ညောင်ကန်အေးဆရာတော်
ညောင်ကန်အေးဆရာတော် ဘဒ္ဒန္တဣန္ဒက (၁၆ ဧပြီ ၁၉၃၉ – ၈ စက်တင်ဘာ ၂၀၁၇) သည်[၁] မြန်မာ ဗုဒ္ဓဘာသာ ဩဝါဒါစရိယဆရာတော်တစ်ပါး ဖြစ်သည်။ မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ တွင် သီတင်းသုံးနေထိုင်ခဲ့သည်။ ထေရုပ္ပတ္တိဆရာတော်ကို ၁၉၃၉ ခုနှစ် ဧပြီလ ၁၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၃) ရက် တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၌ ခမည်းတော် ဦးဘဒေါင် မယ်တော် ဒေါ်ပွဲဟန်တို့က မွေးဖွားခဲ့သည်။ အသက်(၁၃)နှစ်သားအရွယ်၌ ညောင်ကန်ရွာ ရှစ်မျက်နှာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသကို ဥပဇ္ဈာယ် ပြု၍ “ ရှင်ဣန္ဒက ’’ ဘွဲ့အမည်ဖြင့် ရှင်သာမဏေအဖြစ် ခံယူသည်။ ၁၃၂၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလဆန်း (၅)ရက်နေ့၊ ညောင်ကန်ရွာ၊ ရှစ်မျက်နှာကျောင်းတိုက်၊ သင်္ဘောကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ စာပေသင်ယူခြင်း၁၃၃၁- နှစ်မှစ၍၊ ဥပဇ္ဈာယ်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသနှင့် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်၊ ကံ့ကော်ကျောင်း၊ မုံရွာမြို့ မဏိရတနာပုံကျောင်းတိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်ကြီး) စသည့် စာချအကျော် ဆရာတော်များထံတွင် ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ ပါဠိအဋ္ဌကထာ ဋီကာများကို ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့လာဆည်းပူးသင်ယူခဲ့သည်။ အောင်မြင်ခဲ့သောစာမေးပွဲများပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာများကို ပခုက္ကူနည်း (ဆိုဝါ) အဖြစ်ဖြင့် ကျွမ်းကျင်နိုင်နင်းစွာ လေ့လာဆည်းပူးသင်ယူအောင်မြင်ခဲ့သည်။ သာသနာရေးဆောင်ရွက်ချက်များရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ မဟာစည်ဆရာတော်ဘုရားကြီး၏တာဝန်ပေးအပ်ချက်အရ ၁၃၃၈- ခုနှစ်မှ ၁၃၄၂ ခုနှစ်အထိ(၅)နှစ်တာမျှ သင်တန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာတည်ထောင်သည့် ၁၃၄၂ ခုနှစ်မှစတင်၍ ညောင်ကန်အေး သာသနာ့ရိပ်သာတွင် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ညောင်ကန်အေးဆရာတော်မှ နှစ်စဉ်ကျင်းပပေးခဲ့သည်။ ညောင်ကန်အေးဆရာတော် တည်ထောင်ဖွင့်လှစ်သည့် ညောင်ကန်အေးပြည်တွင်းပြည်ပသာသနာပြုသင်တန်း ကို ၁၃၅၅ ခု၊ ဒုတိယဝါဆိုလပြည့်ကျော် (၆)ရက်၊ ၁၉၉၃ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းမှ ထူးချွန်သည့်ရဟန်းတော်များကိုလည်း နိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာဆည်းပူးနိုင်ရေးအတွက် ညောင်ကန်အေးဆရာတော်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ညောင်ကန်အေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာမြန်မာကျောင်းဆရာတော် နှစ်ပါးတို့အား ညောင်နှစ်ပင်သီးနှံစိုက်ပျိုးရေးအထူးဇုံ(၂)အကွက်အမှတ် ၁၇၀/၁၇၁ (အေ)/၁၇၀(ဘီ)(၁၅)ဧက ကိုနိုင်ငံတော်အစိုးရက ၂၀ဝ၁- ခုနှစ်တွင် လှူဒါန်းခဲ့သည်။ ပရဟိတကျောင်း ထောက်ပံ့ရေးစိုက်ခင်း လယ်မြေ အပါအဝင်(၃၇.ဝ၃)ဧကရှိသည်။ ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းကို ၂၀၀၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ သာသနာပြုနယ်လှည့်ဓမ္မကထိကများ ပြုစုပျိုးထောင်ပေးခြင်းညောင်ကန်အေးဆရာတော်မှ ဓမ္မကထိကဆရာတော်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ မဟာစည် နယ်လှည့်ဓမ္မကထိက(၄)ပါး အပါအဝင် ဓမ္မကထိက ကမ္မဋ္ဌာနာစရိယပေါင်း အပါး (၃၀)ကျော် ရှိသည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ တာဝန်ပေးအပ်ချက်အရ မန္တလေးမြို့ ရတနာပုံမဟာစည်သာသနာ့ရိပ်သာ၊ ပုသိမ်မြို့ ဘုံကျော်မဟာစည်သာသနာ့ရိပ်သာ၊ မဲဇလီကုန်းမြို့ မဟာစည်သာသနာ့ရိပ်သာ၊ ဟင်္သာတမြို့မဟာစည်သာသနာ့ရိပ်သာ၊ ရှမ်းပြည်အင်းလေးဒေသများတွင် (၁၃၂၇) ခုနှစ်မှ (၁၃၃၇) ခုနှစ်အထိ (၉)နှစ်တာမျှ၊ နာယက၊ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယတာဝန်များ ကြွရောက်ထမ်းဆောင်ခဲ့သည်။ ပြည်ပသာသနာပြုဌာနများသို့ ကြွရောက်သီတင်းသုံးခြင်းပြည်တွင်းပြည်ပမဟာစည်ရိပ်သာများနာယကအဖွဲ့ကြီးနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်တို့၏ အစီအစဉ်ဖြင့် လန်ဒန်ဗုဒ္ဓဘာသာမြန်မာကျောင်းဂေါပကအဖွဲ့၏ ပင့်လျှောက်ချက်အရ ညောင်ကန်အေးဆရာတော်သည် ဗြိတိန်မြန်မာဗုဒ္ဓဘာသာဝိဟာရတွင် ၁၉၉၁- ခုနှစ်၊ ဇူလိုင်လမှစ၍ ၁၉၉၂ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်တာမျှ သီတင်းသုံးတော်မူပြီး သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူခဲ့သည်။ အခါအားလျော်စွာ ညောင်ကန်အေးပြည်ပသာသနာပြုဌာနခွဲများသို့ ကြွရောက်၍ ဝိပဿနာတရားစခန်း ပွဲများနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုများကို ဟောပြောပြသသင်ကြားပို့ချ ပေးတော်မူခဲ့သည်။ ဝိပဿနာတရားများဟောပြောပြသခြင်း၁၃၄၂ ခုနှစ်တွင် မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်၍- ပြည်တွင်းပြည်ပယောဂီများအား ဝိပဿနာတရားတော်များဟောကြားပြသပေးခဲ့ရာ ညောင်ကန်အေးသာသနာ့ ရိပ်သာတွင် သတိပဋ္ဌာန်တရားအားထုတ်ပြီး ပြည်တွင်းပြည်ပ တပည့်ယောဂီများ စုစုပေါင်း(၂၄၀ဝ၀) ကျော်တို့ ရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဘာသာခြားသားများဖြစ်ကြသည့် ကနေဒါနိုင်ငံသား ဂရစ်မေလာသည် ၁၉၈၂ ခုနှစ်တွင် ညောင်ကန်အေးသာသနာ့ရိပ်သာသို့ရောက်ရှိလာပြီး ညောင်ကန်အေးဆရာတော်၏ တရားဟောပြောပြသမှုကို နည်းခံ၍ ဝိပဿနာတရားများ ကျင့်ပွားရသဖြင့်မိမိမူလကိုးကွယ်ရင်းဖြစ်သည့် မိရိုးဖလာဘာသာအပေါ်၌ အားရကျေနပ်မှုမရှိတော့သဖြင့် ညောင်ကန်အေးဆရာတော်ထံမှောက်၌ သရဏဂုံခံယူ၍ ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဂရစ်မေလာသည် ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ စက်မှုရူပဗေဒဘွဲ့ရရှိသူတစ်ဦး ဖြစ်ပါတယ်။ ညောင်ကန်အေးဆရာတော်၏ ဗုဒ္ဓဓမ္မများကို နာကြားကျင့်ပွားခွင့်ရရှိခဲ့သဖြင့် ဗုဒ္ဓ၏တရားတော်မြတ်ကို ယုံကြည်သက်ဝင်ကိုးစားသဖြင့် ၁၃၄၈ခု၊ ကဆုန်လဆန်း(၁)ရက်၊ (၉-၅-၈၆) နေ့တွင် ပြင်ဦးလွင်မြို့ ပြည်သူ့ရဲတပ်ဖွဲ့ ဒုလုံခြုံရေးမှူး ဦးမျိုးဟိန်း တပ်ဖွဲ့ဝင်အမှတ်- လ/၁၁၂၈၃၆ သည် ပြင်ဦးလွင်မြို့ ရွှေစေတီ သာသနာ့ရိပ်သာတွင် ညောင်ကန်အေးဆရာတော်ထံမှောက်တွင် သရဏဂုံသုံးပါးကို ဆောက်တည်၍ ဗုဒ္ဓ ဘာသာဝင်အဖြစ် ခံယူခဲ့သည်။ (ပူးတွဲမိတ္တူ) ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သား ဟွန်ပတွန်ဂန်ဂျီ (Honpa Hongan Jisect) ခေါ် ဘာသာရေးဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ဟီရှိဒ သည် ညောင်ကန်အေးသာသနာ့ရိပ်သာတွင် ဝိပဿနာတရားတော်များအားထုတ်ပြီး (၇)ရက်ကြာ (၂၄-၂-၉၆)နေ့တွင် ညောင်ကန်အေးဆရာတော်ဘဒ္ဒန္တဣန္ဒက အား ဥပဇ္ဈာယ်ပြု၍ ထေရဝါဒ ရဟန်းအဖြစ်သို့ခံယူခဲ့သည်။ ရဟန်းဘွဲ့တော်မှာ ဦးအမတနန္ဒ ဖြစ်သည်။ အခြားသာသနာ့တာဝန်များထမ်းဆောင်ခြင်းညောင်ကန်အေးဆရာတော်သည် အောက်ပါသာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။
ညောင်ကန်အေးဆရာတော်အား သီရိလင်္ကာဝန်ကြီးချုပ် ဖူးမြော်ခြင်း၁၉၈၈ ခုနှစ် ညောင်ကန်အေးဆရာတော် သီရိလင်္ကာနိုင်ငံသို့ ဓမ္မဒူတကြွရောက်တော်မူစဉ် သီရိလင်္ကာ ဝန်ကြီးချုပ်ပရိမာဒါဆာက ညောင်ကန်အေးဆရာတော်အား ဖူးမြော်ပြီး အချိန်ရသမျှ တရားနာယူလိုပါကြောင်း သီရိလင်္ကာရဟန်းတော် အရှင်ကဿပမှတဆင့် လျှောက်ထားပင့်ဖိတ်ချက်ကို ညောင်ကန်အေးဆရာတော်က လက်ခံတော်မူပြီး ၁၉၈၈ ခုနှစ် မတ်လ ၂၅ ရက်နေ့၊ ည(၉)နာရီအချိန်တွင် ကိုလံဘိုမြို့ ဝန်ကြီးချုပ်ရုံးခန်းရှိရာသို့ အရှင်ကဿပ နှင့်အတူကြွရောက်တော်မူကြသည်။ ဝန်ကြီးချုပ်က ရုံးအဆောက်အအုံဂိတ်ပေါက်ဝတွင် နိုင်ငံတော်အလံနှင့်သာသနာ့အလံများကို စိုက်ထူလွှင့် တင်ကာကိုယ်ရံတော်တပ်ဖွဲ့များ၊ သတင်းထောက်များနှင့်အတူအသင့်စောင့်ကြိုခဲ့သည်။ ဝန်ကြီးချုပ်နှင့်တကွ သူ၏အတွင်းဝန်စသူတို့သည် အဖြူရောင်ဘာသာရေးဝတ်စုံများကို ဝတ်ဆင်လျက် ရိုသေလေးမြတ်စွာ လက်အုပ်ချီကြိုဆို၍ ရုံးခန်းတွင်းသို့ ပင့်ဆောင်ခဲ့သည်။ ညောင်ကန်အေးဆရာတော်နှင့် အရှင်ကဿပအား ဝန်ကြီးချုပ်က ရိုသေစွာရှိခိုးပြီးနောက် ဝန်ကြီးချုပ်နှင့် ညောင်ကန်အေးဆရာတော်တို့ သာသနာရေးရာများ အပြန်အလှန်ဆွေးနွေး ပြောဆိုကြသည်။ ထို့နောက် ဝန်ကြီးချုပ်က “တပည့်တော်မှာ တိုင်းပြည်ဝတ္တရားများကို ဆောင်ရွက်နေရသဖြင့် အလွန်အလုပ် များတဲ့အတွက် အချိန်များများမရသော်လည်း တစ်သက်လုံးသုံးရမည့် အတိုဆုံးတရားတစ်ပုဒ်လောက်ကို ဟောကြားချီးမြှင့်ပေးပါရန်’’ လျှောက်ထားသည်။ ထို့နောက် ညောင်ကန်အေးဆရာတော်က သတိပဋ္ဌာန်ရှုမှတ်ခြင်းကြောင့် ရရှိနိုင်သည့် ပစ္စုပ္ပန်တမလွန် အကျိုးကျေးဇူးများနှင့် တာဝန်များသူဝန်ကြီးချုပ်နှင့် ကိုက်ညီမည့် ဝိပဿနာရှုမှတ်နည်းအကျဉ်းချုပ်ကို မကျဉ်းမကျယ် ဟောကြားချီးမြှင့်ပေးခဲ့သည်။ ဆရာတော်၏ ပြည်ပခရီးစဉ်များ
တည်ထောင်ခဲ့သော ပြည်တွင်းညောင်ကန်အေးသာသနာ့ရိပ်သာခွဲများ
ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များ
ပျံလွန်တော်မူခြင်းဆရာတော်သည် ၁၃၇၉-ခု၊ တော်သလင်းလပြည့်ကျော်(၃)ရက်၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်၊ သောကြာနေ့ ည (၁၁:၁၅)နာရီတွင် ပျံလွန်တော်မူခဲ့သည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို တော်သလင်းလပြည့်ကျော်(၁၂)ရက်၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ညနေ (၃) နာရီတွင် အန္တိမအဂ္ဂိဈာပန ကျင်းပပူဇော်ခဲ့ကြပါသည်။ ရေးသားခဲ့သည့်ကျမ်းဂန်များ30em
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia