တိဗက်-ဗမာနွယ် ဘာသာစကားများတိဗက်-ဗမာဘာသာစကားအုပ်စုသည် တရုတ်-တိဗက် မိသားစုမှာ တရုတ်ဘာသာစကားမပါဝင်သော ကျန်အုပ်စုများဖြစ်ပြီး တိဗက်ဘာသာစကား၊ဗမာဘာသာစကား၊ယီဘာသာစကားတို့ပါဝင်ပြီး ဘူတန်နှင့်မြန်မာနိုင်ငံ တို့၏ တရားဝင်ရုံးသုံးဘာသာစကား များသည် ဤအုပ်စုမှဖြစ်သည်။[၁ ၁]
တိဗက်-ဗမာဘာသာစကားအုပ်စု(Tibeto-Burman) ဆိုသည်မှာတရုတ်စကား မဟုတ်သော တရုတ်-တိဗက် မိသားစုဝင်ဘာသာစကား အုပ်စု ဖြစ်ပြီးအမျိုးကွဲပေါင်း ၄၀၀ ကျော်ကို အရှေ့တောင် အာရှ ကုန်းမြေမြင့်များ နှင့် မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် ပြောဆိုကြသည်။ ( ဤဘာသာစကား မိသားစုကြီးကို တရုတ်နွယ် ဘာသာစကားများအုပ်စု(Sinitic) နှင့် တိဘက်-ဗမာနွယ် ဘာသာစကားများအုပ်စု(Tibeto-Burman) ဟူ၍ ကိုင်းခွဲနှစ်မျိုးဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသော်လည်း တရုတ်နွယ် မဟုတ်သော ဘာသာစကားများ၏ မူလအစနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားခြင်း လုံးဝမရှိသေးသလို ဤသို့တရုတ်အုပ်စုနှင့်ခွဲခြားဖော်ပြခြင်းကို လက်မခံသော သုတေသနပညာရှင် ဦးရေမှာလည်း ပိုမိုများပြားလာသည်။) O3 (O2a2b1a1) DNA သည် တရုတ်-တိဗက်ဘာသာပြောသူများ၏ အဖမျိုးရိုးဗီဇတွင်တွေ့ရှိရသည့် အများဆုံး haplogroup ဖြစ်ပြီး မူလရွှေ့ပြောင်းသွားလာမှုအခြေပြုမြေပုံတွင်လည်း အဓိကအခန်းကဏ္ဍတွင်ရှိသည်။ တိဗက်-ဗမာ အုပ်စုဝင်များ
ဘာသာစကား၏ အမည်မှာ အဓိက စကားပြောသူများ ဖြစ်သည့် ၃၅ သန်းကျော်သော မြန်မာဘာသာစကား ပြောသူ နှင့် ၈ သန်းကျော်သော တိဗက်စကား ပြောသူများကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ ထို တိဘက်-ဗမာအနွယ်ဝင် ယီ(လိုလို) ဘာသာစကားပြောသူအရေအတွက် ၁၀သန်းခန့် ရှိသည်။ တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အခြားဘာသာစကားများမှာ လူနည်းစု အဖွဲ့အစည်းများမှ အသုံးပြုကြသည်။
တိဘက်- မြန်မာစကား ဘာသာစကားအုပ်စုတွင် ပြောဆိုသူအရေအတွက်သည် ၆၁သန်းနီးပါးရှိ၍ ဗမာဘာသာသည် ထိုအရေအတွက်၏ ၅၀%ကျော်ရှိသည်။
|
Portal di Ensiklopedia Dunia