တောင်အာဖရိက စံတော်ချိန်![]()
b မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။ တောင်အာဖရိက စံတော်ချိန်(အင်္ဂလိပ်: South African Standard Time) (SAST) သည် တောင်အာဖရိနိုင်ငံတစ်ဝန်းလုံး အသုံးပြုသည့်အပြင် အဲ့စ်ဝါတီးနီနိုင်ငံနှင့် လီဆိုသိုနိုင်ငံတို့မှ အသုံးပြုသည်။ ထိုစံတော်ချိန်သည် Coordinated Universal Timeထက် နှစ်နာရီရှေ့ရောက်သောအချိန်(UTC+02:00)ကို အသုံးပြုပြီး ဗဟိုအာဖရိကဒေသ စံတော်ချိန်နှင့် အတူတူပင်ဖြစ်သည်။ ထိုအချိန်ဇုန်နှစ်ခုလုံးတွင် နေ့အလင်းရောင် ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်း မရှိပေ။ ထိုအချိန်ဇုန်တွင် နေမွန်းတည့်ချိန်သည် 30° E တွင် ဖြစ်ပေါ်ပြီး ပီတာမာရစ်ဘတ်မြို့(Pietermaritzburg)တွင် မှန်ကန်သောနေမွန်းတည်မှတ်အား ဖြစ်ပေါ်ပြီး ဂျိုဟန္နက်စဗတ်မြို့နှင့် ပရီတိုရီးယားမြို့(Pretoria)တို့တွင် အနည်းငယ်အနောက်ဘက်ကို 28° E ၌ဖြစ်ကာ ဒါဘန်းမြို့ (Durban) တို့ အနည်းငယ်အရှေ့ရောက်သော 31° E တွင် ဖြစ်ပေါ်သည်။ ထို့ကြောင့် တောင်အာဖရိကနိုင်ငံသားတို့သည် မှန်ကန်သော နေမွန်းတည့်ချိန်ကို 12:00 တွင် နေ့စဉ်တွေ့မြင်ရသည်။ သို့ပေမယ့်လည်း အနောက်ပိုင်းတွင်ရှိသည် မြောက်ပိုင်းကိပ်ပြည်နယ်နှင့် အနောက်ပိုင်းကိပ်ပြည်နယ်တို့တွင် ကွဲပြားခြားနားမှုရှိသည်။ 22°30′ E တွင်တည်ရှိသော အနောက်ဘက်နယ်မြေတိုင်းသည် တစ်နှစ်ပတ်လုံး နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို တွေ့ကြုံနေရသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏တည်နေရာသည် အမှန်တကယ်တွင် UTC+01:00ဖြစ်သော်လည်း တောင်အာဖရိကစံတော်ချိန်ကိုသာ အသုံးပြုသည်။ ထို့ကြောင့် နိုင်ငံ၏တခြားသောဒေသများနှင့်နှိုင်းယှဉ်လျှင် ကိပ်တောင်းမြို့၌ နေဝင်ချိန်နှင့် နေထွက်ချိန်သည် အတော်လေးနောက်ကျ၍နေသည်။ တောင်အာဖရိကနိုင်ငံ၏ အနောက်ဘက်နှင့် အရှေ့ဘက်ဆုံးအဓိကမြို့များ၏ နေ့အလင်းရောင်နာရီကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အောက်ပါအတိုင်းတွေ့ရသည်။
South African National Time Standard သို့မဟုတ် 'SA Time' Master Clock ကို ပရီတိုးရီးယားမြို့ရှိ တောင်အာဖရိက အမျိုးသား မိုးလေဝသ အင်စတီကျူ၏ အချိန်နှင့်လှိုင်းနှုန်းဓာတ်ခွဲခန်းတွင် ထိန်းသိမ်းထားသည်ပြီး NTP Internet Time service မှတဆင့် အများပြည်သူသို့ ဖြန့်ဝေသည်။[၁][၂] ကိုးကား
|
Portal di Ensiklopedia Dunia