ဆူမတြာကျွန်း
ဆူမတြာကျွန်းသည် အရှေ့အိန္ဒိယကျွန်းစုတွင် အနောက်ဘက်အကျဆုံး ကျွန်းဖြစ်၍၊ စတုရန်မိုင် ၁၆၆၇၈၉ မိုင်ခန့် ကျယ်ပြန့်ပြီးလျှင် လူဦးရေ ၇၈၄၁၁၇၅ ယောက်ခန့်ရှိ၏။ ဝေါဟာရ ဇာစ်မြစ်![]() ဆူမာတြာကျွန်းကို ရှေးယခင်က ၎င်းကျွန်း၏ ကုန်းမြင့်ဒေသများတွင် တွေ့ရှိရသည့် ရွှေသိုက်များကြောင့် သက္ကတဘာသာဖြင့် "ရွှေကျွန်း" ဟု အဓိပ္ပာယ်ရသော 'သုဝဏ္ဏဒီပ' (Svarṇadvīpa) နှင့် "ရွှေပြည်" ဟု အဓိပ္ပာယ်ရသော 'သုဝဏ္ဏဘူမိ' (Svarṇabhūmi) ဟူ၍ ခေါ်ဆိုခဲ့ကြသည်။[၂][၃][၄][၅] ဟိန္ဒူဘာသာ၏ ဂန္ထဝင်လက်ရာ ကျမ်းတစ်ဆူဖြစ်သော ရာမာယဏ ဇာတ်တော်တွင် သုဝဏ္ဏဒွီပ (Suwarnadwipa) ကို ဖော်ပြထားခြင်းသည် ဆူမတြာ (Sumatra) ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု သမိုင်းသုတေသီများက သုံးသပ်ထားသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ ထိုဇာတ်တော်သည် အိန္ဒိယနှင့် အင်ဒိုနီးရှားကျွန်းစုများ၏ဆက်ဆံရေးကို မှတ်တမ်းတင်ထားသည့် ပထမဦးဆုံးသော အထောက်အထားတစ်ခုလည်းဖြစ်သည်။[၆] သွင်ပြင်လက္ခဏာများဆူမတြာကျွန်း တစ်ကျွန်းလုံးသည် လှပစိမ်းလန်းသော အုန်း၊ ထန်း၊ ဓနိစသော အပင်မျိုးတို့ဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ မျောက်၊ ဆင်၊ ကြံ့နှင့် တောဝက်စသော သားကောင်များလည်းရှိသည်။ မြင့်မားသော တောင်တန်းများ၌ ယခုထက်တိုင် အငွေ့တစ်လူလူတက်နေသော မီးတောင်များရှိသည်။ တောင်များ၏အနောက်ဘက်သည် မတ်စောက်၍ အရှေ့ဘက်ဆင်ခြေလျှောတွင် မြစ်ငယ်၊ ချောင်းငယ်များ စီးဆင်းလျက်ရှိ၏။ မြေဩဇာထက်သန်ကောင်းမွန်သဖြင့် သကြား၊ ဆန်စပါး၊ ကော်ဖီ၊ ငရုတ်ကောင်း၊ ဆေးရွက်များကို နိုင်ငံခြားသို့တင်ပို့ရန် များစွာ စိုက်ပျိုးကြ၏။ ဆူမတြားကျွန်းတွင် သံ၊ ကျောက်မီးသွေး၊ သံဖြူ၊ ရေနံ၊ ကြေးဝါနှင့် ရွှေများကို တွေ့ရှိရသည်။ ဆူမတြားကျွန်းရှိ လူမျိုးများမှာ အမျိုးမျိုးဖြစ်၍ ဘာသာစကားအမျိုးမျိုး ပြောဆိုကြ၏။ တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာကိုင်းကျွန်းကိုမှီခို၍ အသက်မွေးမြူကြသည်၊ အချို့တိုင်းရင်းသားများမှာမူ ယနေ့တိုင် မယဉ်ကျေးသေးဘဲ၊ လူရိုင်းဘဝဖြင့်သာ တောတောင်များကို မှီတင်း နေထိုင်လျက်ရှိကြ၏။ ရှေးအခါက ဟိန္ဒူတို့၏ ယဉ်ကျေးမှု လွှမ်းမိုးရာဖြစ်ခဲ့၍၊ ထိုရှေးအယူဝါဒဆိုင်ရာ အဆောက်အအုံပျက်များကို အချို့နေရာ များတွင် တွေ့ရ၏။ သို့ရာတွင် ၁၃ ရာစုနှစ်များအတွင်း၌ မွတ်စလင်တို့ လွှမ်းမိုးလာရာ၊ ယနေ့တိုင် တိုင်းရင်းသားများစွာတို့သည် မွတ်စလင်များဖြစ်ကြသည်။ ထို့နောက် ပေါ်တူဂီတို့က ဝင်ရောက် သိမ်းပိုက်ခဲ့ပြန်၍၊ ၁၆ ရာစုနှစ်ကုန်ခါနီးတွင် ပေါ်တူဂီတို့အား ဒပ်ချလူမျိုးတို့က တိုက်ခိုက်မောင်းထုတ်လိုက်ပြီးလျှင် ဒပ်ချလူမျိုးပိုင်ကျွန်း ဖြစ်ခဲ့လေသည်။ ဆူမတြားကျွန်းသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်လက်အောက်သို့ ကျရောက်ခဲ့သည်။ ပါးဒန်း၊ မယ်ဒန်မြို့နှင့် ပါလင်ဗန်းမြို့ကြီးများသည် မီးရထားအဆက်အသွယ်ရှိ၍ ထင်ရှားသောမြို့ကြီးများဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် ဆူမတြာကျွန်းအပါအဝင် အရှေ့အိန္ဒိယကျွန်းစုများကို စုပေါင်း၍၊ အင်ဒိုနီးရှားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ သို့ဖြင့် ဒပ်ချ်တို့နှင့် အချင်းများခဲ့ရာ ၁၉၄၉ ခုနှစ်တွင်မှ အင်ဒိုနီးရှားနိုင်ငံပေါ်ပေါက်လာလေသည်။[၇] ကိုးကား
|
Portal di Ensiklopedia Dunia