ဇီကာအဖျားရောဂါ
ဇီကာအဖျားရောဂါ (အင်္ဂလိပ်: Zika fever) သည် Flavivirus အမျိုးအစားဝင်ဖြစ်သော ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါတစ်ခု ဖြစ်သည်။ ရောဂါလက္ခဏာများသည် အခြား Flavivirus များကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ သို့မဟုတ် ချီကွန်ဂန်ယာအဖျားရောဂါ တို့နှင့် ဆင်တူသည်။[၁] သို့သော် မပြင်းထန်ပဲ လေးရက်မှ ခုနစ်ရက်အထိ ကြာတတ်သည်။ အချို့ (၆၀–၈၀%) တွင် ရောဂါလက္ခဏာမပြတတ်ပေ။[၂] ဖြစ်ပွားသူတို့တွင် တွေ့ရှိရသည့် အဓိကရောဂါလက္ခဏာမှာ တငွေ့ငွေ့ဖျားခြင်း၊ မျက်စိနာခြင်း၊ ယာယီအဆစ်နာခြင်း (အဓိကအားဖြင့် ခြေလက်များရှိ အဆစ်ငယ်များတွင် ဖြစ်သည်) နှင့် မျက်နှာအရေပြားတွင် အနီကွက်ထကာ ယားယံပြီး တစ်ကိုယ်လုံးသို့ ပြန့်သွားတတ်သည်။[၁] ယေဘုယျအားဖြင့် ရောဂါလက္ခဏာများမှာ မပြင်းထန်ပဲ ၂ ရက်မှ ၇ ရက်အထိသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင် ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် ဤရောဂါသည် ကိုယ်ဝန်ဆောင်မိခင်မှ တဆင့် သန္ဓေသားကို ကူးစက်ကာ မွေးရာပါချို့ယွင်းချက်အဖြစ် ဦးနှောက်မဖွံ့ဖြိုးသည့် ဦးခေါင်းသေးငယ်သည့်ရောဂါ microcephaly ဖြစ်စေနိုင်သည်ဟု ယူဆထားကြသည်။[၃] ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် သန္ဓေသားအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိခဲ့သော ဖြစ်စဉ်နှစ်ရပ်တွင် ရေမွှာရည်အတွင်း၌ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိရမှုကြောင့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ်နှင့် မွေးကင်းစ ဦးခေါင်းသေးငယ်သည့် ကလေးများအကြား ဆက်စပ်မှုကို သတိထားကြရန် နိုဝင်ဘာ ၂၀၁၅ တွင် ထုတ်ပြန်ခဲ့သည်။[၄][၅][၆] ၅ ဇန်နဝါရီ ၂၀၁၆ တွင် သတင်းထုတ်ပြန်ချက်အရ ထိုသန္ဓေသားနှစ်ဦးကို အာထရာဆောင်းဖြင့် စစ်ဆေးခဲ့ရာတွင် နှစ်ဦးစလုံးမှာ ဦးနှောက်အစိတ်အပိုင်းအချို့ ပျက်စီးမှုကြောင့် ဦးခေါင်းသေးငယ်နေကြောင်းကို တွေ့ရှိခဲ့ရသည်။[၇] ၁၂ ဒီဇင်ဘာ ၂၀၁၅ အထိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဇီကာဗိုင်းရပ်စ်ကူးစက်ခံရကာ ဦးခေါင်းသေးငယ်သည့် ကလေးများ မွေးဖွားခဲ့မှု ဖြစ်စဉ် အနည်းဆုံး ၂,၄၀၀ ရှိခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။[၈][၉][၁၀][၁၁] ရောဂါသွင်ပြင်နှင့် လက္ခဏာများဇီကာအဖျားရောဂါတွင် အများဆုံးတွေ့ရှိရသည့် လက္ခဏာမှာ ဖျားခြင်း၊ အရေပြားတွင် အဖုအပိန့်များထွက်ခြင်း၊ အဆစ်နာခြင်း၊ မျက်စိနာခြင်း (မျက်စိနီခြင်း)၊ ကြွက်သားနှင့် အရိုးများ နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်ကာ သွေးလွန်တုပ်ကွေးနှင့် ချီကွန်ဂန်ယာအဖျားရောဂါ လက္ခဏာများနှင့် ဆင်တူသည်။[၁၂] ခြင်ကိုက်ခံရပြီး ရောဂါပိုးကူးစက်ခံရချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်မှာ ရက်အနည်းငယ်မှ ရက်သတ္တပတ်အတွင်း ဖြစ်သည်။[၁၃] ရောဂါသည် တစ်ပတ်ခန့်အထိ ကြာတတ်ကာ မပြင်းထန်သလို ဆေးရုံတက်ကုသရန်လည်း လိုအပ်လေ့မရှိပေ။ ရောဂါကြောင့် သေဆုံးမှုမှာ ရှားပါးဖြစ်စဉ် ဖြစ်သည်။ ရောဂါကူးစက်ခြင်းအပူပိုင်းဒေသတွင် အတွေ့ရများသည့် အေးဒီးစ်ခြင်ကိုက်ခံရမှ တဆင့် ရောဂါကူးစက်သည်။[၁၄] တောင်ပစိဖိတ်သမုဒ္ဒရာ ရပ်ကျွန်းတွင် ဖြစ်ပွားခဲ့မှုတွင် ရောဂါပိုးသယ်ဆောင်သည့်ခြင်မှာ Aedes hensilli ဖြစ်ပြီး ၂၀၁၃ ခုနှစ် ပြင်သစ်ပိုလီနီးရှားတွင် ဖြစ်ပွားခဲ့မှုတွင် Aedes polynesiensis ခြင်ကြောင့် ဖြစ်သည်။[၁၅] လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်မှု နှစ်ခုနှင့် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်မှုရှိကြောင်းလည်း အစီရင်ခံထားသည်။[၁၆] အခြား flavivirus များနှင့် မတူသည်မှာ သွေးသွင်းခြင်းမှလည်း ကူးစက်နိုင်ခြေရှိသဖြင့် ရောဂါဖြစ်ပွားလျက်ရှိသော နိုင်ငံများတွင် သွေးလှူရှင်များအား စစ်ဆေးရန် နည်းလမ်းများ ချမှတ်ထားကြသည်။[၁၇] ကာကွယ်ခြင်းလက်ရှိအချိန်တွင် ဇီကာအဖျားရောဂါကို ကာကွယ်နိုင်မည့် ကာကွယ်ဆေး မရှိသေးပဲ အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံမှ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။[၁၈][၁၉][၂၀] ခြင်မှတဆင့် ကူးစက်ခြင်းကြောင့် ခြင်နှိမ်နင်းခြင်းနှင့် ခြင်ကိုက်မခံရစေရန် နေထိုင်ခြင်းသည် ရောဂါထိန်းချုပ်ရာတွင် အရေးပါနေသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနက အကြံပြုချက်များမှာ[၂၁]
ဆေးကုသမှုဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုအတွက် တိကျသည့် ကုသမှုနည်းလမ်း မရှိသေးပေ။ နာကျင်ခြင်း၊ ဖျားနာခြင်းနှင့် ယားယံခြင်းတို့ကို ဂရုပြု ကုသရန်သာ ဖြစ်သည်။[၁၅] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia