တွံတေးတူးမြောင်း

တွံတေးတူးမြောင်း (Twante Canal) သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တခုဖြစ်သော တိုးမြစ်နှင့် ရန်ကုန်မြစ်ကို ဆက်သွယ်တူးဖော်ထားသည့် တူးမြောင်းဖြစ်သည်။ အရှည် ၃၅ ကီလိုမီတာ (၂၂မိုင်) ရှည်လျားသည့် တွံတေးတူးမြောင်းသည် ရန်ကုန်မြို့တော်နှင့် ဧရာဝတီတိုင်းကို အမြန်ဆုံး ရောက်ရှိနိုင်သည့် ရေကြောင်းဖြတ်လမ်းတခု ဖြစ်ခြင်းကြောင့် အသုံးပြုမှု များပြားသည်။ တွံတေးမြို့သည် တူးမြောင်း၏ အလယ်တဝက်နားလောက်တွင် တည်ရှိသောကြောင့် တွံတေးတူးမြောင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ခုနှစ်များအတွင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းကို ကားလမ်းများ မဖောက်လုပ်ခင်အထိ တွံတေးတူးမြောင်းသည် အတိုဆုံးနှင့် အမြန်ဆုံး ရေလမ်းကြောင်း ဖြစ်ခဲ့ပြီး အသုံပြုမှုလည်း များပြားခဲ့သည်။


တွံတေးတူးမြောင်းကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့် လွန်ခဲ့သည့်နှစ်များမှ စ၍ နုန်းများတင်လာခြင်း၊ ရေလမ်းကြောင်း ကျဉ်းမြောင်းခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ တူးမြောင်းဝသည် ရေတိုက်စားမှုကြောင့် ၂၀၁၀ ခုနှစ်တွင် ပေ ၆၀၀ (၁၈၀မီတာ) အထိ ကျယ်ပြန့်နေပြီ ဖြစ်သည်။ ထို့သို့ ပျက်စီးလာသော်လည်း တူးမြောင်းဝကို ပြုပြင်ထိန်းသိမ်းရန်အတွက် ကွန်ကရစ်တာတမံများ တည်ဆောက်ရန် အစီအစဉ်မရှိသေးသလို ရေကြောင်းပြ လမ်းညွှန်စနစ်ဆိုင်ရာ ပြဿနာများလည်း ရှိနေသည်။

သမိုင်းကြောင်း

ဗြိတိသျှ ကိုလိုနီအစိုးရ အုပ်ချုပ်နေသည့် ၁၉၀၃ ခုနှစ်တွင် တွံတေးတူးမြောင်း ဖောက်လုပ်မှုကို စတင်ခဲ့ပြီး ၁၉၁၅ နှစ်တွင် ပြီးစီးခဲ့သည်။ ရန်ကုန်မြစ်ထဲသို့ စီးဝင်သည့် ခနောင်တိုချောင်းမှတဆင့် ဧရာဝတီ၏ မြစ်လက်တက်ဖြစ်သော တိုးမြစ်သို့ ဖောက်လုပ်ခြင်း ဖြစ်သည်။ ဖောက်လုပ်ပြီးစီးသောအခါ ဗြိတိသျှလက်အောက်ရှိ မြန်မာပြည် ကုန်းတွင်းရေကြောင်းသွားလာရေး အားလုံးနီးပါးကို ကိုင်တွယ်ခဲ့သော Irrawaddy Flotilla Company, Ltd ၏ သင်္ဘောများသည် တွံတေးတူးမြောင်းကို အသုံးပြုပြီး ရန်ကုန်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းများသို့ နေ့စဉ်ပြေးဆွဲခဲ့သည်။ တူးမြောင်းသည် တူးဖောက်စဉ်ကထက် ပိုမိုကျယ်ပြန့်လာပြီး ရေနက်လာသောကြောင့် ၁၉၃၅ ခုနှစ်မှစ၍ မန္တလေးသို့ သွားရောက်မည့် ကြီးမားသည့် ရေနွေးငွေ့သင်္ဘောကြီးများကို ဖြတ်သန်းခွင့် ပြုခဲ့သည်။ ယခင်က ထိုသင်္ဘောကြီးများသည် မန္တလေးသို့သွားရန် ရန်ကုန်မြစ်မှ ပင်လယ်သို့ထွက်ရပြီး ကျယ်ပြန့်သော ဧရာဝတီမြစ်ဝမှ ပြန်ဝင်ပြီး ဆန်တက်ခဲ့ရသည်။

ကိုးကား

[၁] The Twante Canal

ကိုဩဒိနိတ်: 16°43′26″N 95°57′54″E / 16.72389°N 95.96500°E / 16.72389; 95.96500

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya