ဇဘီဟူလာ မူဂျာဟစ်ဇဘီဟူလာ မူဂျာဟစ် (Dari: ذبیح الله مجاهد ) သည် အာဖဂန်နစ္စတန်အစ္စလာမ္မစ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။ [၁][၂] မူဂျာဟစ်သည် တာလီဘန်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များအနက် တယောက်ဖြစ်ခဲ့ရာ အခြားသူတို့မှာ ဆူဟေးရှဟင်းနှင့် ယူစွတ်အာမဒီတို့ ဖြစ်၏။ မူဂျာဟစ်က အာဖဂန်နစ္စတန်ရှိ အရှေ့ပိုင်း, မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့မှ တာလီဘန်၏ လှုပ်ရှားမှုတို့ကို သတင်းထုတ်ပြန်သည်။ အာမဒီက အနောက်ပိုင်း၊ တောင်ပိုင်းတို့အတွက် တာဝန်ယူသည်။ [၃][၄] မူဂျာဟစ်သည် ၂၀၂၁ ခု၊ ဩဂုတ်လ ၁၇ ရက်တွင် လူရှေ့ စရပ်သည်။ [၅] ယခင်က ဂျာနယ်လစ်များနှင့် ပုံမှန်ဆက်သွယ်သော်လည်း ဖုန်းဖြင့်၎င်း၊ စာပို့၍၎င်း၊ ဂျီဟတ်ဝက်ဘဆိုက်နှင့် တွစ်တာတို့တွင် တင်၍၎င်း လူလုံးပျောက်သောနည်းနှင့်သာ နေသည်။ ယခင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မူဟာမက်ဟာနစ် အဖမ်းခံရသော ၂၀၀၇ ခု၊ ဇန်နဝါရီလတွင် စတင် ရာထူးရလာခြင်း ဖြစ်၏။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia