ဇီဝမျိုးစုံမျိုးကွဲ မှို အမျိုးအစားများ
ဇီဝမျိုးစုံမျိုးကွဲ (အင်္ဂလိပ် : Biodiversity ) ဆိုသည်မှာ ကမ္ဘာပေါ်ရှိ သက်ရှိ ၏ ဇီဝဆိုင်ရာ မျိုးကွဲနှင့် ရရှိနိုင်မှုဖြစ်သည်။[ ၁] ဇီဝမျိုးစုံမျိုးကွဲသည် မျိုးရိုးဗီဇ၊ မျိုးစိတ် နှင့် ဂေဟစနစ် အဆင့်ကို တိုင်းတာခြင်းဖြစ်သည်။ ကုန်းနေ ဇီဝမျိုးစုံမျိုးကွဲမှာ အီကွေတာ အနီးတွင် ပုံမှန်အားဖြင့် ပိုကြီးမားသည်။[ ၂] အကြောင်းမှာ ပူနွေးသောရာသီဥတုနှင့် မြင့်မားသော ပင်မ မျိုးပွားမှုကြောင့်ဖြစ်သည်။[ ၃] ဇီဝမျိုးစုံမျိုးကွဲသည် ကမ္ဘာပေါ်တွင် အညီအမျှ ဖြန့်ကျက်မနေပေ၊ အပူပိုင်းဒေသတွင် ပိုမိုပေါကြွယ်ဝသည်။[ ၄] အပူပိုင်းသစ်တောဂေဟစနစ်များသည် ကမ္ဘာ့မျက်နှာပြင်၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိသော်လည်း ကမ္ဘာ့မျိုးစိတ်ပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ထောက်ပံ့ထားသည်။[ ၅] အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲသည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်အမြင့်ဆုံးဖြစ်သော ကမ်းရိုးတန်းဒေသများတွင် ပိုမိုမြင့်မားသည်။[ ၆] ဇီဝမျိုးစုံမျိုးကွဲသည် အစုအပြုံဖြင့် ပိုမိုဖြစ်ထွန်းပြီး[ ၇] အချိန်နှင့်အမျှ ပိုမိုများပြားလာလေ့ရှိသည်။[ ၈] [ ၉] သို့သော် သစ်တောပြုန်းတီးမှုများကြောင့် အနာဂတ်ကာလတွင် နှေးကွေးနိုင်ဖွယ်ရှိလေသည်။[ ၁၀]
အလွန်လျင်မြန်စွာ ရာသီဥတုပြောင်းလဲမှုများသည် အစုလိုက်အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်မှုများကို ဖြစ်စေသည်။[ ၁၁] [ ၁၂] [ ၁၃] ကမ္ဘာပေါ်တွင် နေထိုင်ကျက်စားကျင်လည်ခဲ့ဖူးခဲ့သမျှသော မျိုးစိတ်ပေါင်းအားလုံး၏ ၉၉.၉ ရာခိုင်နှုန်း မျိုးစိတ်ပေါင်း ၅ ဘီလီယံခန့်သည်[ ၁၄] မျိုးသုဉ်းပျောက်ကွယ်သွားမည်ဟု ခန့်မှန်းကြသည်။[ ၁၅] [ ၁၆] လက်ရှိ ကမ္ဘာပေါ်တွင် ရှိနေသော မျိုးစိတ်များမှာ ၁၀ မီလီယံမှ ၁၄ မီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။[ ၁၇] ယင်းတို့ထဲမှ ၁.၂ မီလီယံကို စာရင်းပြုစုနိုင်ထားသော်လည်း ၈၆ ရာခိုင်နှုန်းကျော်ကိုမူ သေချာစွာ မှတ်တမ်းမတင်နိုင်သေးပေ။[ ၁၈] ကမ္ဘာပေါ်ရှိ ဆက်စပ် DNA အခြေပြု စုံတွဲများပမာဏမှာ ခန့်မှန်းခြေ 5.0 x 1037 ရှိပြီး အလေးချိန်တန် ၅၀ ဘီလီယံ ရှိသည်။[ ၁၉] နှိုင်းယှဉ်ရသော် ဇီဝလွှာ (biosphere) ၏ စုစုပေါင်းဒြပ်ထုမှာ ကာဗွန် တန်ချိန် ၄ ထရီလီယံခန့်နှင့်ညီမျှသော ဒြပ်ထုရှိသည်ဟု ခန့်မှန်းသည်။[ ၂၀]
ကမ္ဘာ၏ သက်တမ်းသည် နှစ်ပေါင်း ၄.၅၄ ဘီလီယံ ရှိသည်။[ ၂၁] [ ၂၂] [ ၂၃] ကမ္ဘာပေါ်ရှိ အစောဆုံးတည်ရှိခဲ့သော သက်ရှိ၏ သက်သေအထောက်အထားမှာ လွန်ခဲ့သောနှစ်ပေါင်း ၃.၅ ဘီလီယံအကြာကဖြစ်သည်။[ ၂၄] [ ၂၅] [ ၂၆] ဩစတျေးလျ အနောက်ပိုင်းရှိ ၃.၄၈ ဘီလီယံနှစ်သက်တမ်းရှိ သဲကျောက်တွင် အဏုဇီဝကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့သည်။[ ၂၇] [ ၂၈] [ ၂၉] ဂရင်းလန်း အနောက်ပိုင်းရှိ နှစ်ပေါင်း ၃.၇ ဘီလီယံသက်တမ်းရှိ ဂရပ်ဖိုက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။[ ၃၀] ၂၀၁၅ ခုနှစ်တွင် သက်ရှိ၏ရုပ်ကြွင်းတစ်ခုကို အနောက်ပိုင်း ဩစတျေးလျတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။ ယင်းသည် သက်တမ်း နှစ်ပေါင်း ၄.၁ ဘီလီယံ ရှိပြီဖြစ်သည်။[ ၃၁] [ ၃၂] သုတေသနတစ်ယောက်၏အဆိုအရ အသက်ဇီဝသည် ကမ္ဘာပေါ်တွင် လျင်မြန်စွာဖြစ်ထွန်းပါက စကြဝဠာတွင်လည်း တွေ့ရလေ့ရှိသောအရာဖြစ်နိုင်သည် [ ၃၁] ဟု ဆိုလေသည်။
ကမ္ဘာပေါ်တွင် အသက်ဇီဝဖြစ်ထွန်းခဲ့ကတည်းက ကြီးမားသော မျိုးသုဉ်းပျောက်ကွယ်မှုကြီး ၅ ခုနှင့် အခြားသောဖြစ်ရပ်သေးများသည် ဇီဝမျိုးစုံမျိုးကွဲ ရုတ်တရက် လျော့ကျမှုကို ဖြစ်စေခဲ့သည်။ လွန်ခဲ့သောနှစ်သန်းပေါင်း ၅၄၀ အကြာက ဖာနီရိုဇိုးနစ် ကာလ (Phanerozoic eon) တွင် ပထမဆုံး ဆဲလ်များစွာရှိသောသက်ရှိ ဖြစ်ထွန်းမှုကြောင့်[ ၃၃] ဇီဝမျိုးစုံမျိုးကွဲသည် လျင်မြန်စွာ ကြီးထွားခဲ့သည်။ နောက်ထပ် နှစ်သန်းပေါင်း ၄၀၀ မှာ ကြီးမားသော မျိုးသုဉ်းပျောက်ကွယ်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ကာဗွန်နီဖီးရိယပ် (Carboniferous) ကာလတွင် မိုးသစ်တော ပျက်စီးမှုကြောင့် အပင် နှင့် တိရစ္ဆာန် များစွာ ဆုံးရှုံးခဲ့ရသည်။[ ၃၄] လွန်ခဲ့သောနှစ်သန်းပေါင်း ၂၅၁ အကြာကဖြစ်ခဲ့သော Permian–Triassic မျိုးသုဉ်းမှုဖြစ်ရပ်သည် အဆိုးဆုံးဖြစ်သည်။ အပင်များပြန်လည်ရှင်သန်ရန် နှစ်သန်းပေါင်း ၃၀ အချိန်ယူခဲ့ရသည်။[ ၃၅] များမကြာခင်က ဖြစ်ပွားခဲ့သော Cretaceous–Paleogene မျိုးသုဉ်းမှုဖြစ်ရပ်သည် လူအများ၏ အာရုံစိုက်ခြင်းကိုခံရသည်။ အကြောင်းမှာ ယင်းဖြစ်ရပ်၌ ကမ္ဘာပေါ်တွင် ရှင်သန်ခဲ့ဖူးသော ဒိုင်နိုဆော များ မျိုးသုဉ်းပျောက်ခဲ့သောကြောင့်ဖြစ်သည်။[ ၃၆]
လူသားများ အုပ်စိုးသည့်ကာလရောက်လာသောအခါ ဇီဝမျိုးစုံမျိုးကွဲ လျော့နည်းမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လူသားများကြောင့်ဖြစ်သော မျိုးသုဉ်းမှုကို Holocene မျိုးသုဉ်းမှုဟုခေါ်သည်။[ ၃၇] ကုလသမဂ္ဂ သည် ၂၀၁၁-၂၀၂၀ ခုနှစ်ကို ဇီဝမျိုးစုံမျိုးကွဲ ဆယ်စုနှစ်ဟု ကြေညာခဲ့သည်။[ ၃၈] ၂၀၂၁-၂၀၃၀ ခုနှစ်ကို ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်အဖြစ် ကြေညာခဲ့သည်။[ ၃၉] IPBES မှ တင်ပြသော ၂၀၁၉ ခုနှစ် Global Assessment Report on Biodiversity and Ecosystem Services အစီရင်ခံစာအရ ၂၅ ရာခိုင်နှုန်းသော အပင်နှင့်တိရစ္ဆာန်တို့သည် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တာရာယ်နှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။[ ၄၀] [ ၄၁] [ ၄၂] IPBES ၏ ၂၀၂၀ အစီရင်ခံစာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုကိုဖြစ်စေသည့် လူသားတို့၏ တူညီသောလုပ်ဆောင်ချက်များသည် ကမ္ဘာကပ်ရောဂါ (Pandemic) များကို ဖြစ်စေသည်ဟုဆိုသည်။
ကိုးကား
↑ What is biodiversity? ။ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် , World Conservation Monitoring Centre။ 29 August 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Gaston, Kevin J. (11 May 2000). "Global patterns in biodiversity ". Nature 405 (6783): 220–227. doi :10.1038/35012228 . PMID 10821282 .
↑ Field, Richard (1 January 2009). "Spatial species-richness gradients across scales: a meta-analysis". Journal of Biogeography 36 (1): 132–147. doi :10.1111/j.1365-2699.2008.01963.x .
↑ Gaston၊ Kevin J.; Spicer၊ John I. (2013-04-22)။ Biodiversity: An Introduction (အင်္ဂလိပ်ဘာသာစကားဖြင့်)။ John Wiley & Sons။ ISBN 978-1-118-68491-7 ။ 31 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 11 October 2021 တွင် ပြန်စစ်ပြီး ။
↑ Young, Anthony. "Global Environmental Outlook 3 (GEO-3): Past, Present and Future Perspectives." The Geographical Journal , vol. 169, 2003, p. 120.
↑ Tittensor, Derek P. (28 July 2010). "Global patterns and predictors of marine biodiversity across taxa". Nature 466 (7310): 1098–1101. doi :10.1038/nature09329 . PMID 20668450 . Bibcode : 2010Natur.466.1098T .
↑ Myers, Norman (24 February 2000). "Biodiversity hotspots for conservation priorities ". Nature 403 (6772): 853–858. doi :10.1038/35002501 . PMID 10706275 . Bibcode : 2000Natur.403..853M .
↑ McPeek, Mark A. (1 April 2007). "Clade Age and Not Diversification Rate Explains Species Richness among Animal Taxa". The American Naturalist 169 (4): E97–E106. doi :10.1086/512135 . PMID 17427118 .
↑ Peters၊ Shanan။ Sepkoski's Online Genus Database ။ University of Wisconsin-Madison။ 8 March 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Rabosky, Daniel L. (1 August 2009). "Ecological limits and diversification rate: alternative paradigms to explain the variation in species richness among clades and regions". Ecology Letters 12 (8): 735–743. doi :10.1111/j.1461-0248.2009.01333.x . PMID 19558515 .
↑ Charles Cockell; Christian Koeberl & Iain Gilmour (18 May 2006)။ Biological Processes Associated with Impact Events (1 ed.)။ Springer Science & Business Media။ pp. 197–219။ Bibcode :2006bpai.book.....C ။ ISBN 978-3-540-25736-3 ။
↑ Algeo, T. J. (29 January 1998). "Terrestrial-marine teleconnections in the Devonian: links between the evolution of land plants, weathering processes, and marine anoxic events ". Philosophical Transactions of the Royal Society B: Biological Sciences 353 (1365): 113–130. doi :10.1098/rstb.1998.0195 .
↑ Bond, David P.G. (1 June 2008). "The role of sea-level change and marine anoxia in the Frasnian–Famennian (Late Devonian) mass extinction ". Palaeogeography, Palaeoclimatology, Palaeoecology 263 (3–4): 107–118. doi :10.1016/j.palaeo.2008.02.015 . Bibcode : 2008PPP...263..107B . 29 August 2021 ၌ မော်ကွန်းပြန်ကြည့်စက် တွင် မော်ကွန်းတင်ပြီး .
↑ Kunin, W.E.; Gaston, Kevin, eds. (31 December 1996)။ The Biology of Rarity: Causes and consequences of rare—common differences ။ ISBN 978-0-412-63380-5 ။ 26 May 2015 တွင် ပြန်စစ်ပြီး ။
↑ Stearns၊ Beverly Peterson; Stearns၊ S. C.; Stearns၊ Stephen C. (2000)။ Watching, from the Edge of Extinction ။ Yale University Press။ p. preface x။ ISBN 978-0-300-08469-6 ။ 21 May 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 30 May 2017 တွင် ပြန်စစ်ပြီး ။
↑ Novacek၊ Michael J.။ "Prehistory's Brilliant Future "၊ The New York Times ၊ 8 November 2014။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 29 December 2014။
↑ G. Miller; Scott Spoolman (2012)။ Environmental Science – Biodiversity Is a Crucial Part of the Earth's Natural Capital ။ Cengage Learning။ p. 62။ ISBN 978-1-133-70787-5 ။ 27 December 2014 တွင် ပြန်စစ်ပြီး ။
↑ "How many species are there on Earth and in the ocean? " (23 August 2011). PLOS Biology 9 (8): e1001127. doi :10.1371/journal.pbio.1001127 . PMID 21886479 .
↑ Nuwer၊ Rachel။ "Counting All the DNA on Earth "၊ The New York Times ၊ 18 July 2015။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 18 July 2015။
↑ The Biosphere: Diversity of Life ။ Aspen Global Change Institute ။ 2 September 2010 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Age of the Earth ။ U.S. Geological Survey (1997)။ 23 December 2005 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Dalrymple, G. Brent (2001). "The age of the Earth in the twentieth century: a problem (mostly) solved". Special Publications, Geological Society of London 190 (1): 205–221. doi :10.1144/GSL.SP.2001.190.01.14 . Bibcode : 2001GSLSP.190..205D .
↑ Manhesa, Gérard (1980). "Lead isotope study of basic-ultrabasic layered complexes: Speculations about the age of the earth and primitive mantle characteristics ". Earth and Planetary Science Letters 47 (3): 370–382. doi :10.1016/0012-821X(80)90024-2 . Bibcode : 1980E&PSL..47..370M .
↑ "Evidence of Archean life: Stromatolites and microfossils" (5 October 2007). Precambrian Research 158 (3–4): 141–155. doi :10.1016/j.precamres.2007.04.009 . Bibcode : 2007PreR..158..141S .
↑ Schopf, J. William (29 June 2006). "Fossil evidence of Archaean life ". Philosophical Transactions of the Royal Society B: Biological Sciences 361 (1470): 869–885. doi :10.1098/rstb.2006.1834 . PMID 16754604 .
↑ Hamilton Raven၊ Peter; Brooks Johnson၊ George (2002)။ Biology ။ McGraw-Hill Education။ p. 68။ ISBN 978-0-07-112261-0 ။ 7 July 2013 တွင် ပြန်စစ်ပြီး ။
↑ Borenstein၊ Seth။ "Oldest fossil found: Meet your microbial mom "၊ AP News ၊ 13 November 2013။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 29 June 2015။
↑ Pearlman၊ Jonathan။ "'Oldest signs of life on Earth found' – Scientists discover potentially oldest signs of life on Earth – 3.5 billion-year-old microbe traces in rocks in Australia "၊ The Telegraph ၊ 13 November 2013။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 7 May 2020။
↑ "Microbially Induced Sedimentary Structures Recording an Ancient Ecosystem in the ca. 3.48 Billion-Year-Old Dresser Formation, Pilbara, Western Australia " (8 November 2013). Astrobiology 13 (12): 1103–1124. doi :10.1089/ast.2013.1030 . PMID 24205812 . Bibcode : 2013AsBio..13.1103N .
↑ "Evidence for biogenic graphite in early Archaean Isua metasedimentary rocks" (8 December 2013). Nature Geoscience 7 (1): 25–28. doi :10.1038/ngeo2025 . Bibcode : 2014NatGe...7...25O .
↑ ၃၁.၀ ၃၁.၁ Borenstein၊ Seth။ "Hints of life on what was thought to be desolate early Earth "၊ 19 October 2011။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 23 October 2015။
↑ "Potentially biogenic carbon preserved in a 4.1 billion-year-old zircon " (24 November 2015). Proc. Natl. Acad. Sci. U.S.A. 112 : 14518–14521. doi :10.1073/pnas.1517557112 . PMID 26483481 . Bibcode : 2015PNAS..11214518B .
↑ The Cambrian Period ။ University of California Museum of Paleontology။ 15 May 2012 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Sahney, S. (2010). "Rainforest collapse triggered Pennsylvanian tetrapod diversification in Euramerica ". Geology 38 (12): 1079–1082. doi :10.1130/G31182.1 . Bibcode : 2010Geo....38.1079S .
↑ "Recovery from the most profound mass extinction of all time " (2008). Proceedings of the Royal Society B: Biological Sciences 275 (1636): 759–765. doi :10.1098/rspb.2007.1370 . PMID 18198148 .
↑ Cretaceous-Tertiary mass extinction videos, news and facts ။ BBC Nature။ 9 June 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ "Vanishing fauna (Special issue)" (25 July 2014). Science 345 (6195): 392–412. doi :10.1126/science.345.6195.392 . PMID 25061199 . Bibcode : 2014Sci...345..392V .
↑ United Nations Decade on Biodiversity | United Nations Educational, Scientific and Cultural Organization (in en)။ 9 October 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ New UN Decade on Ecosystem Restoration to inspire bold UN Environment Assembly decisions (6 March 2019)။ 7 December 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
↑ Staff။ "Media Release: Nature's Dangerous Decline 'Unprecedented'; Species Extinction Rates 'Accelerating' "၊ Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services ၊ 6 May 2019။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 14 June 2019။
↑ Watts၊ Jonathan။ "Human society under urgent threat from loss of Earth's natural life "၊ The Guardian ၊ 6 May 2019။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 14 June 2019။
↑ Plumer၊ Brad။ "Humans Are Speeding Extinction and Altering the Natural World at an 'Unprecedented' Pace "၊ The New York Times ၊ 6 May 2019။ 11 October 2021 တွင် ပြန်စစ်ပြီး ။ Archived from the original on 14 June 2019။