တိုဟူးသုပ်
တို့ဟူးဟာ အမှန်တော့ မြန်မာ့မျိုးရင်း အစားအစာမဟုတ်ပါဘူး။ အရင်ဆုံး တို့ဟူးဆိုတဲ့ နာမည်လေး ဖြစ်ပေါ်လာပုံကိုပြောပါမယ်။ တို့ဟူးဆိုတာ တရုတ်စကား Tofu (အသံထွက်-တိုဖူ)က နေ ဆင်းသက်လာခဲ့တာဖြစ်ပြီး မြန်မာတွေက တို့ဟူးလို့ မြန်မာမှုပြုလိုက်ကြတာပါ။ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 လောက်ကတည်းက အစဉ်အဆက် စားသုံးခဲ့တယ်လို့ မှတ်တမ်းအရ သိရပါတယ်။ တို့ဟူးကို အာရှနိုင်ငံတွေ အားလုံးနီးပါး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်စားကြသည်။ တို့ဟူးကို ပဲ အဓိကနဲ့ လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပဲနှစ်ကို ဒိန် ချဉ်ဖောက်သလို ဖောက်ပြီး ပဲပြား/တို့ဟူးလုပ်ကာ စားသုံးတယ်လို့ သိရသည်။ မြန်မာနိုင်ငံတွင် တို့ဟူးရယ် ပဲပြားရယ်-ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပြီး ဟင်းချက်စရာအဖြစ်လည်းကောင်း၊ သွားရေစာအဖြစ်လည်းကောင်း၊ ကြော်/ချက်/သုပ် ပြီး စားကြသည်။ ထို့ထဲမှ တို့ဟူးသုပ်ပုံအများစုထဲမှ နည်းလမ်းတစ်ခုကို ဖော်ပြထားသည်။ မြန်မာပြည် အနှံ့တွင် တို့ဟူးကို ကုလားပဲဖြင့် လုပ်ပေ၍ ရှမ်းပြည်နယ်တွင် စားတော်ပဲနဲ့ ပြုလုပ်ကြသည်။ စားတော်ပဲနဲ့ လုပ်သည့် ရှမ်းတို့ဟူးမှာ ကုလားပဲနဲ့လုပ်သည့် တို့ဟူးထက်ပိုနူးညံ့ပြီး ပိုလည်းအရသာရှိသည်။ ထို့ကြောင့်လည်း ရှမ်းတို့ဟူးမှာပိုပြီး နာမည်ကြီးခြင်းဖြစ်သည်။ တို့ဟူးကို သူ့ချည်းသက်သက်တစ်မျိုးတည်း သုပ်စားနိုင်သလို မုန့်ဟင်းခါးဖတ်၊ ခေါက် ဆွဲ၊ ကြာဆံ၊ သင်္ဘောသီး၊ ပဲပြားကြော်တို့နဲ့အတူ အသုပ်စုံထဲမှာ ထည့်လို့လည်း သုပ်စား နိုင်သည်။ ပါဝင်သောပစ္စည်းများတိုဟူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေမှာ
ပြုလုပ်နည်းတိုဟူးကို ကိုယ်ကြိုက်နှစ်သက်သော အထူအပါး အတိုင်းလှီးနိုင်သည်။ သခွါးသီး၊ ကြက်သွန်နီ၊ ရှောက်ရွက်နှင့်နံနံပင်တို့ကိုလည်း ခပ်ပါးပါးလှီးထားပါ။ မန်ကျည်းသီးနှစ်ရအောင် ရေနွေးဖြင့် စိမ်ထားပေးစေလိုသည်။ တခြားလိုအပ်သောပစ္စည်းတွေကိုလည်း အသင့်ပြင်ထားကာ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ် အနည်းငယ် ထည့်ချင်ရင်လည်း ပါးပါးလှီးထည့်လို့ရသည်။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို တိုဟူး၊ သခွါးသီး၊ ကြက်သွန်နီထည့်၊ ထို့နောက် ပဲမှုန့်၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်ထည့်၊ ငရုတ်သီးအကျက်မှုန့်ထည့်၊ ဆီချက်ထည့်၊ အချိုမှုန့်နဲ့ ပုဇွန်ခြောက်မှုန့်အနည်းငယ်မျှထည့်ပြီး သေချာနှံ့အောင်နယ်ပါ။ အရသာကိုတော့ ချဉ်ငံစပ်လေးနယ်ရင် ပိုကောင်းပါသည်။ တိုဟူးက ခပ်ဆိမ့်ဆိမ့်မို့ အရသာ ပြင်းပြင်းလေးနယ်ထားရင် လိုက်ဖက်ပါသည်။ တချို့ကတော့ ခပ်ဆိမ့်ဆိမ့်ပဲကြိုက်တယ်ဆိုလျှင် အရသာကိုဆန္ဒရှိသလို လျော့နယ်နိုင်သည်။ ပြီးလျှင် ကိုယ်လိုသောအရသာကိုမြည်း၍၊ ပန်းကန်ပြားလေးထဲထည့်ကာ အပေါ်ကနေ ရှောက်ရွက်၊ နံနံပင်ဖြူး၍ပြင်နိုင်သည်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဟင်းခါးတို့ဖြင့် တွဲဖက်၍ သုံးဆောင်နိုင်သည်။ ပါဝင်သောဓာတ်ပစ္စည်းတို့ဟူးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကတော့-
ကျန်းမာရေးဆိုင်ရာဆိုးကျိုးများတို့ဟူးမှာ [၁] , Protein, Phytic acid, Lectin တွေ ပါဝင်ပြီး Lectin ဓာတ်ဟာ ကောင်းမွန်စွာ ချက်ပြုတ်ခြင်း မပြုလျှင် ကိုယ်လက်မအီမသာဖြစ်ပြီး ခန္ဓာကိုယ် ယောင်ရမ်းစေနိုင်သည်။ တို့ဟူးဟာ အချို့လူတွေကို ကျောက်ကပ်နဲ့ သည်းခြေရောဂါတွေအတွက် ဆိုးဝါးစေနိုင်ပါတယ်။ ရင်သားမှ အသားပိုတွေ ထွက်စေနိုင်ပြီး လည်ချောင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ကောင်းကျိုးများတို့ဟူးကို စားသုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများမှာ-
တို့ဖြစ်ကြသည်။ ကိုးကား |
Portal di Ensiklopedia Dunia