တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
တာတိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ရွာတွင်၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်မှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း မြန်မာတပ်မတော် တပ်ဖွဲ့ဝင်များက အနည်းဆုံး အရပ်သား ၁၇ ဦး ကို သတ်ဖြတ်ခဲ့သည်။[၁] အဆိုပါဖြစ်ရပ်သည် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤဖြစ်ရပ်အပြီး ကိုးရက်အကြာတွင် တပ်မတော်စစ်ကြောင်းမှ နောက်ထပ် လူ ၂၈ ဦးထက်မနည်း သတ်ဖြတ်ခဲ့သည့် ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ နောက်ခံ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည်။ မကြာမီ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မေလတွင် အရပ်သားများဦးဆောင်သော တော်လှန်ရေးမှသည် အပေးအယူလုပ်ရန် ဆန္ဒမရှိသော SAC ကို ဆန့်ကျင်သော ပြည်တွင်းစစ် အဖြစ်သို့ တိုးလာခဲ့သည်။ တာတိုင်ရွာသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အမာခံနယ်မြေအဖြစ် လျင်မြန်စွာပေါ်ထွက်လာသည့် ဗမာ ဗုဒ္ဓဘာသာဗဟိုချက်နယ်မြေတွင် တည်ရှိသည်။[၂] တာတိုင်ရွာသည် ဧရာဝတီမြစ် နှင့် မူးမြစ်တို့ ဆုံရာတွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ရွာလေးတစ်ရွာဖြစ်ပြီး အနီးနားရှိ ညောင်ရင်းရွာနှင့် မျက်နှာမူထားသည်။[၃] ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ထိုးစစ်ဆင်ကာ ဒေသခံ တော်လှန်ရေးသမားများကို ခြိမ်းခြောက် နှိမ်နှင်းခြင်း၊ ရွာများကို မီးရှို့ စီးနင်းခြင်း၊ ရွာသားများကို ကွပ်မျက်ခြင်းနှင့် ထောင်နှင့်ချီသော လူများကို နေရပ်ဒေသများမှ နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်[၂][၃] ဖေဖော်ဝါရီ ၂၃ ရက်အထိ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် မြို့နယ် ၅၀ အနက် ၁၄ မြို့နယ်သည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် တည်ရှိသည်။[၄] ဖြစ်ရပ်![]() ဖေဖော်ဝါရီ ၂၃ ရက်တွင် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော အထူးတပ်ဖွဲ့တစ်ဖွဲ့အား တာတိုင်ရွာမှ ၅၀ ကီလိုမီတာ (၃၁ မိုင်)အကွာတွင် တည်ရှိသော အရာတော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ချထားခဲ့သည်။[၂] စစ်သားများသည် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် တပ်စွဲထားသော တပ်သားများ ဖြစ်သည်။[၅] မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေစဉ်အတွင်း ရုရှားလုပ် Mi-35 ရဟတ်ယာဉ်များ ဖြင့် လိုက်ပါလာသည့် တပ်မတော်သားများက ဧရာဝတီမြစ် နှင့် မူးမြစ်ဆုံရာသို့ ချီတက်လာကာ လမ်းတလျောက် ရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။[၅] ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေသခံ တိုက်ခိုက်ရေးသမားများက ရွာကို ကာကွယ်ရန် ကြိုးပမ်းခဲ့ပြီးနောက် ကန်တော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ [၅] ထိုနေ့တွင် တပ်ဖွဲ့ဝင်များသည် ကန်တော်နှင့် ညောင်ပင်ကန်ကျေးရွာအနီးတွင် ဆယ်ကျော်သက် နှစ်ဦးအပါအဝင် တော်လှန်ရေးသမားလေးဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။[၆] မတ်လ ၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တပ်မတော်သည် မူးမြစ်ကိုဖြတ်၍ တာတိုင်ရွာကို စတင်ဝင်ရောက်စီးနင်းသည်။[၅] တပ်သားများ မြစ်အား ဖြတ်မကူးဟု ယူဆချက်ကြောင့် ကျေးရွာသားများ အချိန်မီ ဘေးလွတ်ရာသို့ မရွှေ့ပြောင်းနိုင်ခဲ့ပေ။[၆] ထိုညနေပိုင်းတွင် တပ်မတော်မှ တာတိုင်ရွာမှ ရွာသား ၇၀ မှ ၁၀၀ ခန့်ကို နယ်မြေခံ ဘုန်းတော်ကြီးကျောင်းတွင် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။[၂][၃] စစ်သားများသည် ရွာရှိ ဈေးဆိုင်များနှင့် နေအိမ်များကို ဝင်ရောက်စီးနင်းကာ စီးနင်းမှုတစ်လျှောက်လုံး ရွာသားများကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။[၂] နောက်တစ်နေ့နံနက်တွင် တပ်များသည် တာတိုင်ရွာ၏ အနောက်ဘက် ၄ ကီလိုမီတာ (၂.၅ မိုင်) ကွာဝေးသော ညောင်ရင်းရွာသို့ ချီတက်လာစဉ် ဓားစာခံများကို လူသားဒိုင်း အဖြစ် အသုံးပြုခဲ့သည်။[၅][၃] ဒေသခံတော်လှန်ရေးအဖွဲ့ဖြစ်သည့် Demon King Defense Force သည် ဓားစာခံများကို တပ်ဖွဲ့ဝင်များထံမှ ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပေ။[၂] ထိုနေ့နှောင်းပိုင်းတွင် စစ်တပ်မှ ဓားစာခံများကို ကွပ်မျက်ခဲ့သည်။[၃] တပ်ဖွဲ့ဝင်များသည် အနည်းဆုံး အမျိုးသမီး ၃ ဦးကို မသတ်ဖြတ်မီ အဓမ္မပြုကျင့်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများလည်း ပြုလုပ်ခဲ့သည်။ [၂] [၅] သေဆုံးသူများထဲတွင် တစ်ဦးတည်းသော ဒေသခံခုခံတိုက်ခိုက်ရေးသမား 'မိုက်ကယ်' ကျော်ဇော၏ အလောင်းအား တပ်ဖွဲ့ဝင်များက ခေါင်းဖြတ်၍ အပိုင်းပိုင်းဖြတ်တောက်ကာ အလောင်းအား ၎င်း၏ကိုယ်တွင်းအင်္ဂါများဖြင့် ထားရစ်ခဲ့သည်။[၇][၂][၆] အခြားအရပ်သား 'ရာဟု' နိုင်လင်းအောင်သည်လည်း အလားတူ ခေါင်းဖြတ်ခံရသည်။[၃] ကျူးလွန်သူများအဆိုပါ တိုက်ခိုက်မှုကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကွပ်ကဲမှုအောက်ရှိ တပ်မ ( ၉၉) မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။[၈] တပ်မတော်၏ အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ ရွာသား ၈၀၀,၀၀၀ ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည့် ၂၀၁၇ ခုနှစ် စစ်တပ်၏ ပြင်းထန်သော ထိုးစစ်များကို ဘီလူးစစ်ကြောင်းဟု ဒေသခံများက ခေါ်ဆိုကြသည့် တပ်မ ၉၉ က ဦးဆောင်ခဲ့သည်။[၉][၈] သားကောင်များသေဆုံးသူများထဲမှ တစ်ဦးမှာ အရပ်သားများဖြစ်ပြီး အများစုမှာ လယ်သမားများ နှင့် တံငါသည်များ ဖြစ်သည်။[၃] သေဆုံးသူများအနက် သိရှိရသော သားကောင် ၁၇ ဦးမှာ အသက် ၁၇ နှစ်မှ ၆၇ နှစ်ကြားများဖြစ်သည်။[၁၀]
ဖြစ်ရပ်အပြီးမတ်လ ၄ ရက်နေ့တွင် ညောင်ရင်းရွာအနီး သရက်စိုက်ခင်းနှင့် မြစ်နံဘေးသဲပြင်ပေါ်တွင် အလောင်း ၁၄ လောင်းအား ရွာသားများက တွေ့ရှိခဲ့သည်။[၅][၂] သေဆုံးသူအများစုမှာ ပစ်ခတ်ခံထားရသော ဒဏ်ရာများရှိနေပြီး နှိပ်စက်ခံထားရသည့် လက္ခဏာများ တွေ့ရှိခဲ့ရသည်။[၁၁][၆] အခြား အလောင်းသုံးခုအား တာတိုင်ရွာတွင် တွေ့ရှိခဲ့ရသည်။[၂] စစ်ကောင်စီတပ်များက အလောင်းများအနီးတွင် မြေမြှပ်မိုင်းများ ထားရှိခဲ့သည့်အတွက် ရွာသားများမှာ အလောင်းပြန်ရရန် ကြိုးပမ်းခဲ့ကြရသည်။[၁၁] ရွာလုံးကျွတ် မီးရှို့ခံထားရသည့်အတွက် တာတိုင်ရွာမှ အသက်ရှင်ကျန်ရစ်သူ ရွာသားများမှာ နေအိမ်သို့ ပြန်နိုင်ခြင်း မရှိသေးပေ။[၁] ဖေဖော်ဝါရီ ၂၃ မှ မတ် ၅ ရက်အကြားကာလအတွင်း စစ်ကောင်စီတပ်သားများက တာတိုင်ရွာ အနီးတဝိုက်တွင် ရွာသူရွာသား ၉၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ခုခံရေးသမား ၂၀ ခန့်ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကာ အနည်းဆုံး အမျိုးသမီး သုံးဦးအား မုဒိမ်းပြုကျင့်ခဲ့ကြသည်။[၁၂] သတ်ဖြတ်မှုအပြီးတွင် စစ်ကောင်စီတပ်များက အနီးအနားဝန်းကျင်ရှိ ကျေးရွာများအား ဆက်လက်စီးနင်းခဲ့သည်။[၁၂] မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် မုံရွာ-မန္တလေးကားလမ်းဘေးရှိ အာလကပ္ပရွာဆီ ဆက်လက် ချီတက်သွားခဲ့သည်။[၁၃][၁၂] မတ်လ ၅ ရက်နေ့တွင် စစ်ဘေးရှောင်များအား ကူညီရန် ရောက်ရှိနေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသအား ဖမ်းဆီးခဲ့သည်။[၁၂] မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ လက္ကပင်ရွာ၊ မြင်းမူမြို့နယ် တွင် ဆက်လက်တပ်စွဲခဲ့ကာ ရွာသူရွာသား ၁၀ ဦးခန့်အား သတ်ဖြတ်ခဲ့သည်။[၁၃] သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများအား ဧရာဝတီမြစ်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကာ နှိပ်စက်ခံထားရသော လက္ခဏာများ ရှိနေခဲ့သည်။[၁၃] တုံ့ပြန်မှုများပြည်တွင်းအတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က မတ်လ ၃ ရက်နေ့တွင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။[၁၄] NUG သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး အပါအဝင် နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းများထံ အလျင်အမြန် တင်ပြခဲ့သည်။[၁၅][၁၄] NUG ၏ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆသည်။[၅] မြန်မာစစ်တပ်အနေဖြင့် လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိခဲ့ပေ။[၂] နိုင်ငံတကာ၂၀၂၃ ခုနှစ် မတ်လအထိ နိုင်ငံတကာ အဖွဲ့အစည်းကြီးများနှင့် အစိုးရများသည် သတ်ဖြတ်ခံရမှုကို လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိပေ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၂ ကြိမ်မြောက်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စစ်တပ်သည် မီးရှို့မှုအား လက်နက်အဖြစ် အရပ်သားများအပေါ် သုံးစွဲခြင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အာဏာသိမ်းပြီးနောက် လူပေါင်း ၁.၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ တပ်မတော်စစ်ဆင်ရေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ ၃၉,၀၀၀ အနက် ၂၅,၀၀၀ သည် စစ်ကိုင်းတိုင်း ဒေသကြီးတွင်ဖြစ်သည်။[၁၆][၆] အခြားကြည့်ရန်
ပြင်ပလင့်များ
ကိုးကား
|
Portal di Ensiklopedia Dunia