တတိယအဖွဲ့အစည်းတတိယအဖွဲ့အစည်း (Third Party) Q.C Organization ဆိုသည်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၆) ဆုံးဖြတ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း Third Party (Q.C)အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော အဖွဲ့ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၇၊ ဇန်နဝါရီလ(၉)ရက်တွင်၎င်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက်၂၀၁၈၊ မေလ(၅)ရက်တွင်၎င်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ထိုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လေလံတင်ဒါအောင်မြင်သော လုပ်ငန်းရှင်များမှ တာဝန်ယူတည်ဆောက်သည့် တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေးစိစစ်နိုင်ရန်အတွက် လိုက်လံ စစ်ဆေးရသည်။ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များအဖွဲ့အစည်း၏ ရည်ရွယ်ချက်များမှာ
အဖွဲ့အင်အားလုပ်သက်အတွေ့အကြုံရင့် ပညာရပ်ဆိုင်ရာ မြို့ပြအင်္ဂျင်နီယာ(အဆောက်အအုံ၊ လမ်း/တံတား)၊ လျှပ်စစ်၊ ရေသန့်၊ ဘူမိ၊ စက်မှုအင်္ဂျင်နီယာများ၊ ကွန်ပျူတာ IT ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့ခေါင်းဆောင် (၁)ဦး၊ အဖွဲ့ဝင် (ပ)အဆင့် (၁၂)ဦး၊ အဖွဲ့ဝင်(ဒု)အဆင့် (၁၄)ဦး၊ အဖွဲ့ဝင်နယ်မြေခံ (၁၅)ဦး၊ နည်းပညာတက္ကသိုလ် ဧည့်ပါမောက္ခ (၁၀)ဦးတို့အပြင် အထောက်အကူပြုအဖွဲ့အဖြစ် နည်းပညာတက္ကသိုလ် ကျောင်းဆင်းပြီး (B.E)ဘွဲ့ရ (၁၂)ဦး ၊ (B.E) နောက်ဆုံးနှစ်ကျောင်းသား/သူ (၂၀)ဦး၊ စုစုပေါင်း (၈၄)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ လုပ်ငန်းခွင် Q.C စစ်ဆေးခြင်းကွင်းဆင်း၍ Q.C စစ်ဆေးရာမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းထားသည့် မြို့နယ်စစ်ဆေးရေး အဖွဲ့နှင့်အတူ ပူးပေါင်း စစ်ဆေးရပါသည်။ စစ်ဆေးမှု မှတ်တမ်းများကို Myanmar National Building Code 2016 နှင့် American Concrete Institute (ACI-318) Building Code များအရ လိုက်နာပြုစုထားပြီး စစ်ဆေးမှု ပုံစံကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေရန် မျှဝေခြင်းများ ပြုလုပ်သလို ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် အသုံးပြုသော Inspector Manual အခြေခံ၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပုံစံများအား စနစ်တကျ ထုတ်နှုတ်ပြုစုပြီး စစ်ဆေးချက်များ တူညီစေဖို့ကိုလည်း ဆောင်ရွက်ထားသည်။ အဆောက်အအုံလုပ်ငန်း၊ လမ်းတံတား စသည့် တည်ဆောက်ရေးလုပ်ငန်းရပ်များတွင် လုပ်ငန်းအလိုက် အရည်အသွေး ပိုမိုကောင်းမွန်ရေးဆိုင်ရာ အခြေခံ စစ်ဆေးချက်များဖြင့် စစ်ဆေးလျက် ရှိသည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia