ဇီလန်းဒီးယား
![]() ဇီလန်းဒီးယာ (သို့မဟုတ် တက်စ်မန်တစ်) ဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း သန်း၈၀ခန့်က နစ်မြုပ်ပျောက်ကွယ်သွားသော တိုက်ကြီး တစ်တိုက်ဖြစ်သည်။[၂] ဇီလန်းဒီးယားဟူသော အမည်နှင့် အဆိုပါတိုက်ကြီးတည်ရှိခဲ့ကြောင်း အယူအဆကို ၁၉၉၅ခုနှစ်တွင် အမေရိကန်လူမျိုး ဘူမိဗေဒပညာရှင် လူယန်ဒိုက်ဆိုသူက အဆိုပြုခဲ့သည်။ ၎င်း၏ ဂြိုဟ်တုပုံရိပ်အရ ဇီလန်းဒီးယားတိုက်၏ အရွယ်အစားမှာ လက်ရှိ ဩစတြေးလျတိုက်နီးပါးအရွယ်အစား ဖြစ်မည်ဟု သုံးသပ်ကြသည်။[၃] ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ ဇီလန်းဒီးယားသည် နှစ်ပေါင်း ၁ ဘီလီယံသက်တမ်းရှိပြီး ယခင်က ဘူမိဗေဒပညာရှင်များ ထင်ခဲ့ကြသည်ထက် နှစ်ဆခန့်ပိုကြီးသည်ဟု ဆိုသည်။[၄] ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၃ သန်းခန့်ကတည်းက ဇီလန်းဒီးယားတိုက်၏ မြေထုသည် လုံးလုံးမြုပ်နှင့်ပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် ဇီလန်းဒီးယားတိုက်၏ မြေထုအများစု (၉၄%) သည် ပစိဖိတ်သမုဒ္ဒရာ အောက်၌နစ်မြုပ်နေဆဲဖြစ်သည်။ နယူးဇီလန်နိုင်ငံ သည် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ရှိနေသော ဇီလန်းဒီးယားတိုက်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး နယူးကယ်လီဒိုးနီးယားမှာ ဒုတိယဖြစ်သည်။ ဗျုပ္ပတ်နယူးဇီလန် ဘူမိဗေဒနှင့် နျူကလိယဆိုင်ရာ သုတေသနအဖွဲ့အစည်း ဂျီအန်အက်စ် က နာမည်နှစ်ခုကို အသိအမှတ်ပြုထားသည်။ တစ်ခုမှာ ဇီလန်းဒီးယား (Zealandia) ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားတွင် အသုံးအများဆုံးဖြစ်ကာ နယူးဇီလန်နိုင်ငံ၏ လက်တင်ဘာသာအမည်လည်း ဖြစ်သည်။ အဆိုပါအမည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲလာခဲ့သည်။ လူဦးရေ၂၀၂၁ခုနှစ် အချက်အလက်များအရ ဇီလန်းဒီးယားတိုက် ဒေသတစ်ဝိုက်တွင် နေထိုင်သူ လူဦးရေ ၅.၄သန်းခန့် ရှိသည်။
ဆက်လက်ဖတ်ရှုရန်ကိုးကားချက်
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia