ဇီဝရုပ်ကြွင်းလောင်စာ![]() ဇီဝရုပ်ကြွင်းလောင်စာများ သည် သက်ရှိများ သေကြေပျက်စီးပြီး သဘာဝအလျောက် ဖြစ်ပေါ်လာသော လောင်စာပင် ဖြစ်သည်။[၁] သက်ရှိနှင့် ယင်းတို့၏ရုပ်ကြွင်းများသည် ယေဘုယျအားဖြင့် နှစ်သိန်းပေါင်းများစွာ ကြာမြင့်ကာ တခါတရံ၌ နှစ်သိန်းပေါင်း ၆၅၀ ကျော်လွန်သည်။[၂] ရုပ်ကြွင်း လောင်စာများတွင် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဓာတ်ဆီစသော ကာဗွန် ရာခိုင်နှုန်းများစွာ ပါဝင်သည်။[၃] အများအားဖြင့် အခြားပါဝင်ပစ္စည်းများမှာ ရေနံဆီနှင့် ပရိုပိန်းတို့ဖြစ်သည်။ ရုပ်ကြွင်းလောင်စာများ ဖြစ်တည်လာခြင်းသည် အပင်များသေဆုံးကာ[၄] ကမ္ဘာ့ကျောက်လွာကြားတွင် နှစ်ပေါင်းများစွာ ဖိသိပ်ခံရပြီးနောက် ဖြစ်လာသည်ဟု ဆိုသည်။[၅] ယင်းအဆိုအား ၁၅၅၆ ခုနှစ်တွင် Georgius Agricola ဆိုသူက ပထမဆုံးမိတ်ဆက်ခဲ့သည်။ စွမ်းအင် သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီ ၃၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂၇.၄ ရာခိုင်နှုန်း၊သဘာဝဓာတ်ငွေ့ ၂၃ ရာခိုင်နှုန်း အသီးသီး ကမ္ဘာတစ်ဝန်း အသုံးပြုကြသည်ဆိုသည်။[၆] ၂၀၀၆ ခုနှစ်အရ ရုပ်ကြွင်းလောင်စာမဟုတ်သော လောင်စာများမှာ နယူကလိလား စွမ်းအင် ၈.၅%၊ ရေအား ၆.၃% ဖြစ်ကြပြီး အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဒီရေစွမ်းအင်၊ ထင်းနှင့် စွန့်ပစ်ပစ္စည်းသုံးစွမ်းအင်တို့မှာ ၀.၉% ရှိသည်ဟုဆိုသည်။[၇] ကမ္ဘာ့စွမ်းအင် သုံးစွဲမှုသည် နှစ်စဉ် ၂.၃% တိုးပွားလျက်ရှိသည်။ ရုပ်ကြွင်းလောင်စာများသည် ဖြစ်တည်ရန် နှစ်သိန်းပေါင်းများစွာ ကြာမြင့်သောကြောင့် ယင်းတို့အား အစားမထိုးနိုင်သောစွမ်းအင်များဟု ယူဆရပေမည်။ သို့သော် ရုပ်ကြွင်းလောင်စာ ဖြစ်တည်ရန် အချိန်ပေးရသည့်ကာလထက် အသုံးချမှုက များပြားလျက်ရှိသည်။[၈][၉] ရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုလည်း စိုးရိမ်ဖွယ် ဖြစ်စေသည်။ တစ်နှစ်လျင် ရုပ်ကြွင်းလောင်စာမှ လောင်ကျွမ်းမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂၁. ဘီလီယံ လေထုသို့ ရောက်စေသည်။ သဘာဝတရားက ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၏ ထက်ဝက်ကိုသာလျင် စုပ်ယူပေးနိုင်ပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျင် တန်ချိန် ၁၀.၆၅ ဘီလီယံ တိုးပွားလျက်ရှိသည်။[၁၀] ကာဗွန်ဒိုင်အောက်ဆိဒ်သည် ဖန်လုံအိမ်သာနိသင် ဖြစ်စေသည့် ပင်မအချက်ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုအား ကူညီပေးရာရောက်သည်။ ဖွံဖြိုးမြဲစွမ်းအင်များကို အသုံးပြုခြင်းသည် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျော့ကျစေပေမည်။
ကိုးကား
|
Portal di Ensiklopedia Dunia