တာဝန်ထမ်းဆောင်နှစ် |
အမည် |
ရရှိခဲ့သောဘွဲ့များ |
မှတ်ချက်
|
၁၉၃၀-၃၁ |
ဦးကျော်ခင် |
B.Sc., B.L. |
လွှတ်တော် ရှေ့နေကြီး
|
၁၉၃၁-၃၂ |
ဦးထွန်းစိန် |
B.Sc., B.L. |
လွှတ်တော် ရှေ့နေကြီး၊ ထိုနှစ်က တကသ အထွေထွေအတွင်းရေးမှူးမှာ ဘဂျမ်း၊ ဦး (ပုဂံ) (နောင်အခါ ဝန်ကြီး၊ ဗလစ ဥက္ကဋ္ဌ) ဖြစ်သည်။
|
၁၉၃၁-၃၂ |
ဦးဘိုးကူး |
|
D.S.I (3) မန်နေဂျာ
|
၁၉၃၂-၃၃ |
ဦးစံဖော်အောင် |
M.A., B.L |
စတီးဘရားသား ဝင်ကုန် ထွက်ကုန် ဌာန အုပ်ချုပ်ရေး၊ ထိုစဉ်က အထွေထွေအတွင်းရေးမှူးမှာ ဦးဗစိန်ဖြစ်သည်။ ဦးရာရှစ်သည် အမှုအဆောင်ဖြစ်သည်။
|
၁၉၃၃-၃၄ |
ဦးသိန်းမောင် |
B.A., B.L |
စတီးဘရားသား ဆန်ဌာန အုပ်ချုပ်ရေး၊ ထိုနှစ်က ဦးကျော်ထွန်းသည် အထွေထွေအတွင်းရေးမှူးဖြစ်သည်။
|
၁၉၃၄-၃၅ |
ဦးဖိုးအေး |
B.Sc.Hons. (Rng.), Ph.D. (London). D.I.C.F.R (မိုးဇလ) (London) |
မိုးလေဝသ ညွှန်ကြားရေးဝန်၊ ထိုနှစ်က ဒုတိယဥက္ကဋ္ဌမှာ ဦးကျော်ထွန်းနှင့် ဦးနုဖြစ်သည်။ စာကြည့်တိုက်မှူးမှာ ဦးသိန်းဖေ (နောင်အခါ စာရေးဆရာကြီး သိန်းဖေမြင့်)၊ ဦးကျော်ငြိမ်း (လူထုဆက်ဆံရေးနှင့်ဝါဒဖြန့်ချိရေး) (နောင်အခါ ဒုတိယဝန်ကြီးချုပ်) စသည်တို့သည် အမှုဆောင်များဖြစ်ကြသည်။
|
၁၉၃၅-၃၆ |
ဦးနု |
B.A |
ဝန်ကြီးချုပ်ဟောင်း၊ ထိုနှစ် တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးသီဟန် (နောင်အခါ နိုင်ငံခြားရေး ဝန်ကြီး) ဖြစ်သည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးအောင်ဆန်းဖြစ်သည်။
|
၁၉၃၆-၃၇ |
ဦးရာရှစ် |
B.Sc., B.L |
ဝန်ကြီးဟောင်း၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးအောင်ဆန်းဖြစ်သည်။
|
၁၉၃၇-၃၈ |
ဦးဘဂျမ်း (ပုဂံ) |
B.A, B.L. |
ဝန်ကြီးဟောင်း၊ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း လူကြီး၊ ကမ္ဘာအေး စေတီ ဘဏ္ဍာတော်ထိန်း လူကြီး၊ ဗုဒ္ဓ သာသန နုဂ္ဂဟ အဖွဲ့နှင့် တိပိဋက ရွေးချယ်ရေး အဖွဲ့ဝင် လူကြီး၊ နှင်းဆီကုန်း ဘိုးဘွား စောင့်ရှောက်ရေး အဖွဲ့ဝင် လူကြီး၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးလှရွှေ (အာဏာရှင် လှရွှေ) ဖြစ်ပြီး ဦးအောင်ဆန်း၊ ဦးဗဆွေ၊ ဦးဗဟိန်း၊ ဦးညိုမြ စသည်တို့သည် အမှုဆောင်များ ဖြစ်ကြသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးဗဆွေ (ဝန်ကြီးချုပ်၊ ဖဆပလ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်) (ကျားကြီးဗဆွေဟုလည်း လူအများသိကြသည်။)
|
၁၉၃၈-၃၉ |
ဦးအောင်ဆန်း |
B.A |
အမျိုးသား ခေါင်းဆောင်ကြီး၊ ဗကသ ဥက္ကဋ္ဌ၊ တကသ ဥက္ကဋ္ဌ၊ ဖဆပလ ဥက္ကဋ္ဌ၊ ထိုနှစ်က အာဏာရှင် လှရွှေ မှာ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး ဦးမြစိန် (နောင်အခါ သံအမတ်ကြီး) မှာ အထွေထွေ အတွင်းရေးမှူးဖြစ်သည်။ ဦးဗဟိန်းမှာ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်သည်။
|
၁၉၃၈-၃၉ |
ဦးဗဟိန်း |
|
ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ကွန်မြူနစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်အဖြစ် ဦးဗဆွေ (နောင်အခါ နိုင်ငံတော်ဝန်ကြီးချုပ် ဖဆပလ အဖွဲ့ ဌာနချုပ် ဥက္ကဋ္ဌ) နှင့်အတူ ကိုဗဟိန်း-ကိုဗဆွေ ဟူ၍ ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် နာမည်ကြီးခဲ့သူဖြစ်သည်။
|
၁၉၃၉-၄၀ |
ဒေါက်တာ လှရွှေ (အာဏာရှင် လှရွှေ) |
M.B.,B.S |
ထိုနှစ်က ဒုတိယ ဥက္ကဋ္ဌမှာ ဦးကျော်မြင့်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးဌေးမြိုင် (စာရေးဆရာကြီး ဒဂုန်တာရာ) ဖြစ်သည်။
|
၁၉၄၀-၄၁ |
ဦးဗဆွေ |
|
ဗကသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ဆိုရှယ်လစ် ပါတီ အထွေထွေအတွင်းရေးမှူး၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်နှင့် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဟောင်း၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ကိုဗဟိန်း-ကိုဗဆွေ ဟူ၍ ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် နာမည်ကြီးခဲ့သူဖြစ်သည်။
|
၁၉၄၁-၄၂ |
ဦးလှမောင် |
|
သံအမတ်ကြီးဟောင်း၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးသန်းမောင် (သူရိယ ဦးသန်းမောင်) ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးထွန်းရှိန်ဖြစ်သည်။ ဦးဌေးမြိုင် (စာရေးဆရာကြီး ဒဂုန်တာရာ) မှာ အမှုဆောင်ဖြစ်သည်။
|
၁၉၄၂-၄၅ |
မရှိပါ |
|
ဒုတိယကမ္ဘာစစ်အတွင်းကာလ (ဂျပန်ခေတ်) ဖြစ်၍ ဗကသ၊ တကသ၊ ရကသ ဖွဲ့စည်းခဲ့ခြင်းမရှိပါ။
|
၁၉၄၅-၄၆ |
ဦးသန်း |
|
ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးဟန်တင်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးစိန်မြမောင်ဖြစ်သည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးသန်းဆွေ ဖြစ်သည်။
|
၁၉၄၆-၄၇ |
သူရိယ ဦးသန်းမောင် |
|
မန္တလေး သူရိယ သတင်းစာ အယ်ဒီတာချုပ်၊ ဗဟိုတရားရုံးချုပ်ရှေ့နေကြီး၊ ဗကသ ဥက္ကဋ္ဌ၊ ထိုနှစ်က ဗကသ နှင့် တကသ ဒုတိယ ဥက္ကဋ္ဌမှာ မြို့မ-ဦးသန်းကြွယ် (၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့သူ) ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးရန်ဝေးဖြစ်သည်။ ငွေထိန်းမှာ ဦးစိန်လှ ဖြစ်သည်။ အိုးဝေမဂ္ဂဇင်းတာဝန်ခံမှာ ဒေါက်တာမောင်မောင်ကျော်(ဥပဒေ ပါရဂူ)ဖြစ်သည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးဘဆက်ဖြစ်သည်။
|
၁၉၄၇-၄၈ |
ဦးစိန်လှ |
|
လွှတ်တော် ရှေ့နေကြီး၊ ရန်ကုန်ခရိုင် ဖဆပလ အမှုဆောင်၊ တက္ကသိုလ်ကောင်စီဝင်လူကြီး၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးရန်ဝေးဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးပေါ်သိန်း (နောင်အခါ ပြည်ထဲရေး ဒုတိယဝန်ကြီး)၊ ငွေထိန်းမှာ ဦးအောင်မြင့်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးသာထွန်း (နောင်အခါ ရှေ့နေချုပ်)၊ပြန်ကြားရေးနှင့်ဝါဒဖြန့်ချိရေး တာဝန်ခံမှာ ဒေါက်တာမောင်မောင်ကျော် (ဥပဒေ ပါရဂူ) စသည်တို့ဖြစ်သည်။
|
၁၉၄၈-၄၉ |
ဦးရန်ဝေး |
|
မကွေးခရိုင်၊ ဖဆပလအမှုဆောင်၊ ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးပေါ်သိန်းဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးကိုကိုလေး၊ နိုင်ငံခြားဆက်သွယ်ရေးမှူးမှာ ဒေါက်တာမောင်မောင်ကျော်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာမှာ ဦးမောင်မောင်သန်း စသည်တို့ဖြစ်သည်။
|
၁၉၄၉-၅၀ |
ဦးမောင်မောင်ကျော် |
|
တက္ကသိုလ် ကောင်စီလူကြီး၊ ကျောင်းသား ကိုယ်စားလှယ်၊ ဥပဒေ ပါရဂူ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးကျင်လှိုင် (နောင်အခါ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး)၊ အထွေထွေအတွင်းရေးမှူးမှာ ဦးကိုကိုလေး (တကသ ဥက္ကဋ္ဌ) ဖြစ်သည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးကိုကိုကြီး (တကသ ဥက္ကဋ္ဌ) စသည်တို့ဖြစ်သည်။
|
၁၉၅၀-၅၁ |
ဦးကိုကိုလေး |
|
ရန်ကုန် မြူနီစီပယ် ပြည်သူ့ ဆက်ဆံရေး အရာရှိ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးခင်မောင်မြင့်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးစိန်ဘန်းဖြစ်သည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးတင်ထွန်း ဖြစ်သည်။
|
၁၉၅၁-၅၂ |
ဦးစိန်ဘန်း |
|
နိုင်ငံတော် စိုက်ပျိုးရေး ဘဏ်ရုံးချုပ် မန်နေဂျာ
|
၁၉၅၂-၅၃ |
ဦးကိုကိုကြီး |
|
ဝင်ကုန် ထွက်ကုန် ကုန်သည်ကြီး၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးကြိုင်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးအောင်ဘန်း ဖြစ်သည်။
|
၁၉၅၃-၅၄ |
မရှိပါ |
|
တကသ ရွေးကောက်ပွဲပျက်၍ ထိုနှစ်က တကသ ဖွဲ့စည်းနိုင်ခြင်းမရှိ။
|
၁၉၅၄-၅၅ |
ဦးတင်ထွန်း |
|
ပဲခူး နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် လက်ထောက် မန်နေဂျာ
|
၁၉၅၅-၅၆ |
ဦးတင်ထွန်း (နတ်မောက်) |
|
နတ်မောက် ပမညတ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးစသိန်းဟန်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးတင်အေး (၁)၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးဘုန်းလှိုင်၊ စာကြည့်တိုက်မှူးမှာ ဦးတင်အေး (၂)၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးဝင်းတင် စသည်တို့ဖြစ်သည်။
|
၁၉၅၆-၅၇ |
ဦးစသိန်းဟန် |
|
တပ်မတော် ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ဌာန ညွှန်ကြားမှုအရာရှိ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးကျော်မြင့်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးစိုးသိန်း၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးအောင်သန်း၊ ယဉ်ကျေးမှုဌာနမှူးမှာ ဦးချစ်သိန်းဦး (နောင်အခါ စာရေးဆရာ C.T.O)၊ ပိဋကတ်တိုက်မှူးမှာ ဦးဝင်းတင် စသည်တို့ဖြစ်သည်။
|
၁၉၅၇-၅၈ |
ဦးစိုးသိန်း |
B.A. |
ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးစီဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးခင်မောင်အုန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးခင်မောင်ကြီး၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဦးဉာဏ်ရင်၊ လူထုဆက်သွယ်ရေးတာဝန်ခံမှာ ဦးကိုယု စသည်တို့ဖြစ်သည်။
|
၁၉၅၈-၅၉ |
ဦးခင်မောင်အုန်း |
|
ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးဘကောင်းဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးခင်အောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးမြင့်သိန်း၊ အိုးဝေတာဝန်ခံမှာ ဦးလှတင်၊ အားကစားနှင့်ယဉ်ကျေးမှု တာဝန်ခံမှာ ဦးဖိုးသာဘေး စသည်တို့ ဖြစ်သည်။
|
၁၉၅၉-၆၀ |
ဦးလှတင် |
|
ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးစိန်ဝင်းဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးညိုဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးမြသန်း၊ အိုးဝေတာဝန်ခံမှာ ဒေါ်ခင်ခင်စော စသည်တို့ ဖြစ်သည်။
|
၁၉၆၀-၆၁ |
ဦးတင်အေး |
B.A. |
တရားရုံးချုပ် ရှေ့နေကြီး၊ မြို့မကျောင်းသားဟောင်း၊၊ ထိုနှစ်က တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးတင်မောင် (ဓာတ်ပုံမှတ်တမ်းတွင် ဦးမင်းသိန်းဟု ဖော်ပြထားသည်) ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဦးဗဆွေလေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ ဦးစောမောင်၊ အိုးဝေတာဝန်ခံမှာ ဦးလှရွှေ စသည်တို့ ဖြစ်သည်။
|
၁၉၆၁-၆၂ |
ဦးဗဆွေလေး |
|
လက်ဝဲစာလုံးတီထွင်သူ၊ တောတွင်းတိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့သည်။
|