ဆောင်တူမေးနှင့်ပရင်စီပီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
República Democrática de São Tomé e Príncipe |
---|
|
ဆောင်ပုဒ်: ညီညွတ်ခြင်း၊ စည်းကမ်းနှင့် အလုပ် |
နိုင်ငံတော် သီချင်း: လုံးဝလွတ်လပ်ရေး |
 |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဆောင်တူမေးမြို့ |
---|
ရုံးသုံး ဘာသာစကားများ | ပေါ်တူဂီ |
---|
အမျိုးအစား | ဒီမိုကရက်တစ် သမ္မတနိုင်ငံ |
---|
အစိုးရ |
---|
• သမ္မတ | မင်နျူယယ် ပင်တို ဒါ ကိုစတာ |
---|
• ဝန်ကြီးချုပ် | ပက်ထရိုက် ထရိုဗိုအာဒါ |
---|
တည်ထောင် |
---|
• လွတ်လပ်ရေး (ပေါ်တူဂီမှ) | ဇူလိုင် ၁၂၊ ၁၉၇၅ |
---|
ဧရိယာ |
---|
• စုစုပေါင်း | ၁၀၀၁ km 2 (၃၇၂ စတုရန်းမိုင်) |
---|
• ရေထု (%) | ၀ |
---|
လူဦးရေ |
---|
• ခန့်မှန်း | ၁၆၃,၀၀၀[၁] |
---|
• သိပ်သည်းမှု | ၁၆၉.၁ /km 2 (၄၃၈.၂ / စတုရန်းမိုင်) |
---|
GDP (PPP) | ခန့်မှန်း |
---|
• စုစုပေါင်း | ၃၁၁ သန်း [၂] |
---|
• Per capita | ၁,၈၈၀ [၂] |
---|
HDI | ၀.၄၈၈ နိမ့် · ၁၂၇ |
---|
ငွေကြေး | ဒိုဘရာ |
---|
အချိန်ဇုန် | +၀ |
---|
တယ်လီဖုန်းကုဒ် | +၂၃၉ |
---|
Internet TLD | .st |
---|
ဆောင်တူမေးနှင့်ပရင်စီပီနိုင်ငံ ၏ တရားဝင် အခေါ်မှာ ဆောင်တူမေးနှင့် ပရင်စီပီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကအလယ်ပိုင်း၏ အနောက်ဘက် အီကွေတာ ကမ်းရိုးတန်း ကမ်းလွန်ရှိ ဂီနီပင်လယ်ကွေ့တွင် ရှိသော ပေါ်တူဂီစကားပြောသည့် ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဆောင်တူမေးနှင့် ပရင်စီပီဟူသော ကျွန်းနှစ်ခု ပါဝင်ကာ ၁၄၀ ကီလိုမီတာ (၈၇မိုင်) မျှ ကွာဝေးကြပြီး အရွယ်အစားမှာ ၂၅၀ ကီလိုမီတာ နှင့် ၂၂၅ ကီလိုမီတာ (၁၅၅ မိုင် နှင့် ၁၄၀မိုင်) အသီးသီး ရှိကြသည်။ ဂါဘွန်နိုင်ငံ၏ အနောက်မြောက်ဘက် ကမ်းရိုးတန်း ကမ်းလွန်တွင် တည်ရှိသည်။ ကျွန်းနှစ်ကျွန်း စလုံးမှာ မီးငြိမ်းသွားသော မီးတောင် တောင်တန်း၏ တစိတ်တဒေသ ဖြစ်ကြသည်။ ဆောင်တူမေးကျွန်းမှာ တောင်ဘက်ပိုင်းတွင် ရှိပြီး အီကွေတာ၏ မြောက်ဘက် ခပ်ကျကျတွင် တည်ရှိသည်။ ပေါ်တူဂီ နယ်မြေသစ် ရှာဖွေသူများမှ စိန့်သောမတ်ကို ဂုဏ်ပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်ပြီး သူတို့ ရောက်ရှိခဲ့သော နေ့မှာ စိန့်သောမတ်၏ ပွဲတော်နေ့ ဖြစ်သောကြောင့် ဖြစ်သည်။
၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁သိန်း ၆ သောင်း ၃ ထောင်မျှ ရှိသဖြင့် ဆောင်တူမေးနှင့် ပရင်စီပီသည် ဆေးရှဲလ်နိုင်ငံပြီးလျှင် အငယ်ဆုံးသော အာဖရိကနိုင်ငံ ဖြစ်သည်။ ယခင်က ဗြိတိသျှတို့၏ ရေမြေခြား နယ်မြေ မဟုတ်ခဲ့သော ၊ အမေရိကန်ပြည်ထောင်စု၏ စာချုပ်အရပိုင်ဆိုင်ခဲ့သော သို့မဟုတ် ဥရောပ၏ နိုင်ငံ အသေးစားများ မဟုတ်သော နိုင်ငံများတွင် အသေးဆုံးဖြစ်ပြီး ပေါ်တူဂီ စကားပြောသော နိုင်ငံများတွင်လည်း အသေးငယ်ဆုံးဖြစ်သည်။
ကိုးကား