ဆွေးနွေးချက်:ပြည်ထောင်စု လွှတ်တော်

ကန့်ကွက်

နောက်ဆုံး ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်မပြု လို့ ရေးထားတာကို ကန့်ကွက်ပါရစေ။ ဒါတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု တရားဝင် အစိုးရ ရဲ့ နောက်ဆုံးမဲရလဒ်တွေပါ။ စစ်တပ်က အာဏာသိမ်းလိုက်လို့ရေးတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုဆိုရင် "တပ်မတော်မှ အသိအမှတ်မပြု" ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အခုဟာက တရားဝင်အစိုးရ ကို မထီမဲ့မြင်ပြုထားပြီး ပုန်ကန်သူ ဗိုလ်ချုပ်မှုးကြီး နဲ့ တကွ သူ့ရဲ့ အဖွဲ့ ရဲ့ အလိုကျ ပုံစံမျိုး လုံးဝ ဖြစ်နေပါတယ်။ Editor in Myanmar (ဆွေးနွေး) ၁၅:၄၇၊ ၄ မတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

enwiki မှာတော့ annulled (ဖျက်သိမ်း/ပယ်ဖျက်) လို့တော့ ရေးထားတယ်။ အသိအမှတ်ပြု/မပြု လို့ ရေးတာထက် ပယ်ဖျက်ခံရ လို့ ရေးရင် ပိုသင့်တော်မလားပဲ။ NinjaStrikers «» ၀၄:၂၅၊ ၅ မတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers ပြောထားသလိုပဲ ပယ်ဖျက်/ ဖျက်သိမ်းဆိုရင် ပိုသင့်တာ်မယ်ထင်ပါတယ်။ Aung Koung Myat Bhone Htet (💬) ၀၈:၃၇၊ ၅ မတ် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

@Ninjastrikers @Aung Koung Myat Bhone Htet ကျနော်လည်း အဲ့သဘောပါပဲ။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya