ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့)ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ (၁၂၉ဝ)
ကိုယ်ရေးဖြစ်စဉ်၁၃ဝ၉ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် တောရဟန်း ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈာယ် ပြု၍ တောင်တွင်းကြီးမြို့ ရွှေအင်းတောင် ဘုရား အတွင်းရှိ ခဏ္ဍသိမ်၌ ရဟန်း အဖြစ်သို့ ရောက်ရှိသည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင် ဆရာတော်ကြီးများ ထံ၌ ပရိယတ္တိ စာပေများကို သင်ကြားခဲ့သည်။ အစိုးရ သာသနဓဇသီရိပဝရဓမ္မာ စရိယ၊ မန္တလေး သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့များ ရရှိခဲ့သည်။ လန်ဒန် စာမေးပွဲများ ကိုလည်း အောင်မြင် ခဲ့သည်။ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ စာချကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ အာရှ၊ ဥရောပ၊ အမေရိကတိုက် နိုင်ငံပေါင်း (၂ဝ) ခန့်သို့ သာသနာပြု ခရီး အဖြစ် လှည့်လည် ကြွတော်မူခြင်း၊ ကလေးမြို့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပင့်လျှောက်ချက် အရ ဟောကြားခဲ့ခြင်း၊ မန္တလေး ရတနာပုံ ရိပ်သာ၊ ရန်ကုန် မဟာစည် သာသနာ့ ရိပ်သာ၌ ပြည်တွင်း ပြည်ပ ယောဂီများအား တရားဓမ္မ ဟောပြော ပြသလျက် ရှိခြင်း စသော သာသနာပြု လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့၊ ၂၀၀၉ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ရရှိခဲ့သည်။ ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia