တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဆိုသည်မှာ တပ်မတော်တွင် ခန့်အပ်သည့် ရာထူးတာဝန်များထဲမှ တစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှိသည့် တပ်မတော် အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ လက်ရှိ၌ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန် ထမ်းဆောင်နေသူမှာ “ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး” ဖြစ်သည်။
‘ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်’ သည် ၂၀၁၇ ခုနှစ် မေလတွင် ‘ဒုတိယဗိုလ်ချုပ်ကြီး’ အဆင့်သို့ တိုးမြှင့်ခံရပြီး “တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)” ရာထူးနေရာသို့ ခန့်အပ်ခြင်းခံရ၍ ယခင်ထမ်းဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ထံမှ ၎င်းရာထူး တာဝန်အားလွှဲပြောင်းရယူခဲ့သည်။ သူသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ၊ ဗိုလ်သင်တန်းအမှတ်စဉ် (ဗသက-၆၆)၏ စံပြထူးချွန်ဆုရရှိခဲ့သူဖြစ်ပြီး သူသည် ၂၀၁၀ ခုနှစ်တွင် တမခ(၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ တွဲဖက်စစ်ထောက်ချုပ် ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတ၏ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။