တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Ta’ang National Liberation Army; အတိုကောက် TNLA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front; PSLF) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ TNLA သည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာတပ်မတော် နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၇] TNLA သည် ယခင်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တို့နှင့် ပူးပေါင်းကာ တက်လာသောတရားဝင် အစိုးရ မှန်သမျှကို ဆန့်ကျင်ခဲ့သည်။ TNLA သည် ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းချက်စခန်းများအား ဖျက်ဆီးခြင်းစသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ဆောင်ချက်များကြောင့် လူသိများသည်။[၈][၉][၁၀][၁၁][၁၂] သမိုင်းကြောင်းTNLA ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (Palaung State Liberation Organization/Army; PSLO/A) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လက်နက်စွန့်ခဲ့သည်။ PSLO/A ပြိုကွဲပြီးနောက် တအာင်းခေါင်းဆောင် တာအိုက်ပေါင်းနှင့် တာဘုန်းကျော်တို့သည် တအာင်းလူမျိုး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနှင့်အတူ ဖွဲ့စည်းခဲ့သည်။ TNLA သည် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်သည်။[၁၃] ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၁-၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြီးနောက် အစိုးရက တအောင်းလူမျိုးများအတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းခဲ့သည်။ ထိုဒေသသည် စာသင်ကျောင်းနှင့် ဆေးရုံအနည်းငယ်သာရှိသည့် နိုင်ငံ၏ မတိုးတက်သေးသော ဒေသတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် TNLA သည် မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် အတူ တပ်မတော်အား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။[၁၄] TNLA နှင့် MNDAA တို့သည် ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီ၏ နေရာအတော်များများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၁၅] TNLA နှင့် SSPP ပူးပေါင်းအဖွဲ့သည် RCSS နှင့် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ဒဏ်ရာရရှိခဲ့သလို နေရပ်စွန့်ခွာမှုများ ဖြစ်ပွားခဲ့သည်။[၁၆][၁၇] TNLA ၏ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော်က စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။[၁၈] လက်ရှိ၂၀၂၁ ခုနှစ် တွင် စစ်တပ် မှ အာဏာသိမ်းပြီးနောက်တွင်မူ စစ်တပ်နှင့် TNLA ကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်လာသည်။[၁၉] စစ်တပ်၏ ကျဆုံး စစ်သည်များ အလောင်းလာကောက်ရသော ရုပ်သံများလည်း online ပေါ်သို့တက်လာသည်။[၂၀] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia