တမ်းပလိတ် ဆွေးနွေးချက်:ကုန်းဘောင်ခေတ်ကိုယ့်ဆရာတို့ရေ... ဘာမှလည်း မပေါ်လာပါ့လား..။အဆင်ပြေရင် ပုဂ္ဂိုလ်ကြီးများ စာရင်းမှာ ပခန်းမင်းကြီးဦးရန်ဝေး ကိုထည့်ပေးပါလားဗျာ...။ --လဂွန်းအိန် ၀၆:၄၅၊ ၄ မတ် ၂၀၁၁ (UTC)
ဒီ ကုန်းဘောင်ခေတ် template နဲ့ ပတ်သက်လို့ အကြံပြုချင်ပါတယ်။ ပထမ row မှာ ဘုရင်တွေကို ထည့်ထားတာ အလွန်ကောင်းမွန်ပါတယ်။ ဒါ ပေမယ့် ဒုတိယ row မှာ ဘုရင်မဟုတ်တဲ့ အခြားသူတွေအားလုံး (မိဖုရား၊ မင်း သား၊ မင်းသမီး၊ ရဟန်း၊ မှူးမတ်၊ စစ်သူကြီး၊ စာဆို အစရှိတာတွေ) ကို “ပုဂ္ဂိုလ် ကြီးများ“ ဆိုပြီး ခြုံငုံရေးထားတာ တွေ့ပါတယ်။ ရှာဖွေသူတွေ တခါ တည်း ရှင်းရှင်းလင်းလင်းသိသွားအောင် “ပုဂ္ဂိုလ်ကြီးများ”ကို တစ်မျိုးချင်းစီ (မိဖုရား၊ မင်းသား၊ မင်းသမီး စသဖြင့်) row တစ်ခုချင်းစီ ခွဲထုတ်ပစ်ရင် ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။ လက်ရှိ ပုဂ္ဂိုလ်ကြီးများစာရင်းထဲမှာ အလောင်းမင်းတရား၊ ဘကြီးတော်၊ သာယာဝတီမင်း၊ မင်းတုန်းမင်း၊ သီပေါမင်းတို့ရဲ့ မိဖုရားတွေ ပါနေတာမို့ မိဖုရား row ကိုလည်း မင်းတစ်ပါးချင်းစီအလိုက်ရဲ့ မိဖုရားတွေကို row တစ်ခုစီ လုပ်ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြီးတော့ မင်းတုန်းမင်း ရဲ့ မိဖုရားများစာရင်း၊ သားတော်သမီးတော်များစာရင်းဆိုတဲ့ page တွေလည်း မြန်မာဝီကီမှာ ရှိတယ်လို့ ထင်ပါတယ်။ အဲဒီ့ Page တွေကိုပါ ဒီ template နဲ့ ချိတ်သင့်တယ်လို့ ထင်ပါတယ်။ “မောင်သန်းဆွေ(ထားဝယ်)” ရေးတဲ့ စာအုပ် တွေထဲမှာ ကုန်းဘောင်ခေတ် မိဖုရားတွေ၊ မင်းသား၊ မင်းသမီးတွေ အကြောင်း တော်တော်များများ ပါတာမို့ နောက်ထပ် မိဖုရားတွေ၊ မင်းသား၊ မင်းသမီးတွေအကြောင်း page တွေ ထပ်လာနိုင်ပါသေးတယ်။ MoeZawSoe (talk) ၁၆:၁၅၊ ၂၁ ဒီဇင်ဘာ ၂၀၁၅ (UTC)
အခုပြင်လိုက်တာကိုက အရင်ဟာထက် အများကြီး ကောင်းသွားပီ။ User Friendly လည်း ဖြစ်သွားတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ MoeZawSoe (ဆွေးနွေး) ၀၉:၄၈၊ ၂၃ ဇန်နဝါရီ ၂၀၁၆ (UTC)
ကျေးဇူးတင်ပါတယ်MoeZawSoe (ဆွေးနွေး) ၁၂:၁၂၊ ၄ ဇန်နဝါရီ ၂၀၁၈ (UTC) Template ထဲမှာ ကန္နီမင်းသမီး link ကို ချိတ်တာ ဘယ်လိုပြင်ပြင် နီနေတယ်။ ဘာမှားမှန်းမသိဘူးMoeZawSoe (ဆွေးနွေး) ၁၃:၄၉၊ ၄ ဇန်နဝါရီ ၂၀၁၈ (UTC)
|
Portal di Ensiklopedia Dunia