ထရီနီဒတ်နှင့်တိုဘက်ဂိုသမ္မတနိုင်ငံ
Republic of Trinidad and Tobago |
---|
|
ဆောင်ပုဒ်: Together we aspire, together we achieve |
နိုင်ငံတော် သီချင်း: Forged from the Love of Liberty |
 |
မြို့တော် နှင့် အကြီးဆုံးမြို့ | ပို့တ်အော့ဖ်စပိန်မြို့ |
---|
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
---|
အမျိုးအစား | ပါလီမန်သမ္မတနိုင်ငံ |
---|
အစိုးရ |
---|
• သမ္မတ | ဂျော့ရှ် မက်စ်ဝဲလ် ရစ်ချက် |
---|
• ဝန်ကြီးချုပ် | Kamla Persad-Bissessar |
---|
တည်ထောင် |
---|
• လွတ်လပ်ရေး ကြေညာခြင်း (ယူကေမှ) | ဩဂုတ် ၃၁၊ ၁၉၆၂ |
---|
• သမ္မတနိုင်ငံ ထူထောင်ခြင်း | ဩဂုတ် ၁၊ ၁၉၇၆ |
---|
ဧရိယာ |
---|
• စုစုပေါင်း | ၅,၁၃၁ km² (၁,၉၈၁ sq mi) (အဆင့်: ၁၇၁) |
---|
• ရေထု (%) | မပြောပလောက် |
---|
လူဦးရေ |
---|
• ခန့်မှန်း | ၁,၃၁၇,၇၁၄ (အဆင့် - ၁၅၂) |
---|
• သိပ်သည်းမှု | ၂၅၄.၄/km² (၆၅၉.၂/sq mi) (အဆင့် - ၄၈) |
---|
GDP (PPP) | ခန့်မှန်း |
---|
• စုစုပေါင်း | ၂၆.၄ ဘီလီယံဒေါ်လာ [၁] |
---|
• Per capita | US $၂၀,၁၃၇ [၁] |
---|
HDI | ၀.၇၃၆[၂] မြင့် · ၅၉ |
---|
ငွေကြေး | ထရီနီဒတ်နှင့် တိုဘက်ဂို ဒေါ်လာ |
---|
အချိန်ဇုန် | -၄ |
---|
တယ်လီဖုန်းကုဒ် | +၁-၈၆၈ |
---|
Internet TLD | .tt |
---|
ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံသည် ကာရစ်ဘီယံတောင်ပိုင်းတွင် ရှိသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ၏ အရှေ့မြောက် ကမ်းရိုးတန်း အလွန် ကပ်လျက် ရှိပြီး အန်တေးကျွန်းငယ်များတွင် ဂရီနေဒါနိုင်ငံ၏ တောင်ဘက်တွင် ရှိသည်။ ၎င်းသည် အခြားနိုင်ငံများနှင့် ရေကြောင်းနယ်နိမိတ်ခြင်း ထိစပ်နေပြီး အရှေ့မြောက်ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂိုင်ယာနာနိုင်ငံ နှင့် တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ဗင်နီဇွဲလားနိုင်ငံ တို့နှင့် ဖြစ်သည်။
ဧရိယာစတုရန်းမိုင်ပေါင်း ၁,၉၈၀ စတုရန်းမိုင် (၅,၁၂၈ စတုရန်းကီလိုမီတာ) မျှ ရှိပြီး ထရီနီဒတ် နှင့် တိုဘက်ဂိုဟူသော ပင်မကျွန်းကြီး ၂ ကျွန်းပါဝင်သည့်အပြင် အခြား ကျွန်းအသေးစားလေးများလည်း ပါဝင်သည်။ ထရီနီဒတ်ကျွန်းက ပို၍ကြီးမားပြီး လူဦးရေ ပိုများသည်။ ပင်မကျွန်းကြီးများတွင် စုစုပေါင်း ဧရိယာ၏ ၉၄ ရာခိုင်နှုန်းမျှ ရှိပြီး လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမျှ ရှိသည်။ ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံသည် ဟာရီကိန်း မုန်တိုင်းခါးပတ်၏ အပြင်ဘက်တွင် ရှိသည်။
ကိုးကား