အသီးသီးရှိကြ၏။ အင်္ဂလိုအီဂျစ်ရှင် ဆူဒန်နယ်သည် ပြင်သစ် ဆူဒန်နယ် ကဲ့သို့ပင် အများအားဖြင့် သဲကန္တာရများသာ ဖြစ်၏။ သို့ရာ တွင် အရှေ့မြောက်ဘက်ဒေသရှိ ပင်လယ်နီ တစ်လျှောက်နှင့် အနောက်ဘက်ရှိ ဒါးဖူးနယ်တွင် တောင်ထူထပ်၏။ ယင်းနယ် ကြီးကို စီရင်အုပ်ချုပ်ရန်အတွက် ပြည်နယ် ၈ ခုခွဲထားခဲ့လေ သည်။ ခါတွမ်းမြို့အပြင် အခြားမြို့ကြီး ၇ မြို့ရှိရာ၊ ဆူဒန် မြို့နှင့် ဆွားကင်မြို့တို့မှာ ပင်လယ်နီကမ်းခြေရှိ သင်္ဘောဆိပ်မြို့ များဖြစ်ကြလေသည်။ ရှေးအခါက ယင်းနယ်ကို အီဂျစ်ဘုရင်ခံချုပ် မဟာမက် အလီ(ခရစ် ၁၈၂ဝ-၂၂ ခုနှစ်)၏သားတော်ဟူစိန်က တိုက်ခိုက် သိမ်းယူခဲ့ရာ ၁၈၈၂ ခုနှစ်အထိ အမည်အားဖြင့် အီဂျစ်တို့၏ လက်အောက်ခံဖြစ်ခဲ့လေသည်။ ၁၈၈၃ ခုနှစ်၌ မာဒီခေါင်း ဆောင်သော အယူသည်းဆူဒန်နယ်သားတို့ ပုန်ကန်ထကြွ ခဲ့သည်တွင် အီဂျစ်တပ်များ အရေးနိမ့်ခဲ့သဖြင့် သူပုန်တို့ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ ၁၈၉၆-၉၈ ခုနှစ်တွင် အင်္ဂလိပ်ဗိုလ်ချုပ် ကစ်ချနာက အောင်မြင်စွာစစ်ဆင်နိုင်ခဲ့သဖြင့် သူပုန်အရေး အေးငြိမ်းခဲ့၍၊ နိုင်းမြစ်ဝှမ်း အထက်ပိုင်းမှာ ပြင်သစ်တို့ လွှမ်းမိုးမည့်ဘေးမှ လွတ်မြောက်ခဲ့၏။
ကိုးကား
|
Portal di Ensiklopedia Dunia