တောင်ငုံး

Blue-winged pitta
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Pittidae
မျိုးစု: Pitta
မျိုးစိတ်:
P. moluccensis
ဒွိနာမ
Pitta moluccensis

သတ္တဗေဒ (ပါဏဗေဒ‎) အလိုအရ ‌တောင်ငုံးသည် ‘ပစ်တီဒီး’မျိုးရင်းတွင် ပါဝင်၍၊ ယင်းကို ‘ပစ်တာမိုလပ်စင်ဆစ်’ဟု‌ခေါ်သည်။ အလျား ၈ လက်မခန့်ရှိသည်။ ဦး‌ခေါင်း၏ အလယ်တည့်တည့်မှ လည်ကုပ်သို့ ဆင်းလာ‌သော အမည်းဆင်းတစ်ခုသည် နှုတ်သီးဘက်မှ မျက်‌စေ့များကို ဖြတ်‌ကျော်လျက်ရှိ‌သော အမည်းစင်းများနှင့် လည်ကုပ်တွင် ဆုံကြပြီးလျှင် ကော်လာသဖွယ် လည်ကုပ်ကို ရစ်ပတ်လျက်ရှိသည်။ ပျံသန်း‌နေစဉ် ‌တောင်ငုံး၌ အပြာရင့်‌ရောင်ရှိသည်ဟု ထင်ရ၏။ ‌တောင်ပံတွင်ရှိ‌သော အဖြူကွက်များကိုလည်း ထင်ရှားစွာမြင်ရသည်။ နံနက်ခင်းနှင့် ည‌နေခင်းတွင် ‌တောင်ငုံးသည် သာယာစွာ ‌အော်မြည်တတ်သည်။ ‌တောင်ငုံး၏‌အော်သံကို အများအားဖြင့် တစ်‌နေ့လုံး ကြားရတတ်သည်။ လသာ‌သောညအခါ၌လည်း ကြားရလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ပဲခူးရိုးမရှိ တောင်ငုံးများသည် မိုးဥတုတွင် ကျွန်း‌တောများ၌ ကျက်စား‌လေ့ရှိသည်။ ထို‌တောင်ငုံးသည် အချို့တောင်ငုံးများကဲ့သို့ သစ်‌တောထူထပ်ရာ‌ဒေသတွင် မ‌နေကြချေ။ တစ်ခါတစ်ရံ ရွာနီးချုပ်စပ် ဥယျာဉ်နှင့် ယာခင်းများသို့ လာ‌ရောက်တတ်ကြသည်။ အအုပ်အသင်းဖွဲ့၍ ‌နေ‌လေ့မရှိ‌သော်လည်း စုရုံး‌နေကြသည်ကို မကြာခဏ ‌တွေ့ရတတ်သည်။

ပုရွက်ဆိတ်နှင့် အင်းဆက်ပိုးများကို စား‌လေ့ရှိသည်။ မြန်မာနိုင်ငံ‌တောင်ပိုင်း‌ဒေသနှင့် တနင်္သာရီတိုင်းတွင်‌နေ‌သော တောင်ငုံးများ၏ သား‌ပေါက်ချိန်မှာ ဧပြီလမှ ဩဂုတ်လထိဖြစ်သည်။ ထို‌တောင်ငုံးများသည် အသိုက်ကို ‌တောအတွင်း ချောင်းကမ်းပါးတွင် ပြုလုပ်တတ်ကြသည်။ ယင်းတို့၏ ဥများမှာ အခြား‌တောင်ငုံးမျိုးတို့၏ ဥများထက်လှသည်။

တောင်ငုံးများကို အာဖရိကတိုက်အာရှတိုက် ‌တောင်ပိုင်းနှင့် ဩစတြေးလျနိုင်ငံတို့တွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ် တောင်ပိုင်း၊ ပဲခူးရိုးမ၊ ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် ‌တွေ့ရသည်။ သတ္တဗေဒအမည်အားဖြင့် ပစ်တာမျိုးရင်းထဲတွင် ‌ဖေရီ၊ နီပါလင်ဆစ်၊ အိုတီစီ၊ စီရူလီ၊ ဆိုင်‌အေးနီးယား စသည့် တောင်ငုံးမျိုးလည်း ပါဝင်ကြသည်။ []

ကိုးကား

  1. BirdLife International (2012). "Pitta moluccensis". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya