ထရိုင်ဂူလယ် ဂယ်လက်ဆီ
ထရိုင်ဂူလယ် ဂယ်လက်ဆီသည် ခရုပတ်ပုံစံ ဂယ်လက်ဆီဖြစ်ပြီး ကမ္ဘာမြေမှ အလင်းနှစ်သိန်းပေါင်း ၃ သိန်းနီးပါးခန့် ဝေးကွာကာ ကြယ်စုတန်း ထရိုင်ဂူလယ်တွင် တည်ရှိသည်။ ယင်းအား Messier 33 သို့မဟုတ် NGC 598 ဟုသိထားပြီး တခါတရံ လှည်းဘီး ဂယ်လက်ဆီဟု ရည်ညွန်းကြသည်။ ယင်းအား Messier 101 ဖြင့် နာမည်ပြောင် မျှဝေထားခြင်းဖြစ်သည်။ ထရိုင်ဂူလယ် ဂယ်လက်ဆီသည် နဂါးငွေ့တန်း ဂယ်လက်ဆီ၊ အင်ဒရိုမီဒါ ဂလက်ဆီနှင့် အခြားဂယ်လက်ဆီငယ်ပေါင်း ၄၄ ခုပါဝင်သော Local Group ဂယ်လက်ဆီအဖွဲ့တွင် တတိယအကြီးဆုံး အဖွဲ့ဝင်ဖြစ်သည်။ ယင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အဝေးဆုံးအကွာအဝေးမှ နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခုလည်း ဖြစ်သည်။ ဂယ်လက်ဆီသည် Local Group တွင် အသေးငယ်ဆုံး ခရုပတ်ပုံစံ ဂယ်လက်ဆီဖြစ်ကာ ယင်းတို့၏ အတွင်းစည်းအလျင်များကြောင့် အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရံဂယ်လက်ဆီဟု ယုံကြည်ထားသည်။[၁] ![]() အမည်နာမဂယ်လက်ဆီ နာမည်အား ကြယ်စုတန်း ထရိုင်ဂူလယ်မှ ရရှိသည်။ ထရိုင်ဂူလယ် ဂယ်လက်ဆီအား တခါတရံ လှည်းဘီး ဂယ်လက်ဆီဟု နက္ခတ္တဗေဒ အကိုးအကားအရ ရည်ညွန်းသည်။ SIMBAD Astronomical Database အရလည်း လှည်းဘီး ဂယ်လက်ဆီအား Messier 101 အဖြစ် ရည်ညွန်းထားသည်။ မြင်နိုင်မှုအလင်းရောင်အနှောက်အယှက်မရှိလျှင် ထရိုင်ဂူလယ် ဂယ်လက်ဆီအား သာမန်မျက်စိဖြင့် မြင်နိုင်သည်။ ယင်းသည် တယ်လီစကုပ် အကူညီမပါဘဲ အဝေးဆုံးအကွာအဝေးထိ ကြည့်ရှုနိုင်သည့် အရာဝတ္ထုပင်ဖြစ်သည်။ အလင်းရောင်အနှောက်အယှက် များပြားသော မြို့ပြကောင်းကင်တွင်မူ ကောင်းမွန်စွာ မြင်နိုင်မည်မဟုတ်ပေ။ လေ့လာမှု သမိုင်းကြောင်းထရိုင်ဂူလယ် ဂယ်လက်ဆီအား အီတလီလူမျိုး နက္ခတ္တပညာရှင် Giovanni Battista Hodierna ဆိုသူမှ ၁၆၅၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်မှာ ဖြစ်တန်ကောင်းသည်။ ထို့နောက် ထရိုင်ဂူလယ် ဂယ်လက်ဆီအား ချားလ် မက်ဆီယာ မှ ၁၇၆၄ ခုနှစ် ဩဂုတ်လ ၂၅၊ ၂၆ ရက်ညတွင် မမျော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ယင်းအား Catalog of Nebulae and Star Clusters ဟူသောစာအုပ်တွင် နံပါတ်စဉ် ၃၃ အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ဂုဏ်သတ္တိထရိုင်ဂူလယ် ဂယ်လက်ဆီသည် အချင်းအားဖြင့် အလင်းနှစ် ၆ဝဝဝဝ ရှိကာ Local Group ဂယ်လက်ဆီအဖွဲ့တွင် တတိယအကြီးဆုံး အဖွဲ့ဝင်တစ်ခုဖြစ်သည်။ ယင်းသည် အင်ဒရိုမီဒါ ဂယ်လက်ဆီနှင့် ဒြပ်ဆွဲငင်အား သက်ရောက်နိုင်သည်။ ထရိုင်ဂူလယ် ဂယ်လက်ဆီတွင် မိခင်ကြယ်ပေါင်း ၄ဝ ဘီလီယံ တည်ရှိနိုင်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ဘီလီယံ ၄ဝဝ၊ အင်ဒရိုမီဒါ ဂယ်လက်ဆီတွင် ၁ ထရီလီယံပမာဏနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထရိုင်ဂူလယ် ဂယ်လက်ဆီ၏ အချပ်ပြားသည် နေထုထည်ပေါင်း (၃-၆)×၁ဝ၉ ရှိကာ ဓာတ်ငွေ့ပါဝင်မှုမှာ နေထုထည်ပေါင်း ၃.၂×၁ဝ၉ ရှိလေသည်။ တည်နေရာထရိုင်ဂူလယ် ဂယ်လက်ဆီအား ခန့်မှန်းခြေ အကွာအဝေးမှာ အလင်းနှစ်အားဖြင့် ၂၃၈ဝ×၁ဝ၁၃ မှ ၃ဝ၇ဝ×၁ဝ၃ (၇၃ဝ မှ ၉၄ဝ ကီလို Parsec) ထိရှိနိုင်သည်။ ယင်းသည် အလင်းနှစ် ထောင်ပေါင်း ၂၅၄ဝ ကွာဝေးသော အင်ဒရိုမီဒါ ဂယ်လက်ဆီထက် ပိုမိုဝေးကွာလှသည်။ ကျမ်းကိုးဝီကီမီဒီယာ ကွန်မွန်းစ်တွင် Triangulum Galaxy
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
|
Portal di Ensiklopedia Dunia