တီပီစပတ်

တီပီစပတ် (Captain T.P.Sparks) သည် ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီး ၁၈၅၂-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်၏ ၁၈၅၂-ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ ရက်စွဲပါ ကြေညာချက်အရ ပထမဆုံးသော ရန်ကုန်အရေးပိုင် ဖြစ်လာသည်။ လစာ တစ်လ ကျပ် တစ်ထောင်၊ လှေစရိတ် တစ်လ ကျပ်တစ်ရာ ရသည်။ ရန်ကုန်မြို့၏ လမ်းကျယ်တစ်ခုကို အရေးပိုင် စပတ်အား ဂုဏ်ပြု၍ စပတ်လမ်းဟု ခေါ်တွင်ခဲ့သည်။ ယခုအခါ ဗိုလ်အောင်ကျော်လမ်း ဖြစ်သည်။

[]

ကိုးကား

  1. မကြန် ၊ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ၊ ၂၀၀၅၊ ဒီဇင်ဘာ၊ စာ-၂၃၂
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya